မောင်ငယ် ၏ Blog မှနွေးထွေးပျူငှာလှိုက်လှဲစွာကြိုဆိုပါ၏ အားလုံး ဒုက္ခခပ်သိမ်း ငြိမ်းအေး အောင်နိုင်ပါစေ...ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းဖြင့် ပြည့်စုံကြပါစေ...

Saturday, January 2, 2010

ချစ်သူမမြင်သောခံစားချက်

နွေရာသီမှာ
ပူပြင်းလှတာ
မင်းမြင်နိုင်သလို
ငါရင်ထဲမှာ
မင်းအတွက်နဲ့
ပူပင်သောက
စိုးထိတ်ရတာ
မင်းသာမြင်ရင်
မိုးရာသီမှာ
မိုးတွေကျတာ
မင်းတွေ့နိုင်သလို
ငါ့မျက်ဝန်းမှာ
မင်းအတွက်နဲ့
ကျတဲ့မျက်ရည်
မင်းသာတွေ့ရင်
ဆောင်းရာသီမှာ
ချမ်းအေးလှတာ
မင်းသိနိုင်သလို
ငါနှလုံးသားမှာ(တစိမ့်စိမ့်နဲ့....)
ခံစားရသမျှ
မင်းသာသိရင်
နှလုံသားကိုမြင်လို့
ရင်တွင်းကိုငဲ့ကြည့်
ပူလောင်မှုကိုငြှိမ်းလို့
ကြင်နာလှည့်ပါ.....


မောင်ငယ်(EP)မုံရွာ

No comments:

Post a Comment