ငါရင်မှာစိုက်
နှလုံးသွေးနဲ့လောင်း
ပျိုးခဲ့ရတဲ့
ပန်းကလေးရယ်.....
သာယာဖွယ်ရာ
လှည့်စားတတ်တဲ့
လောကဓံရဲ့
လေပြေလေညှင်း
လေပြင်းပြင်းတွေရဲ့ကြား
သာယာမိရင်
ပန်းကလေးဘဝ
နွမ်းလျလို့
ကြွေကျမှာကို
ကို....စိုးရိမ်မိတယ်
မောင်ငယ်( EP )မုံရွာ
No comments:
Post a Comment