မောင်ငယ် ၏ Blog မှနွေးထွေးပျူငှာလှိုက်လှဲစွာကြိုဆိုပါ၏ အားလုံး ဒုက္ခခပ်သိမ်း ငြိမ်းအေး အောင်နိုင်ပါစေ...ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းဖြင့် ပြည့်စုံကြပါစေ...

Friday, January 1, 2010

မုံရွာ အ-ထ-က-၁ ကျောင်းသား (၄)ဦး ချင်းတွင်းမြစ်မှာရေနစ် ..

မုံရွာမြို့ မှာ 11-12-2009 သောကြာနေ့ နံနက်ပိုင်းက ဖြစ်သွားတာပါ ..။
မုံရွာ အ-ထ-က-၁ ကျောင်းမှာ ကျောင်းတက်နေကြတဲ့ ကိုးတန်းကျောင်းသား (၄) ဦး ဟာ ကျောင်းကို မသွားဘဲ ချင်းတွင်းမြစ်ထဲကို ရေဆင်းချိုးကြပါတယ် ။ ဒီအချိန်မှာ ချင်းတွင်းမြစ်ဟာ ရေနည်းနေချိန် ..သောင်ပြင်တွေ ပေါ်နေချိန်ဆိုတော့ …ရေချိုးလို့ကောင်းသလို …မြစ်ရေဟာ အန္တရာယ်မရှိဘူးလို့ ယူဆလို့ ရသလိုဖြစ်နေပါတယ် …။ အဆိုပါ ကျောင်းသား (၄)ဦးဟာ ..သောင်ပြင်အစွန်းမှ ရေချိုးရင်းနဲ့ တစ်ဦးဟာ ရေနစ်ပါတော့တယ် ..ရေနစ်သူကို ၀ိုင်းဆယ်ဖို့ ကျိုးစားရင်း ကျန် လူတွေပါ ရေနစ်ပါတော့တယ် ..။ ခပ်လှမ်းလှမ်းက မြင်လိုက်ရတဲ့ လှေသမားတစ်ဦးက ဆယ်ပေမယ့်လည်း တစ်ဦးကိုသာ ဆယ်လိုက်နိုင်ခဲ့ပါတယ် ..ကျန်(၃)ဦးကတော့ ချင်းတွင်းမြစ်ရေအောက်မှာ အသက်ပျောက်ခဲ့ရပါတယ် …။
အတန်းဖော်ကျောင်းသားတစ်ဦးကိုမေးမြန်းကြည့်တော့ သူတို့ဟာ ..ကျောင်းရောက်ပြီးမှ လစ်ထွက်တာမဟုတ်ဘဲ မနက်ခင်းကတည်းက ကျောင်းကို မလာကြတာလို့ ဆိုပါတယ် ..။
သူ့သားလို အဖြစ်ဆိုးတွေမကြုံရအောင် …သူ့ လိုဘဲ ပူဆွေးဝမ်းနည်းမှုတွေ မကြုံရလေအောင် …မိဘတိုင်းဟာ …သားသမီးတွေအပေါ်မှ မျက်ခြေမပြတ်စောင့်ရှောက်ကြဖို့ …နဲ့ သွန်သင်ဆုံးမကြဖို့ ကို သားတစ်ဦးဆုံးရှူံးရသူ ကိုကြည်စိုး+ မမိမိမော်တို့ က မျက်ရည်စက်လက်နဲ့ ပြောကြားကြပါတယ် ….



Posted by kkmt (မုံရွာ) on December 13 2009 

No comments:

Post a Comment