မောင်ငယ် ၏ Blog မှနွေးထွေးပျူငှာလှိုက်လှဲစွာကြိုဆိုပါ၏ အားလုံး ဒုက္ခခပ်သိမ်း ငြိမ်းအေး အောင်နိုင်ပါစေ...ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းဖြင့် ပြည့်စုံကြပါစေ...

Monday, November 7, 2011

မိမိComputer ကိုအမြဲသုံးလို့ကောင်းအောင် ဘယ်လိုလုပ်မလဲ?

မိမိComputer ကိုအမြဲသုံးလို့ကောင်းအောင် ဘယ်လိုလုပ်မလဲ?
Computer တွေဟာ အသုံးကြာမြင့် လာသည်နှင့်အမျှ သုံးစွဲရာမှာ လေးလံလာတာဟာ သဘာဝပါပဲ။ မိမိ Computer ကိုအမြဲသုံးလို့ကောင်းအောင် လုပ်လို့ရမယ့် နည်းလေးတွေပြောပြပါမယ်။
(၁) Temp File လေးတွေအမြဲရှင်းမယ် Start > Run >temp >OK မှာ Temp file တွေအားလုံးကို delete လုပ်လိုက်ပါ။ Temp file တွေများလာတာနဲ့အမျှ Harddisk မှာ free space တွေဆုံးရှုံးပါတယ်။ Harddisk မှာ Free Space တွေနည်းလာတာနဲ့အမျှ Computer Access Speed လည်း ကျဆင်းလာပါတယ်။ ဒါကြောင့် Temp File တွေကို အမြဲရှင်းရင်ကောင်းပါတယ်။ တချို့ Temp File တွေဟာတခါတရံမှာ လတ်တလော Run နေတာကြောင့် delete လုပ်လို့မရဖြစ်တတ်ပါတယ်။
(၂) Start >Run>%temp% မှာလည်း File တွေ delete လုပ်ပါ။
(၃) Start >Run>prefetch မှာလည်း File တွေ delete လုပ်ပါ။
(၄) Start >Run>recent မှာလည်း File တွေ delete လုပ်ပါ။
(5) Start >Program>Accessories>System Tools> Disk clean >Select the drive you want to clean မှာ Window တင်ထားတဲ့ Drive ( default ကတော့ C:) ကိုရွေးပြီး OK လုပ်ပါ။ File to delete အောက်မှာရှိတဲ့ check box တွေအားလုံးကို check လုပ်ပြီး Ok လုပ်ပါ။
(၆) Start >Program>Accessories>System Tools> Disk Defragment မှာ Drive တစ်ခုချင်းစီ Select လုပ်ပြီး Drfagment ကို click ပါ။ ဒါကတော့ Harddisk မှာရှိတဲ့ ကစဥ့်ကလျားဖြစ်နေတဲ့ Files တွေကို စနစ်တကျပြန်စီတာပါ။
(၇) Start >Run>msconfig>statrup မှာ Antivirus program ကလွဲပြီး ကျန်တာ uncheck လုပ်ကာ Apply >OK လုပ်ပါ။ ဒါကတော့ မလိုအပ်ပဲ background မှာ run နေတဲ့ program တွေကို ပိတ်လိုက်တာပါပဲ။
(၈)My Computer> Right Click> Properties>Advanced> Performance အောက်က setting>Advanced> Change မှာ window ပိုင်းက drive letter ကိုရွေးပြီး Custom size မှာ Initial Size (eg.15000)နဲ့ Maximum size(eg 2500) ကိုသင့်တော်သလိုပေးပြီး Set > Ok ဒါကတော့ Memory နည်းတဲ့စက်တွေအတွက် မဖြစ်မနေလုပ်သင့်ပါတယ်။ Harddisk မှာ Virtual memory create လုပ်တာဖြစ်တဲ့အတွက် စက်ကိုအတော်အတန်မြန်စေပါတယ်။ ကဲဒါလေးတွေကို အမြဲပြုလုပ်ပြီးသုံးမယ်ဆိုရင် Computer ဟာအမြဲသုံးလို့ကောင်းနေမှာပါ။


http://www.itcurrent.com