မောင်ငယ် ၏ Blog မှနွေးထွေးပျူငှာလှိုက်လှဲစွာကြိုဆိုပါ၏ အားလုံး ဒုက္ခခပ်သိမ်း ငြိမ်းအေး အောင်နိုင်ပါစေ...ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းဖြင့် ပြည့်စုံကြပါစေ...

Friday, January 1, 2010

မျှော်လင့်နေသူ

ညလယ်လေညှင်း
ရှုရှိုက်ရင်းနဲ့
သတိရဖြစ်
ပြုံးရွှင်ပုံရိပ်
သူ့ရုပ်လွှာ
ကြည်လင်ချိုမြ
သာယာလှတဲ့
သူစကားသံတွေ
သူအကြောင်းတွေ
စဉ်းစားရင်းလေ
နှလုံးသားတွင်
တမ်းတလွမ်းမော
သူ့အချစ်ကို
မျှော်လင့်ရသူ
ငါနှလုံးသား
စိုးထိတ်ရင်မော
ပူပင်မှုတွေ
သောကတွေနဲ့
ငါ့ရင်တွင်းဖြစ်
အချစ်စစ်ကို
သူ.....သိနိုင်ပါမလား


မောင်ငယ်(EP)မုံရွာ

No comments:

Post a Comment