မောင်ငယ် ၏ Blog မှနွေးထွေးပျူငှာလှိုက်လှဲစွာကြိုဆိုပါ၏ အားလုံး ဒုက္ခခပ်သိမ်း ငြိမ်းအေး အောင်နိုင်ပါစေ...ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းဖြင့် ပြည့်စုံကြပါစေ...

Wednesday, October 6, 2010

မိမိကိုယ်ကို ကောင်းအောင်ကြိုးစားပါ

ကလေးတို.ရေ--- ဒီနေ.တော့ တို.များ လူသားတွေရဲ့ အံ့သြစရာ
ဓလေ့စရိုက်လေးတွေကို လေ့လာကြည့်လိုက်ကြရအောင်နော် ။ “ပုထုဇနော - ဥမ္မတကော”
လို.ပြောဆိုလေ့ရှိတဲ့ ၊ အဲ- ဆရာမတို.အပါအဝင်- တို.များ လူသားတွေဟာ
အသိတရားလက်ကိုင်ထားတတ်သူတွေရှိသလို ၊ တချို.ကလည်း ပေါ့ပေါ့ဆဆနဲ. ဗဟုသုတ
နည်းပါးရှာကြတာကလား ။

တချို.ပညာတွေတတ်ကြတယ် ၊ တချို.ကျတော့ ပညာသင်ချိန် မရရှိခဲ့ကြ ၊ ကျောင်းတက်
ပညာသင်ဖို.အခွင့်အလန်း မရှိခဲ့ကြရှာလို.အတန်းပညာတွေမရှိကြရှာဘူးလေ ။
တချို.ကျတော့ ကျောင်းမတက်နိုင်လို.အတန်းပညာမရှိပေမဲ့ အသိပညာ
အပြည့်အဝရှိနေကြတာတွေ.ရတယ် ။ အဲ - တချို.ကျတော့လည်း အတန်းပညာတွေ အပြည့်အဝ
ရှိနေကြပေမဲ့ အသိပညာက နည်းလှတယ် ။ အသိတရားမရှိဘူးလို.ပဲပြောရမယ် ။
ဒီလိုလူမျိုးတွေကတော့ မိမိကိုယ်ကိုအဟုတ်ကြီးထင် -ဘဝင်မြင့်ပြီး “ ငါမှ ငါ ”
ဆိုတဲ့သဘောကို လက်ကိုင်ထားကာ “ ငါတကောသမား ” တွေ ဖြစ်နေကြတာလေ - တွေ.ဖူး
ကြုံဖူးကြလိမ့်မယ် ထင်ပါတယ် ။

အကြောင်းမကောင်းလို. အဆိုးတရားတွေနဲ.
ကြုံတွေ.ရတဲ့အခါဆိုရင်လည်း“ဘယ်သူ.ကြောင့် -ဘယ်ဝါ့ကြောင့်” ဆိုပြီး
သူများကို လက်ညှိုးထိုးတတ်ကြတာကလား ။ ကိုယ့်အပြစ် ကိုယ်မမြင် - ကိုယ့်ကိုယ်
ကိုပြန်ဆင်ချင်ရမှန်းမသိကြဘူးလေ ။ ဗုဒ္ဓရဲ့ ဆိုဆုံးမထားတဲ့ တရားတော်တွေကို
ပြန်လည်သုံးသပ် တွေးမှတ်ဆင်ချင်ဖို.ဆိုတာကတော့ ဝေလာဝေးပါပဲ ။ တကယ်တော့
အဲဒီလိုမျိုး အဆိုးတရားတွေနဲ.ရင်ဆိုင်တိုး ကြုံတွေ.လာမယ်ဆိုရင် ဘယ်သူ.ကိုမှ
လက်ညှိုးထိုး အပြစ်ဖို.မနေပဲ မိမိကိုယ်ကို
အသိတရားလေးနဲ.ထိန်းကာ အခြေခံအကြောင်းရင်းကို ရှာဖို.လိုပါတယ် ။ အဓိက
အရေးအကြီးဆုံးကတော့ လူတိုင်းလူတိုင်းဟာ “ မိမိကိုယ်ကို
ကောင်းအောင်ကြိုးစားကြဖို.လိုပါတယ်” ။

ဒီကိစ္စနဲ.ပတ်သက်ပြီး ဆရာမတို.ငယ်ငယ်က လူကြီးစကား တဆင့်ကြားခဲ့ရတဲ့ ပုံပြင်လေးကို ပြောပြချင်ပါတယ် ။

ကလေးတို.ရေ - ဟိုးရှေးရှေးတုံးက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်
မင်းလုပ်နေတဲ့အချိန်ပေါ့ ။ တစ်ချိန်တော့ တိုင်းပြည်မှာ ရာသီဥတုက ဖေါက်ပြန်
ရွာချိန်တန်လို.မိုးမရွာ ၊ မိုးမရွာတော့ လယ်သမားတွေက စပါးစိုက်လို.မရ ။
တောင်သူလယ်သမားတွေလည်း သစ်သီးဝလံ စိုက်ပျိုးတာ မအောင်မြင်ဘူးပေါ့ ။ ဒီတော့
တိုင်းသူပြည်သားတွေမှာ စားစရာဆန်မရှိ ။ ဟင်းသီးဟင်းရွက်ဆိုတာ
ဗလာနတ္ထိဖြစ်ပြီး ငတ်မွတ်ခြင်းဘေးကြီးနဲ.ရင်ဆိုင်ကြုံတွေ.ကြရပါရောကွယ် ။

ဒီလို လူတွေငတ်မွတ်လာကြတော့ တိုင်းပြည်မှာလည်း သူခိုးသူဝှက်တွေ
ပေါလာတော့တာပေါ့ ။ ဒီအခါ လူများဟာ အဲဒီဒဏ်ကို မခံမရပ်နိုင်ဖြစ်ကာ
ဆူဆူပူပူဖြစ်လာကြတယ် ။ နောက်ဆုံးတော့ “ ဒီလို တိုင်းပြည်မှာ
ငတ်မွတ်ခေါင်းပါးတဲ့ ဘေးကြီးဆိုက်ရောက်လာတာ တိုင်းပြည်ကိုအုပ်ချုပ်
မင်းလုပ်နေတဲ့ ဘုရင် ကိုယ်ကျင့်တရားမကောင်းလို.” ဆိုတဲ့အပြစ်
တွေနဲ.ဘုရင်ကြီးကို လက်ညှိုးထိုးကာ နန်းရင်ပြင်မှာ ဆန္ဒပြကြသတဲ့ ။

ဒီအခါ ဘုရင်ကြီးလည်း နန်းရင်ပြင်ကိုထွက်ပြီး “ ကောင်းပြီ ဒီပြဿနာကို
ရှင်းပေးမယ် ၊ အခုလာမယ့် လကွယ်နေ.ညရောက်ရင် နန်းဥယျာဉ်အတွင်းမှာ
အုတ်ကန်ကြီးလုပ်ထားမယ် ။ အဲဒီကန်ကြီးထဲကို တစ်အိမ်တစ်ယောက်
နွားနို.တစ်ခွက်စီ လာထည့်ကြရမယ် ” လို. အမိန်.ချမှတ်လိုက်တယ် ။

ကလေးတို.ရေ - လကွယ်နေ.ညဆိုတော့လည်း မှောင်နဲ.မဲမဲပေါ့ကွယ် ။ ကန်ထဲကို
နွားနို.လောင်းထည့်တဲ့အခါ ဘယ်သူမှ မမြင်ရအောင်
အဝတ်မည်းကြီးနဲ.ဖုံးအုပ်ထားတယ် ။ အဲ - ဒီလိုနဲ.မနက်မိုးလင်းတော့ -

“ နို.ကန်ကိုဖွင့်မယ် ၊ တိုင်းသူပြည်သားတွေ အားလုံးလာကြည့်ကြရမယ်
”လို.ဘုရင်ကြီးက မိန်.တော်မူလိုက်တယ် ။ ဒါ့ကြောင့် နို.ကန်ကြီးအနီးမှာ
တိုင်းသူပြည်သားတွေ ဝိုင်းအုံရောက်လာကြပါရော ၊ “ ကဲ - အားလုံးကြည့်ကြနော် ”
လို. ဘုရင်ကြီးက ပြောပြောဆိုဆိုနဲ. အဝတ်မည်းကြီးကို
ဆွဲဖွင့်လိုက်တဲ့အခါမှာ----

ကန်ကြီးထဲမှာ နို.ရောင်ဆိုလို. တစ်စက်တောင်မှ မတွေ.ရပဲ ပကတိ ကြည်လင်နေတဲ့ ရေတွေကိုသာ မြင်တွေ.
ကြရသတဲ့ကွယ် ။ ဒီအခါ ဘုရင်ကြီးက --
“ တိုင်းသူပြည်သားတို. သင်တို. အားလုံးဟာ တစ်ဦးစီမှာရှိကြရမယ့် ကိုယ်ကျင့်တရားတွေ ပျက်ပြားနေကြတယ် ။ အခုလက်တွေ.မြင်ကြရပြီ မဟုတ်လား၊
အိမ်တိုင်းအိမ်တိုင်းက နွားနို.တစ်ခွက်စီ ထည့်ကြမှာ ငါတစ်ယောက်ထည်း ရေတစ်ခွက်သွားထည့်တာ ဘယ်သူမှ သိကြမှာမဟုတ်ဘူး -လို.တွေးကြတယ် ။
အေး - ဒါပေမဲ့ ဒီလို အတွေးက လူတိုင်းလူတိုင်းမှာ ကိုယ်စီရှိနေကြတာဆိုတော့
အခုမြင်ကြရတဲ့အတိုင်း နွားနို.ဆိုလို. အရိပ်အရောင်တောင် မမြင်ကြရပဲ
ရေကြည်ကြည်လင်လင်တွေကိုသာ မြင်တွေ.ကြရတာ သက်သေပဲ ” ----
လို.မိန်.တော်မူလိုက်သတဲ့ ကွယ် ။

အဲ - ဆိုလိုတာကတော့ တိုင်းပြည်တစ်ပြည် -နိုင်ငံ တစ်နိုင်ငံရဲ. အေးချမ်းသာယာ
ဝပြောဖို.ဆိုတာ အုပ်ချုပ်သူ လူတန်းစားတွေကချည်း မင်းကျင့်တရားးနဲ.အညီ
ကျင့်ကြံအုပ်ချုပ်နေရုံနဲ.မလုံလောက်သေးဘူး ၊ တိုင်းသူပြည်သား လူအများ
အနေနဲ.ကလည်း တစ်ဦးစီ တစ်ဦိးစီမှာ ရှိကြရမယ့် ကိုယ်ကျင့်တရားတွေရှိပါမှ
အဲဒီ နိုင်ငံတော်ဟာလည်း အေးချမ်းသာယာပြီး စည်ပင်
ဝပြောလာလိမ့်မယ်လို.ဆိုလိုခြင်းပဲ ဖြစ်ပါတယ်ကွယ် ။

ဒါ့ကြောင့် - တို.များ လူသားတွေ အနေနဲ. ဘယ်လို အခက်အခဲ အကျဉ်းအကြပ်
ဘေးအန္တရာယ်တွေနဲ. ရင်ဆိုင်ကြုံတွေ.ရပါစေ တစ်ယောက်ကို တစ်ယောက်
လက်ညှိုးငေါက်ငေါက်ထိုးပြီး အပြစ်ပုံ မချကြဖို.၊ အဲ - အဓိကအနေနဲ.ကတော့
မိမိကိုယ်ကို မိမိ ပြန်လည်သုံးသပ် ဆင်ခြင်ကာ မိမိတို. ဘာတွေ လွဲမှားနေသလဲ ၊
မိမိတို.အနေနဲ. ဘာတွေလုပ်ဖို.လိုသလဲလို. ပြန်လည်စဉ်းစားပြီး ညှိနှိုင်းယူတတ်ကြဖို.လိုတယ်လို.ဆိုလိုခြင်းပဲဖြစ်ပါတယ် ။


ကဲ - ကလေးတို.အားလုံးလည်း သူများယောင်လို.လိုက်ယောင်ရတဲ့
အဖြစ်မျိုးနဲ.မတိုးမိအောင် သတိဆောင်ကာ မင်းဘေး ၊ မီးဘေးနဲ. ရေဘေး လေဘေး
စတဲ့ သဘာဝဘေးများက လွတ်မြောက်ပြီး အနာဂါတ်ရဲ့ ခေါင်းဆောင်ကောင်း
းလေးတွေ ဖြစ်ကြပါစေကွယ် ။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
.......---------------ထထထထထထထထထထ----------------------ထထထထထထထထထထထထ

Sunday, April 25, 2010

ငါးပိအင်္ဂလိပ်နဲ့ပြောတာဘာဖြစ်လဲ ရေးသူ- လူထုစိန်ဝင်း

ငါးပိအင်္ဂလိပ်နဲ့ပြောတာဘာဖြစ်လဲ
ရေးသူ- လူထုစိန်ဝင်း









နှစ်ပေါင်းနှစ်ဆယ်ကျော် မနက်(၉)နာရီက ည(၉)နာရီထိ (၁)ပတ် (၇) ဖွင့်လှစ် လုပ်ကိုင်လာခဲ့တဲ့
အင်္ဂလိပ်စကားပြောသင်တန်းလေးကို ကျန်မာရေး အခြေအနေအရ ရပ်နားထားခဲ့တာ
နှစ်ပေါက်အောင် ကြာခဲ့ပါပြီ။ အိမ်ထဲက အိမ်ပြင်မထွက်နိုင်တဲ့ ဒုက္ခိတ တ
ယောက်အဖို့ ကျောင်းသားတွေနဲ့ နေရတာ တော်တော်အဆင်ပြေတာပါ။ တနေ့လုံး
သူတို့ကို စာသင်ပေးလိုက်၊ စကားပြောလိုက်နဲ့ ပျင်းဖို့တောင်
အချိန်မပေးနိုင်တော့ပါဘူး။
နောက်ပြီးတော့ ကျောင်းသားတွေဟာ သတင်းထောက်ကောင်းတွေ ဖြစ်တယ်။ တမြို့လုံးနေရာအနှံ့ ဘယ်မှာ ကားတိုက်တယ်၊
ဘယ်မှာ မီးလောင်တယ် ဆိုတာမျိုးတွေကို သူများတွေထက်ဦးပြီး အမြဲသိနေရတယ်။
ကျောင်းသူကျောင်းသားတွေ မရှိတော့ နားပင်းသွား သလို ဖြစ်သွားတယ်။
ကျောင်းသူကျောင်းသားတွေကလည်း အမြဲမပြတ် လာလာပြီးတော့ မဖွင့်သေးဘူးလား၊
မဖွင့်သေးဘူးလားနဲ့ မေးနေကြလေတော့ ကျောင်းပြန်ဖွင့်ပြီး စာပြန်သင်ချင်
တယ်။ ဒါပေမယ်လို့ ဆရာဝန်တွေက နှလုံးရောဂါ၊ အဆုတ်ပါမကောင်းတာကြောင့် စာမသင်
စေချင်ဘူး။ အောက်ဆီဂျင်ပိုက်တန်းလန်း တပ်ထားရတာကိုလည်း မဖြုတ်စေချင်ဘူး။
လူနာ ဖြစ်တော့လည်း ဆရာဝန့်စကား နားမထောင်ချင်လို့ ဘယ်ဖြစ်တော့မှာလဲ။




ကျောင်းသူကျောင်းသားများအဖို့လည်း စကားပြောလေ့ကျင့်စရာ နေရာလေး ပျောက် သွားရတာဆိုတော့ စိတ်မကောင်းကြဘူး။
အဲဒါကြောင့် အမြဲမပြတ်လာပြီး နားပူကြတယ်။ ရန်ကုန်မြို့မှာ
စကားပြောသင်တန်းကောင်းတွေ အများကြီးရှိပါတယ်။ အသင်ကောင်း၊ အပြကောင်း၊
ဆရာကောင်းတွေလည်း မနည်းလှပါဘူး။ ဒါပေမယ့် အချိန်ဇယားမရှိ၊
ပြဌာန်းသတ်မှတ်တဲ့ စာအုပ်မရှိ၊ လာချင်တဲ့အချိန်လာ၊ ပြန်ချင်တဲ့အချိန်ပြန်၊
တက်ချင် သလောက်တက်၊ အင်္ဂလိပ်စကားပြောရင် ပြောချင်တဲ့စကားပြော၊
ကျောင်းသားတခါဖြစ်ပြီးရင် (၅) နှစ်တက်တက်၊ (၁၀) နှစ်တက်တက်၊
ကြိုက်သလောက်တက် ဆိုတာမျိုးကျတော့ ဘယ်မှာမှ ရှာလို့မတွေ့ကြဘူးလေ။
အဲဒါကြောင့် ကျောင်းလေးကို ပြန်ဖွင့်ထားချင်တယ်။ ခက်တာက မကောင်းတော့တဲ့
နှလုံးနဲ့ အဆုတ်။ ဒဏ်တွေကလည်း များခဲ့ပေတာကိုး။
မြန်မာလူငယ်လေးတွေရဲ့ ဥဏ်ရည်ဥာဏ်သွေးဟာ မနိမ့်လှပါဘူး။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားပြော
သပ်သပ်ပြောမယ်ဆိုရင် အာရှတိုက်မှာ အိန္ဒိယသားတွေကလွဲရင် ဘယ်သူမှ ကြောက်စရာ
မလိုပါဘူး။ လူမျိုးတမျိုးလုံးကို ခြုံပြောတာပါ။ တဦးချင်းယှဉ်လို့ သူတို့က
သာမျိုးတွေတော့ ရှိတာပေါ့။ မြန်မာလူငယ်တွေ အသံထွက်မှန်အောင် သင်လို့မရဘူး
ဆိုတာ မရှိပါဘူး။ မြန်မာစကားသိတ်မပီတဲ့ ရှမ်းပအို့ဝ် ဦးပဉ္ဇင်းလေးတွေတောင်
အင်္ဂလိပ်စကား ကျတော့ ပီပီသသ ပြောနိုင်ရွတ်နိုင်ကြတာပါ။
အင်္ဂလိပ်စာသိတ်ကောင်းတဲ့ အိန္ဒိယသား တွေကလည်း "၀ဲရီးဂွတ်" ကို ပျောက်အောင်
မဖျောက်နိုင်ကြပါဘူး။ အင်္ဂလိပ်စာနဲ့ ဘွဲ့ယူထားတဲ့ ဂျပန်တယောက်ကို Thank You
တို့၊ Thirty တို့လို အသံမျိုး ပီသအောင် ရွတ်ခိုင်းဖို့ အတော်ခက်ပါတယ်။
ဆရာရှေ့မှာ ပီနေပေမယ်လို့ ကွယ်ရာရောက်သွားတာနဲ့ "ဆိုင်းကျူး" "ဆာတီး" လို့
အသံထွက်လာတာပါပဲ။ အင်္ဂလိပ်စာတတ်တယ်လို့ ၀င့်ဝါမောက်မာတတ်တဲ့
စင်ကာပူတရုတ်တွေရဲ့ "စင်းဂလိပ်" စကားကို အင်္ဂလိပ်တွေ၊ အမေရိကန်တွေ
နားမလည်ကြလို့ အင်္ဂလိပ်စကားစစ်စစ် ပြောတတ်အောင် ကြိုးစားရမယ်လို့
လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်က ၀န်ကြီးချုပ် လီကွမ်ယုကတောင်
သတိပေးခဲ့သေးတာလေ။
မြန်မာတွေ မညံ့ပါဘူး။ အင်္ဂလိပ်စကားပြောတဲ့ အလေ့အကျင့် မရှိလို့သာ နှုတ်ဆွံ့နေတာပါ။ မပြောမဖြစ် ပြောကို
ပြောရမယ့်အခြေအနေမျိုးကြုံရင် တဖက်သား ကောင်း ကောင်းနားလည်အောင်
ပြောနိုင်စွမ်းကြပါတယ်။ နှုတ်ဆွံ့တာ ပျောက်သွားရင် ပြောတတ်ဆို တတ်
ဖြစ်လာကြတာပါပဲ။ နှုတ်ဆွံ့တာပျောက်အောင် အလေ့အကျင့် များများလုပ်ဖို့
လိုတယ်။ ပြီးတော့ နိုင်ငံခြားသားရှေ့မှာ သိမ်ငယ်စိတ်ဖြစ်တာကို
ဖျောက်ပစ်ရမယ်။ နိုင်ငံခြားသား တယောက် မြန်မာစကား မပီကလာ ပီကလာ
ပြောနေတာတွေ့ရင် ပျက်ရယ်ပြု ရှုတ်ချပစ်လိုက် ပါသလား။ မပြုတဲ့အပြင်
မြန်မာစကား ကြိုးစားပြောနေတာကို သဘောတောင် ကျမိတယ် မဟုတ်လား။
နိုင်ငံခြားသားတွေလည်း အလားတူပါပဲ။ နိုင်ငံခြားသားတယောက်က သူတို့
ဘာသာစကားကို ကြိုးစားပြောနေတာတွေ့ရင် သဘောကျ ကျေနပ်ကြတာပါပဲ။ ကိုယ့်ဘာသာ
စကားမှ မဟုတ်တာပဲ။ မိခင်ဘာသာစကားလို ဘယ်ပီပါ့မလဲ။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီး ကိုဖီအာနန်
မိန့်ခွန်းပြောတာ ကြားဖူးကြမှာပါ။ စကားလုံးအသုံးအနှုန်းတွေက
ခန့်ညာလှပပြီး အဆင့်မြင့်ပါပေတယ်။ ဒါပေမယ့် လေသံက တော့ "အဖရို" (Afro)
လေသံပါပဲ။ အမေရိကန် လေသံမပေါက်ပါဘူး။ "အဖရို" လေသံမို့ နားမလည်ဘူး
မရှိပါဘူး။ အမေရိကန်သမတရော၊ အင်္ဂလိပ်ဝန်ကြီးချုပ်ရော၊ ပြင်သစ်သမတနဲ့
ရုရှခေါင်းဆောင်ကြီးရော နားလည်ကြပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်
လုပ်နေပြီး အင်္ဂလိပ်စကားကို "အဖရို" လေသံနဲ့ ပြောရကောင်းလားလို့
အပြစ်မတင်ပါဘူး။ အဖရိကသားက "အဖရို" ပဲ လေသံထွက်မှာပေါ့လို့ နားလည်ကြပါတယ်။
ဂျာမန်ဝန်ကြီးချုပ် ပြောတဲ့ အင်္ဂလိပ်စကားသံက ဂျာမန်သံသြသြကြီး ထွက်တာပါပဲ။
အဲဒီတော့ ငပိစားတဲ့
မြန်မာဟာ ငါးပိအင်္ဂလိပ်စကားပြောတာ ဘာရှက်စရာ ရှိသလဲ။ အသံမှန်မှန်
ထွက်တတ်လို့ သူတပါးနားလည်ရင် ပြီးရောမဟုတ်လား။ ဘိုသံ ပေါက်ချင်လွန်းလို့
ဇွတ်အတင်းကြီး လိုက်တုနေတာကမှ တကယ်တော့ ရှက်စရာ ကောင်းတာပါ။ တုတာက
တုတာပါပဲ။ ဘယ်တော့မှ အစစ်ဖြစ်မလာပါဘူး။
အင်္ဂလိပ်စကားကို အမေရိကန်က အမေရိကန် "လေ" နဲ့ ပြောမှာပဲ။ ဂျာမန်ကလည်း အင်္ဂလိပ်စကားကို ဂျာမန် "လေ" နဲ့
ပြောမှာပဲ။ အင်္ဂလိပ်ဘုရင်မရဲ့ ထီးတော်ရိပ်အောက်မှာ နေတဲ့ စကော့လူမျိုးကလဲ
အင်္ဂလိပ်စကားကို စကော့တို့ တောင်ပေါ် "လေ" နဲ့ ပြောမှာပါပဲ။ ဒါကဲ့ရဲ့စရာလား။
လန်ဒန်က အင်္ဂလိပ်စကား နဲ့ မန်ချက်စတာက အင်္ဂလိပ်စကားတောင်မှ
လေယူလေသိမ်းတူကြတာမှ မဟုတ်တာ။
မြန်မာပါးစပ်က မြန်မာသံပဲ ထွက်မှာပေါ့။ ဒါကို ဘယ် အင်္ဂလိပ်လူမျိုးကမှ သရော်ပြောင် လှောင်လိမ့်မယ် မဟုတ်ပါဘူး။
ရဲရဲသာ ပြောစမ်းပါ။ လေးငါးဆယ်ရက်အတွင်း နှုတ်သွက် လျှာသွက်
ဖြစ်လာပါလိမ့်မယ်။ အဲဒီအခါကျရင် သိမ်ငယ်စိတ်တွေပျောက်ပြီး နှုတ်ဆွံ့နေတာ
လည်း လုံးဝပျောက်သွားမှာပါ။
မြန်မာတို့ဟာ အင်္ဂလိပ်လက်အောက်မှာ နှစ်ရာနဲ့ချီ နေခဲ့ကြရတာ ဖြစ်လေတော့၊ ဒီနေ့ထိ မျက်နှာဖြူမြင်ရင်
ဘယ်လိုမျက်နှာဖြူပဲဖြစ်ဖြစ် ခေါင်းကလေးငုံ့ပြီး စကားပြောနေကြဆဲ ဖြစ်ပါတယ်။
ကိုယ် တွေ့နေရတဲ့ မျက်နှာဖြူဟာ ပညာတတ်လား၊ အမှိုက်ကျုံးတဲ့ မြူနီစပယ်
အလုပ်သမားလား၊ နွားသတ်တဲ့ အမဲသားသည်လားဆိုတာ ဆန်းစစ်ကြည့်လေ့ မရှိကြပါဘူး။
ဒီနေ့ လခ သိန်းနဲ့ချီယူတဲ့ နိုင်ငံခြားသားတွေ သင်တယ်ဆိုတဲ့
ကျောင်းကြီးတွေမှာ ကိုယ့်သား သမီးတွေကို ထားပြီး၊ ဂုဏ်ယူဝင့်ကြွားနေတဲ့
မြန်မာမိဘတွေသိဖို့ ပြောပြချင်တဲ့ အချက်တချက် ရှိပါတယ်။
အဲဒီအချက်က ဘာလဲဆိုတော့ တချို့ကျောင်းတွေမှာ လာသင်တဲ့ နိုင်ငံခြားသားတိုင်း ဟာ
စာသင်တတ်တဲ့ ကျောင်းဆရာ၊ ဆရာမများ မဟုတ်ကြဘူး ဆိုတာပါ။ တခြားအကြောင်း
ကိစ္စမျိုးနဲ့ မြန်မာပြည်မှာ ကြာကြာလေး နေချင်တဲ့အတွက် နေထိုင်ခွင့်ရအောင်
အလုပ်တခု ၀င်လုပ်နေတဲ့ သဘောမျိုးနဲ့ လုပ်နေကြတာပါ။ တချို့ဆို စာလုံးဝ
မသင်တတ်ကြပါဘူး။ တချို့ ဘာဘွဲ့၊ ဘာဆရာဖြစ်လက်မှတ်မှ မရှိကြပါဘူး။
ကိုယ်တိုင် အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်ထားတာ ဖြစ်လေတော့ အဲဒီလို
ဝင်လုပ်ချင်လို့ အလုပ်ခန့်ပေးပါ၊ ခန့်စာရေးပေးပါဆိုပြီး လာပြောတာတွေ
အများကြီးကြုံဖူးလို့ သိနေတာပါ။
အသားဖြူဖြူ၊ အသားဝါ၀ါမြင်တိုင်း အောက်ကျို့ချင်တဲ့ သိမ်ငယ်စိတ်တွေသာ ဖျောက်ပစ်လိုက်စမ်းပါ။ မြန်မာတွေ
မညံ့ပါဘူး။ ဆိုက်ကားဆရာတောင် နိုင်ငံခြားသား ဧည့်သည်တွေနဲ့
အလုပ်ဖြစ်အောင်တော့ ဆက်ဆံနိုင်ကြတာပဲ မဟုတ်လား။ ဒါ ဂျပန်တွေ ထက်၊
ယိုးဒယားတွေထက် ကိုးဆယ်ဆ သာတယ်လို့ ဆိုနိုင်တာပေါ့။ မြန်မာတွေမှာ ခက်နေတာက
သိမ်ငယ်စိတ်ပဲ။ သိမ်ငယ်စိတ်ဆိုတာ "အငုံ့စိတ်" ပဲ။ အားတော့နာပါတယ်။
ရင့်သီးလွန်းလို့ မပြောချင်ပါဘူး။ ဒါပေမယ့် အဲဒီစကားကို သုံးပြောမှ
ပိုပြီးထိရောက်၊ ပိုပြီး သဘောပေါက်မှာမို့ ပြောခွင့်ပြုပါ။ စေတနာနဲ့
ဒေါမနဿကြောင့် ရင့်ရင့်သီးသီးပြောမိတာလို့ လက်ခံပေးပါ။ အငုံ့စိတ်၊
သိမ်ငယ်စိတ်ဆိုတာ "ကျွန်စိတ်" ကို ယဉ်အောင်ပြောတာပါ။ လွတ်လပ်ရေးရခဲ့တာပဲ
နှစ်ပေါင်း (၆၀)နီးပါပြီ။ ကျွန်စိတ်တွေ ပျောက်ဖို့ ကောင်းပါပြီ။
ကိုဖီအာနန်လို ကမ္ဘာ့ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ကြီးတယောက်တောင်မှ အင်္ဂလိပ်စကားကို "အဖရို" သံနဲ့
ပြောနေသေးတာပဲ။ မြန်မာလူမျိုးတယောက်က "ငါးပိအင်္ဂလိပ်" ပြောတာ
ဘာရှက်စရာ ရှိလဲ။ အသံထွက်မှန်မှန်နဲ့ တဖက်သား နားလည်အောင် ပြောတတ်ဖို့
လိုရင်းပဲ မဟုတ်လား။ မြန်မာတွေ
ပညာရည် မနိမ့်ပါဘူး။ လူစွမ်းလူစ မနုံနဲ့ပါဘူး။ ပင်ကိုယ်ဗီဇ မဖျင်းပါဘူး။
ကျွန်စိတ်ပျောက်ဖို့ကလေးတခုသာ လိုတာပါ။


လူထုစိန်ဝင်း။

Sunday, April 18, 2010

ဆည်းဆာဖြင့် သိမ်းပိုက်ခံရသော နှလုံးသား ၆

အပိုင်း၅ မှအဆက်

သောက်ကွာ ဒေါင်းကြီး ခံစားချက်တွေကို ဒါနဲ့ကုစားလိုက်ပေါ့..
ချီးယား..အမြန်ဆုံး ပြန်ပြီး အဆင်ပြေပါစေ..
နှစ်ယောက်ထဲဆိုတော့ ၀ိုင်းလေးက ခါတိုင်းလိုတော့ မစည်ဘူးပေါ့..
နှစ်ယာက်သား စကားပြောရင်း ဖြေးဖြေးပဲဆွဲ ဖြစ်သည်။
ငါ့က မင်းကို အဆင်ပြေမယ်ထင်နေတာကွ..
ငါအကဲခတ်ရသလောက် ဆန်နီလည်းမင်းကို သဘောကျနေတယ်လို့ထင်တယ်..တခါတလေ သူမင်းကို
ကြည့်နေတဲ့ မျက်ဝန်းတွေထဲမှာ သံယောဇဉ် အရိပ်တွေ ငါမြင်ရတယ်..
မင်းကပွဲကြမ်းလိုက်တာကိုး....
အေးကွာ ငါလည်းဘယ်လိုဖြစ်သွားမှန်းမသိဘူး...မင်းတော်တော်ပြန်ကြိုးစားရမယ်ထင်တယ်..
သူလည်းတော်တော်ရှက်သွားရှာမှာပေါ့ကွာ..
သူငိုသွားတာမြင်တော့ ငါ့ရင်ထဲမှာ အရမ်းခံစားရတယ်ကွာ..သူကျေနပ်တဲ့ထိ ငါတောင်းပန်မယ်..
ကဲသိပ်ကြီးလည်း ၀မ်းနည်းမနေပါနဲ့ အချိန်တန်တော့ အဆင်ပြေသွားမှာပေါ့..
ကဲချကွာ..
နှစ်ယောက်သား စကားတစ်ပြောပြောနဲ့ တစ်ပြားကုန်သွားသည်.
ဂူဂဲကတော့ ထုံးစံအတိုင်း စကားပေါလာသည်။
တခါတခါ အစမရှိအဆုံးမရှိ သီချင်းထထအော်သေးသည်။
ကျနော်လည်း တော်တော်မူးနေပြီ..
ဒါပေမယ့် မျက်ရည်တွေနဲ့ ချစ်သူမျက်နှာလေးက ခုထိကျနော်မျက်လုံးထဲက ထွက်မသွားသေးပါ..
ဂူဂဲ ထပ်ချဦးမလား
တော်တော့ ဒေါင်းကြီး များရင်မကောင်းဘူး ..
ဒီလောက်ဆိုအတော်ပဲ တော်ကြာအဆောင်မှူးသိသွားလို့ အဆူခံထိနေဦးမယ်...
ကိုမျိုးရေ ရှင်းမယ်ဗျို့..
အေး အေး ငါ့ညီတို့ကောင်းကောင်းပြန်ကြနော်..
အဆောင်ရောက်မှ ထပ်ဆွေးနွေးကြပေါ့ကွာ..ဒေါင်းကြီးလည်း ပေါ့ပေါ့ပါးပါးနေပါငါ့ညီရယ်...
ဒီကောင်က မင်းသားကိုမျိုးရ နုတယ်..ဟား ဟား.
မောင်နုလေ...
သွားပြီကိုမျိုးရေ..
ကောင်းကင်မှာတော့ `လ`ကွေးကလေးက ခတ်ရေးရေးလေးသာနေသည်...ကျောင်းလမ်းမကြီးက
တိတ်ဆိတ် အထီးကျန်ဆန်လွန်းလှရဲ့...ဂစ်တာတီးသွားကြတဲ့ ကျောင်းသားတွေနဲ့ ဘောလုံးပွဲကြည့်တဲ့
ကျောင်းသားအနည်းငယ်ကလွဲရင် အရာရာတိုင်းဟာ အိပ်မောကျနေလေ၏။
ချစ်သူရဲ့အဆောင်ရှေ့ကဖြတ်လျှောက်တော့ သူမလေးအိပ်ပျော်နေမလား...သူမရှိရာအခန်းလေးဖက်ဆီ
လှည့်ကြည့်ဖြစ်သေးသည်..။
အရမ်းဝမ်းနည်းမနေနဲ့လေကွာ ထပ်ထရိုင်းပေါ့..
အချစ်စစ်အချစ်မှန်တို့ရဲ့လမ်းက မဖြောင့်တန်းဘူးဆိုပဲ..အားမလျော့နဲ့ ပေါ့..
ငါမနက်ဖြန်ပဲသူ့ကိုတောင်းပန်ချင်တယ် ငါ့ကိုအတွေ့ခံပါ့မလားတောင် မသိဘူး...
သူအဲလောက်မရိုင်းလောက်ပါဘူး...
အဆောင်ရှေ့ကိုရောက်မှန်းမသိ ရောက်လာကြသည်။
ဂူဂဲကတော့ မူးမူးနဲ့ တခေါခေါ အိပ်ပျော်သွားသည်။
ဟိုဘက်လှိမ့် ဒီဘက်လှိမ့်နဲ့ မျက်လုံးတွေက ဘယ်လိုမှ ကြိုးစားအိပ်လို့မရ...
နေခြည်ဆေးပေါ့လိပ်ကလေးကို မီညှိကာရှိုက်ဖွာလိုက်ပစ်လိုက်တယ်..
ပြီးတော့ စာကြည့်စာပွဲမှာ ထိုင်ရင်း ကဗျာတွေရေးနေမိသည်..
`သမီး ကိုကျော်သူ့ကို အရမ်းမုန်းတာပဲ´သူ့မရဲ့အသံက နားထဲမှာတ၀ဲလည်လည်ပြန်ကြားယောင်နေရသည်။
မီးခိုးက သက်ပြင်းတွေနဲ့အတူ အခန်းထဲမှာလွင့်ဝဲနေလေရဲ့..
`သားရယ် သားနဲ့မတဲ့တဲ့ အဲဒီဆေးလိပ်တွေ အရက်တွေကို မသောက်ပါနဲ့နော်..
မေမေလည်းမကြိုက်ဘူး ဘုရားလည်းမကြိုက်ဘူး ပတ်ဝန်းကျင်ကလည်းမကြိုက်ဘူး..
မေမေကတော့ ငါ့သားလေးရဲ့ ကျန်းမာရေးကြောင့် ပြောရတာပါ..
ငါသားလေးကို သက်တန်းစေ့ နေစေချင်တယ် သားလေးရယ်..´
မေမေရယ်ခွင့်လွှတ်ပါဗျာ ...ခေါင်းကိုမော့ပြီး သက်ပြင်းတွေနဲ့အတူ မီးခိုးငွေ့တွေထပ်ပြီး
မှုတ်ထုတ်ပစ်လိုက်သည်။
ရင်ထဲမှာ မောလျရီဝေနေ၏။
ချစ်သူရယ် ဒီတိုင်းသာ ခံစားနေရရင် ကျနော်မြန်မြန်သေသွားနိုင်ရဲ့...
တညလုံးမျက်လုံးတွေ ကြောင်နေခဲ့သမျှ မိုးလင်းခါနီးကျမှ မှေးခနဲ အိပ်ပျော်သွားရသည်..။

ကပိုကရိုနဲ့
လှုပ်ရှားလိုက်တိုင်း
မျက်နှာတစ်ခြမ်းကို
ဖုံးအုပ်သွားတတ်တဲ့
မင်းရဲ့ဆံနွယ်စလေးတွေကို
ရင်ခုန်တယ်
စကားလုံးပြိုကျလာတော့မလိုလိုနဲ့
ဘာအသံမှ ထွက်ကျမလာတတ်တဲ့
နှုတ်ခမ်းတစ်စုံကလည်း
ရင်ကိုရူးသွပ်စေတယ်
ကောင်မလေးရယ်
ကြင်နာရိပ်တွေ လွှမ်းနေတဲ့
မင်းရဲ့မျက်ဝန်းတွေကြောင့်ပဲ
ငါခုလို
ရပ်တည်နေနိုင်တာပါ
ငါတစိမ့်စိမ့်ကြည့်လို့မ၀ခဲ့တဲ့
မင်းရဲ့ အနွေးထွေးဆုံး အပြုံးလေးကို
ခဏလောက်ပြုံးလိုက်စမ်းပါ
ငါ့မှာအဲဒီအပြုံးလေးတွေနဲ့
ဖြေသိမ့်နေရတယ်

၁၀

လရောင်ရေးရေးလေးက ခန်းဆီးစလေးတွေကို ဖြတ်သန်းပြီး အခန်းထဲကို ဖျော့ဖျော့လေးကျနေလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်လို့..။ရမ္မာဝတီအဆောင်လေးနဲ့အတူ အဆောင်သူတွေလည်း
အားလုံး အိပ်မောကျနေပါပြီ။သို့ပေမယ့် ဆန်နီရွှန်းလဲ့ဆိုတဲ့ ကျမကတော့ ခုထိအိပ်မပျော်နိုင်သေးပါ။
မန္တလေးကို ချစ်ပေမယ့် မန္တလေးမှာသူမအတွက် ပျော်ရွှင်ခြင်းတွေဆိတ်သုန်းခဲ့ရသည်။အဲဒါကြောင့်လဲ ဖေဖေ့ညီမတွေ
ရှိတဲ့မုံရွာကျောင်းကို ပြောင်းဖြစ်ခဲ့သည်။ဒါပေမယ့် လွတ်လတ်မှုကို
သဘောကျတဲ့ ကျမက အန်တီလေးတို့နဲ့မနေချင်ပါ။
အဲဒါကြောင့်လည်း အမျိုးသမီးဆောင်မှာပဲ ငှားနေဖြစ်သည်။အန်တီလေးတွေကတော့
အဆောင်ကိုခဏခဏလာတတ်သည်။
လာတိုင်းလည်း စားစရာတွေ အများကြီးယူယူလာပေးသည်။ဒီအဆောင်လေးမှာ
နေရတာအစစအရာရာ အဆင်ပြေပါသည်။
မန္တလေးကို ချစ်ပေမယ့် မန္တလေးမှာသူမအတွက် ပျော်ရွှင်ခြင်းတွေဆိတ်သုန်းခဲ့ရသည်။အဲဒါကြောင့်လဲ ဖေဖေ့ညီမတွေ
ရှိတဲ့မုံရွာကျောင်းကို ပြောင်းဖြစ်ခဲ့သည်။ဒါပေမယ့် လွတ်လတ်မှုကို
သဘောကျတဲ့ ကျမက အန်တီလေးတို့နဲ့မနေချင်ပါ။
အဲဒါကြောင့်လည်း အမျိုးသမီးဆောင်မှာပဲ ငှားနေဖြစ်သည်။အန်တီလေးတွေကတော့
အဆောင်ကိုခဏခဏလာတတ်သည်။
လာတိုင်းလည်း စားစရာတွေ အများကြီးယူယူလာပေးသည်။ဒီအဆောင်လေးမှာ
နေရတာအစစအရာရာ အဆင်ပြေပါသည်။
တချက်တချက်တိုက်ခတ်လိုက်တော့ လေတွေကအေးစိမ့်နေသည်။ကျမက အေးတဲ့ရာသီဥတုကိုသဘောကျသလို
အရမ်းအအေးကြိုက်သူ ဖြစ်ပါသည်။ဆောင်းရာသီနှင်းတွေကျပြီဆို ကျမအရမ်းပျော်တတ်၏။ကျမအနှစ်သက်ဆုံးကတော့
မနက်စောစော နှင်းမှုန်တွေကြားမှာ ထပြီးပြေးရတဲ့ အရသာပဲဖြစ်သည်။ဘယ်လောက်အေးအေး ဆောင်းရာသီဆိုရင်
ပြူတင်းပေါက်တွေဖွင့်ပြီးမှ အိပ်တတ်တာ အကျင့်တစ်ခုလိုဖြစ်နေသည်။အဲယားကွန်းထက် သဘာဝလေးအေးကို
ပိုပြီးနှစ်ခြိုက်သည်။အဲဒါကြောင့် မေမေ့ရဲ့အဆူခံရတာ ခဏခဏ..။`ဒီကလေးလေးဟာဆိုရင်လေ ဒီလောက်အေးတာကို
ပြူတင်းပေါက်ဖွင့်မအိပ်ပါနဲ့ဆိုတာ ပြောလို့ကိုမရဘူး.။တော်ကြာအအေးမိနေမှ ခက်မယ်.။´မေမေဘယ်လိုပဲပြောပြော
ကျမကတော့ အမြဲတမ်းပဲ ပြူတင်းပေါက်တွေဖွင့်ပြီးမှ အိပ်တတ်ခဲ့သည်။
လသာတဲ့ဆောင်းညတွေမှာဆိုရင် အိမ်ပြူတင်းပေါက်ကနေ ဟိုးအဝေးဆီက ခတ်ရေးရေးလေးမြင်နေရသည့် မန္တလေးတောင်
ကြီးကို နှင်းတွေကြားမှာကြည့်ရတာ အရမ်းသဘောကျ၏။နှင်းတွေတဖွဲဖွဲကျနေတဲ့အောက်မှာ ငြိမ်သက်စွာစီးဆင်းနေတဲ့
ဧရာဝတီမြစ်ကြီးကလည်း ကျမကို ရင်ခုန်စေပါသည်။မန္တလေးဆောင်းညတွေကို လွမ်းလွန်းလှရဲ့..။
ဆောင်းရဲ့မြူခိုးတွေနဲ့ တဖွဲဖွဲကျနေတဲ့ နှင်းစက်တွေကို ငေးကြည့်ရတဲ့ အရသာက ကျမရင်ထဲမှာ ဘာနဲ့မှနှိုင်းလို့မရခဲ့။
ခုလည်းသူမ ဆောင်ပြူတင်းဝကနေ အပြင်ကိုငေးကြည့်နေမိသည်။

ဆက်ရန်
သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

Thursday, April 15, 2010

ဆည်းဆာဖြင့်သိမ်းပိုက်ခံရသောနှလုံးသား-၅

အပိုင်း၎ မှအဆက်

ဂူဂဲရာ ငါဆည်းဆာကို ဒီနေ့ပဲ ဖွင့်ပြောလိုက်တော့မယ်..အဲဒါကောင်းမယ်ထင်တယ်ကွာနော်..
သောက်ကျိုးနဲ....မင်းရူးနေလား မင်းကဖွင့်မပြောဘဲနဲ့ ဟိုက ကိုကိုကျော်သူရယ် ကျမရှင့်
ကို အရမ်းချစ်နေရပါတယ်ရှင်လို့ သေတောင်လာမပြောဘူးကွာ သိလား...
မင်းဖွင့်ပြောသင့်နေတာ ဟိုးဘိုးတော်ဘုရားလက်ထက်ကတည်းကပဲ မြန်မြန်ပြော လောကကြီးမှာ
သေတာတစ်ခုပဲ နောက်ကျလို့ကောင်းတာဟ ငတုံးရ...
လှသောမိန်းကလေးသည် ရဲသောယောက်ျားလေးတွေအတွက်တဲ့ မှတ်ထား
ရည်းစားစကားတစ်ခွန်းတောင် အဖြစ်ရှိအောင် မပြောရဲတဲ့ကောင်ကို ဘယ်မိန်းကလေးက
လာကြိုက်မှာလည်း..ကြိုက်မရှက်၊ငိုက်မရှက်၊ငတ်မရှက်တဲ့ ကြိုက်ရင်မရှက်ရဘူး
ချစ်ရင် မကြောက်ရဘူး...မင်းနဲ့ငါတော့မလွယ်ဘူး မင်းက အူတူတူနဲ့ ငါက လောလော..လောလော
နဲ့ မင်းငါ့နဲ့နေရင် ခဏခဏအငေါက်ခံရဖို့ပြင်ထားပေတော့..
ငါသတ္တိရှိပါတယ်ကွာ သူ့အတွက်ဆိုရင် ဘာပဲလုပ်ပေးရလုပ်ပေးရပါ..သူ့ဘ၀လေးကို စောင့်ရှောက်
ချင်တယ် ..သူ့ကိုသာ ပိုင်ဆိုင်ရမယ်ဆိုရင် ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ ဟိုလီဗီးနဲ့ လက်ဝှေ့ယှဉ်ထိုးရမယ်
ဆိုလည်း ထိုးရဲတယ်..သူအတွက် ငါချမ်းသာအောင် ကြိုးစားမယ်..ဒါပေမယ့် ငါ့ကို သူမုန်းတီးနာကြည်း
သွားမှာ၊သူငါ့ကို မခင်တော့မှာကိုလည်း ငါကြောတယ်ကွာ.
ခုလို သူငယ်ချင်းတစ်ယောက်လို သူ့အနားမှာနေပြီး သူလိုအပ်တာလေးတွေဖြည့်ဆီးပေးနေရတဲ့
ဘ၀လေးကိုလည်း ငါသာယာစွဲလန်းနေမိတယ်..ဖွင့်ပြောလိုက်မှ..
ဟိုးထား....shut up your very very big mouth .ဆက်မပြောနဲ့ မလှုပ်နဲ့ လေမလည်နဲ့အသက်မရှူနဲ့
နားရွက်မခတ်နဲ့ မျက်လုံးမမှိတ်နဲ့ အမြီးမယမ်းနဲ့ ..ဒီမှာဒေါင်းကြီး..
မင်းယောက်ျားပဲ do or die ပေါ့ကွာ.ချစ်ရဲမှတော့ အသည်းကွဲမှာ တွေးကြောက်နေလို့ မရဘူး..
လူတိုင်းကို ချစ်တဲ့သူရဲ့အချစ်ကို ရရပါစေ့မယ်လို့ ဟောဒီစကြာဝဠာကြီး က အာမခံမထားဘူး..
အသည်းကွဲတယ်ဆိုတဲ့ ဝေါဟာရ၊ ပြီးတော့အသည်းကွဲသီချင်းတွေဟာလည်း အားအားယားယား
ဖြစ်လာကြတာ မဟုတ်ဘူး။မင်းကြောက်နေရင် မင်းနောက်ကျသွားမယ်..
သူကတခြားဘဲနဲ့ ကြိုက်သွားရင်ရော မင်းဒီလို မစားရအညှော်ခံ လုပ်နေဦးမှာလား.
ငါ့စကားရိုင်းသွားရင် ခွင့်လွှတ်ကွာ..မင်းကို ဒီထက်ပိုပြီး မခံစားစေချင်လို့ပါ..တော်ပြီကွာ`
မင်းကြိုက်သလို လုပ်ငါဝင်မပါတော့ဘူး..။
အဲလိုတော့ မလုပ်ပါနဲ့ကွာ ငါဒီနေ့ပဲ ဖွင့်ပြောမှာပါ..ဒါပေမယ့် ဟို..ဟိုလေ..သူ့ကိုတစ်ယောက်ထဲ
ဘယ်လိုခေါ်ထုတ်ရမလဲ ဟင်...
construction company က ကရိန်းမှာပြီး ခေါ်ထုတ်ဟေ့..
ကြာတော့ ငါတင်းလာပြီနော် သဲမွန်တို့ အိသွယ်တို့အဖွဲ့နဲ့ ကြိုပြီးတီးလုံးတိုက်ထားပေါ့ကွ
ဒီငတိမတွေ အဲလောက်တော့ အထာနပ်ပါတယ်..
ဒေါင်းကြီးရာ မင်းခေါင်းထဲ ဘာတွေထည့်ထားတာလည်းကွာ..
မင်းက တကယ့်အချစ်နဲ့ နဖူးတွေ့ဒူးတွေ့မတွေ့ဘူးတော့ ဘယ်ကိုယ်ချင်းစာနိုင်မှာလည်း ဂူဂဲရာ..
မင်းတနေ့ ချစ်တတ်လာမှပဲ ငါ့ထက်ခံနိုင်ရည် ရှိပါစေကွာ..
ငါတော့ အေးဆေးပဲ ငါဝါသနာပါတာကလွဲရင် ဘာကိုမှသိပ်ဂရုစိုက်တဲ့ကောင်မဟုတ်ဘူး
မိန်းကလေးတွေကို ငါရေးတဲ့ကဗျာလေးတစ်ပုဒ်လောက်တောင် ချစ်လို့မရဘူး ဟေ့ကောင်ရေ..
လာကွာလစ်ကြစို့ အတန်းသွားတက်ရအောင်..
နှစ်ယောက်သား တိတ်ဆိတ်စွာပင် ကိုယ့်အတွေးနဲ့ကို လမ်းလျှောက်လာကြသည်။
ရေတမာပင်တန်းကလေးတွေနဲ့ ဝေစည်စိမ်းမြနေသည့် ကျောင်းအ၀င်လမ်းကလေးသည်
ကျနော့်ရင်ဘတ်ထဲမှာ အမြဲအေးမြစိမ်းလက်နေလိမ့်မည် ထင်ရဲ့...
ချစ်သူရယ် မင်းမုန်းရင်လည်းမုန်းတော့ ငါဖွင့်မပြောဘဲ မမြိုသိပ်နိုင်တော့ဘူးကွယ်..
ဂူဂဲ....
ဒေါင်းကြီး..
နှစ်ယောက်သား ပြိုင်တူခေါ်လိုက်မိကြသည်။
မင်းကလဲကွာ ငါခေါ်မှ ခေါ်ရသလား..
မင်းကရောဘာထူးလို့လဲ အတူတူသရေပဲ..
ကဲမင်းပဲ အရင်ပြောပါ..ငါသဲမွန်တို့အဖွဲ့ကို သွားပြီးပထုတ်ခဲ့မယ်..
မင်းကပြောရမယ့်စကားတွေ စဉ်းစားထားပေါ့ ဟုတ်ပြီလား..
ငါကလဲ မင်းကိုအဲဒါ အကူအညီတောင်းမလို့ပဲ..
တော်စမ်းပါကွာ...
အဲဒါကြောင့် ဂဲကြီးကိုအားကိုးရတာ..မင်းကျေးဇူးကို မမေ့ပါဘူးကွာ...
အပိုတွေကွာ..ကဲငါလစ်ပြီ..။



တမာပင်အောက်က ခုံဝိုင်းကလေးမှာထိုင်ရင်း သူစဉ်းစားနေမိသည်....
ဘယ်လိုစပြောရရင် ကောင်းမလဲ..ဆန်နီငါနင့်ကို ပြောစရာရှိတယ်...ရိုးပါတယ်ကွာ...
ဆန်နီမှာ ရည်းစားရှိလားဟင်..မဟုတ်သေးဘူး အင်တာဗျူးသလိုဖြစ်နေတယ်..
အင်း သူ့လက်ကလေးကို ဖမ်းကိုင်လိုက်မယ်..ပြီးမှတစ်လုံးချင်း ချစ်တယ်လို့ပြောလိုက်မယ်..
ကိုကျော်သူ...
ဗုဒ္ဓေါ.....ဟာ ဆန်နီရယ်လန့်သွားတာပဲကွာ..
ခစ်..ခစ်..ကိုကျော်သူက ပြုံးပြုံးကြီးနဲ့ တစ်ယောက်တည်း ဘာတွေတွေးနေလည်းမှ မသိတာ..
ဆန်နီရောက်နေတာကိုတောင် မသိဘူး..
သြော်..အင်း..ဘာရယ်လို့မဟုတ်ပါဘူး..ဟိုလေ..ဒီလိုပါ..
အောင်မလေး ရှုတ်နေတာပဲ သူများမှ မသဲမွန်တို့ကို အတွေ့လို့ စိတ်ညစ်နေလို့ပါဆို..သဲမွန်တို့
မရှိကြဘူးလား..ဘယ်သွားကြလို့ပါလိမ့်...မသိချင်ယောင်ဆောင်ပြီး သေချာအောင် ထပ်မေးလိုက်
သည်။
အို.. ဘယ်သူက သူ့ကို လိမ်ပြောနေမှာကျနေတာပဲ..
နှုတ်ခမ်းလေးစူပြီး ပြောပုံလေးက ရင်ထဲကို မုန်တိုင်းတွေ တစ်ခုပြီးတစ်ခုဖြစ်ထွန်းစေ၏။
အဲသလို မဟုတ်ပါဘူး ဆန်နီရယ် မနက်က သူတို့အဖွဲ့ကျောင်းလာတာ မြင်မိသလားလို့ပါ..
ဒီနေ့အတန်းလည်း မရှိဘူးလေ..
ုဟုတ်လား..အဆောင်ပြန်ရမှာလည်း ပျင်းစရာကြီး ..အဲဒီမသဲမွန်တို့ကလည်း ဘယ်သွားကြမှန်း
မသိဘူး သမီးကို တစ်ယောက်တည်း ပစ်ထားရက်ကြတယ်..
မျက်နှာလေးကလည်း ငိုမဲ့မဲ့နဲ့ ..ကလေးဆန်လွန်းပြီး ချစ်စရာကောင်းလွန်းတဲ့ ချစ်သူလေးကို
ကျနော်ငေးစိုက်ကြည့်နေမိသည်..။ဇင်ယော်တောင်မျက်ခုံးလေးနှစ်ခုကြားမှ စင်းကျနေတဲ့
နှာတံကလေး ပြီးတော့ချစ်စရာအကောင်းဆုံး နှုတ်ခမ်းဖူးဖူးလေး...
မျက်ဝန်းလေးတွေကလည်း စိုလဲ့ဝင်းတောက်လို့..ကုတ်ဝဲဆံပင်လေးတွေက ကပိုကရို
ဝဲကျနေသေးသည်။ဝင်းပနူးညံ့တဲ့ပါးပြင်ရဲရဲလေးနှစ်ဖက်ပေါ်မှ ကဗျာဆန်ဆန် ပါးချိုင့်ကလေးနှစ်ဖက်..
ကျနော်မျက်စိထဲမှာတော့ သူမဟာ ဘုံကြိုးပြတ်လာတဲ့ နတ်သမီးလေးပါပဲ...
ဟာ..ကိုကျော်သူ သူများကို ဘာလို့အဲလောက်ကြီးစိုက်ကြည့်နေတာလဲ..
ဘာမှန်းလည်း မသိဘူးတော့ မနေတတ်ပါဘူး...မျက်နှာလေးရဲကာ သူမရှက်သွားသည်။
ဆန်နီက အရမ်းချစ်စရာကောင်းတာပဲ..သေချာကြည့်လေ ပိုပြီးချစ်စရာကောင်းလေပဲ..
အဲဒါကြောင့်ကြည့်မိသွားရတာပါ..
ကိုကျော်သူကလည်း ဘာတွေပြောနေမှန်းမသိတော့ဘူး သမီးတကယ်ရှက်လာပြီ..
တကယ်ပြောတာပါ ဆန်နီကအရမ်းလှတာပဲ ...
ကိုယ်လေ..... ဆန်နီကိုအရမ်းချစ်တယ်....
အမှန်တိုင်းဝန်ခံရရင် စတွေ့တဲ့နေ့တုန်းကပဲ ချစ်ခဲ့မိတာပါ...ဆန်နီရယ်..
ကိုယ့်ကို စိတ်မဆိုးပါနဲ့နော် ..ပြီးတော့ကိုယ့်ကို မမုန်းပါနဲ့နော်...ဆန်နီမုန်းသွားရင် ကိုယ်..တကယ်
ရူးသွားနိုင်တယ်...
ဟာ...တော်ပြီ ဘာတွေမှန်းလည်း မသိဘူး ဆန်နီသွားတော့မယ်..
သူမကလှည့်ထွက်သွားမည် ပြုသည်..
အဲဒီအချိန်မှာ မထင်မှတ်ဘဲ သူမရဲ့လက်ကလေးကို လှမ်းဆွဲလိုက်မိသည်။
သူ့ရင်ခုန်သံတွေက အမြင့်ဆုံးကြိမ်နှုန်းတွေနဲ့ လှုပ်ရှားနေလေရဲ့ ရဲတွတ်နေတဲ့ မျက်နှာလေးနဲ့
သူ့ကို နားမလည်သလိုမော့ကြည့်နေတဲ့ မျက်ဝန်းနက်နက်ကလေးတွေ...
သူ့စိတ်တွေထိမ်းချုပ်လို့မ၇အောင် လွတ်ထွက်သွားရသည်။
ပန်းပွင့်တွေ တစ်ပွင့်ပြီးတစ်ပွင့် ကဗျာတွေ တစ်ပုဒ်ပြီးတစ်ပုဒ် သူမရဲ့ နူးညံ့တဲ့ ပါးပြင်လေးထက်
ချစ်ခြင်းရဲ့ အမှတ်အသားတွေ ကျနောပွင့်ဝေလိုက်မိသည်။
ဖြန်း...............
မျက်နှာတစ်ခုလုံးပူစပ်သွားသည့် ဝေဒနာကို ခံစားလိုက်ရသည်။
သူမမျက်ဝန်းမှ မျက်ရည်ဥကြီးတွေ လိမ့်ဆင်းလာသည်။
သမီးကိုကျော်သူ့ကို အရမ်းမုန်းတာပဲ..
ပြောပြီး တစ်ခါတည်း လှည့်ကာထွက်ပြေးသွားသည်။
ဆုံးရှုံးရပြီလားဆိုတဲ့ အတွေးက ရင်ဝကို လာဆောင့်သည်။
သူ့မျက်လုံးတွေပြာဝေလာသည်..အသက်ရှူလို့မ၀တော့..ကမ္ဘာကြီးက မြင်ကွင်းထဲမှာပင်
ချာချာလည်လာသည်..ကျောပိုးအိပ်ဆီ အမြန်လှမ်းလိုက်ရင်း အထဲမှ ရေဗူးနဲ့ ဆေးကဒ်ကို
မမြင်မကမ်းစမ်းပြီးထုတ်ကာ ချက်ချင်းမော့လိုက်ရသည်..
ခုံဝိုင်းလေးပေါ်မှာပဲ လှဲချရင်းအနားယူလိုက်ရသည်။ ဝေဒနာသက်သာသွားပေမယ့်
ရင်ခုန်သံတွေက ခုထိပုံမှန်ပြန် မဖြစ်သေး..
ခွင့်လွှတ်ပါချစ်သူရယ် ကိုယ်အရမ်းမှားသွားတယ်ကွာ...မင်းကိုယ့်ကို အရမ်းမုန်းတယ်တဲ့လား..
မြတ်နိုးလွန်းလို့ ချစ်လွန်းလို့ သတိလက်လွတ်ဖြစ်သွားတယ်ဆိုရင်တောင်
မင်းကိုယ့်ကို ယုံမှာ မဟုတ်တော့ဘူးနော်..ကိုယ့်ကို အရမ်းအထင်သေးသွားပြီလားချစ်သူရယ်..
ရင်ထဲမှာ ဆို့နင့်သွားရသည် ။ပျော့ညံ့တယ်ပဲဆိုချင်ဆို သူတကယ်မျက်ရည်ဝဲမိတဲ့အထိ
ဝမ်းနည်းသွားရသည်။ချစ်သူရယ် ကိုယ်အရမ်းချစ်တာပဲ...
ဟေ့ကောင်တွေ..ဒေါင်းကြီးက ဒီမှာကွ..ဟယ်နင်က ဘယ်လိုဖြစ်လို့ဒီမှာ အိပ်နေရတာလဲ.
ဆန်နီမလာဘူးလား...
သူပြန်သွားပါပြီ ဟာ...ပြီးတော့ သူငါ့ကို အရမ်းမုန်းသွားပြီထင်တယ်..
ဟယ် ဘယ်လိုဖြစ်ကြတာလဲ..ငါတို့ရင်တုန်လိုက်တာ ဒေါင်းကြီးရယ်..
အေးလေငါတို့ကိုလည်း နားလည်အောင် ရှင်းပြပါဦး.
သဲမွန်တို့ အိသွယ်တို့ထွက်သွားပြီး မကြာခင်မှာပဲ ဆန်နီရောက်လာတယ်..
မင်းမပြောလိုက်ဘူးလား..
ပြောတာပေါ့ဂူဂဲရာ..ငါလည်း ပြောရင်းစိတ်မထိန်းနိုင်ပဲ သူ့ကို ဖက်နမ်းလိုက်မိတယ်..
သူအရမ်းစိတ်ဆိုးသွားတယ်..ပြီးတော့ ငါ့ပါးကို ရိုက်ပြီးငါ့ကိုအရမ်းမုန်းတယ်လို့ပြောသွားတယ်..
ငါ အရမ်းမှားခဲ့တယ်ကွာ ..အရမ်းလည်း ၀မ်နည်းတယ်..
သေလိုက်ပါတော့ဒေါင်းကြီးရာ မင်းကလေ လုပ်လိုက်ရင် ဇောက်ထီးကြီးပဲ။
ဟုတ်ပါ့ ကိုယ့်ချစ်တဲ့မိန်းခလေးကို တန်ဖိုးထားမှပေါ့ ဟိုပါးတစ်ဖက်တည်းရိုက်သွားတာတောင်နည်း
သေးတယ်..နှစ်ဖက်စလုံးရိုက်သွားရမှာ..နင်က နှမချင်းမစာမနာသွားလုပ်တာကိုး..
ငါ့မှာအဲဒီစိတ် တကယ်မရှိပါဘူးဟာ...ငါမှားတယ်ဆိုတာ ၀န်ခံပါတယ် ..ဘယ်တတ်နိုင်တော့
မှာလဲ ငါ့ထိုက်နဲ့ငါ့ကံပဲပေါ့ဟာ..
ဒေါင်းကြီးရာ မင်းကတော့ စံပါပဲ...

ဆက်ရန်
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

Tuesday, April 13, 2010

ဆည်းဆာဖြင့် သိမ်းပိုက်ခံရသော နှလုံးသား ၎

အပိုင်း(၃) မှ အဆက်
ဟေ့ကောင်တို့က အလကားတော့လိုက်တီးမပေးနိုင်ဘူးနော် သိတယ်မဟုတ်လား
ထုံးစံအတိုင်း
တစ်ဝိုင်းလောက်တော့ ဆွဲမှဖြစ်မှာ
အေးပါလေးဖြူရာ ဒါပေမယ့်ငါ့မှာ ကျည်သိပ်မရှိတော့ဘူး အကြမ်းလောက်ပဲ
တွယ်ကြရအောင်ကွာ
ဖြစ်တယ် ဂူဂဲတို့ကတော့ ကြမ်းကြမ်းနုနု ဘာလာလာရတယ်..ယမကာလေးနဲ့မှ
သီချင်းကဆိုလို့ကောင်းတာ..
ဒေါင်းကြီးရ..
အေးပါကြာကြီးရာ မင်းအသံကိုပဲ ငါက
အားကိုးတာပါ..ငါနဲ့တေဇဆရာ့ဆီခဏသွားလိုက်ဦးမယ်
ခိုင်းထားတာလေးရှိလို့..တို့အတွက်ပိုမှာထားလိုက်..၀ူးဝါးပြောပြောဆိုဆို
ဆိုင်ကယ်နဲ့တေဇကိုခေါ်ပြီးထွက်သွားသည်။
အဲဒါဆို မင်္ဂလာအချိန်မှီ လစ်ကြမယ်..နီကိုရဲက လောဆော်လိုက်သည်။
ဟုတ်တယ် လာmove ကြမယ်
ထုံစံအတိုင်း တောတန်းအိုင်ဘေးနားက အိမ်ဖြူတော်ဆီကိုရွေ့ခဲ့ကြသည်။
ဆိုင်လေးက ပေလမ်းရဲ့ဘေးအောက်ချိုင့်ထဲကို ဆင်းသွားရသည်။
အတွင်းမှာ ထန်းရွက်တဲလေးတွေနဲ့ တစ်ဝိုင်းစီလုပ်ပေးထားသည်။ကဗျာဆန်သလို သောက်ရတာလည်း လွတ်လွတ်လပ်လပ်ရှိ၏။
ဆိုင်ရှင်ကိုမိုးကလည်း လူငယ်ဆိုတော့ ကျနော်တို့လိုကျောင်းသားတွေနဲ့
အထာကျပါသည်။စလိုက်နောက်လိုက်နဲ့ ဖော်ဖော်ရွေရွေနေ
တတ်သည်။
ဟ ငါ့ညီတို့ဂစ်တာတွေဘာတွေနဲ့ပါလား ဘယ်သွားတီးမလို့လဲ ..
ဒီနားအမျိုးသမီးဆောင်တွေပဲ တီးမှာပါဗျာ အီကိုဘက်က ဝေးတယ်အကိုရ..
ညီတို့ကျောင်းကကျောင်းသူတွေလည်း လန်းပါတယ်ကွ..ဒီလိုပဲ တွေးရတာပေါ့ဗျာ ဟဲဟဲ
ကဲ ဘာကစ်ကြမှာလည်း..grand ၀ီစကီတစ်တောင့်.၀က်သားသုတ်တစ်ပွဲ၊ကန်းစွန်းပလိန်းတစ်ပွဲ၊ပြီးတော့ကြက်သားခေါက်ဆွဲကြော်တစ်ပွဲ
အဲဒါအရင်လုပ်ဗျာ ပြီးမှထပ်မှာမယ်..
မူမူရေ ..နင့်မောင်တွေအတွက် ကောင်းကောင်းလေးလုပ်ပေးလိုက်ပါကွာ..အရက်အရင်ရောက်လာသည် ကြာကြီးက
မာကာပေါ့ တစ်ခွက်ပြီးတစ်ခွက် အညီအမျှငှဲ့ပေးသည်။အမြည်းလည်းစုံပြီ ..
ဟိုကောင်နှစ်ကောင်ကလည်းကြာလိုက်တာကွာ ဒီကသောက်ချင်ပြီ စိတ်ထိန်းပါဦး ဂူဂဲရာ ဟောပြောရင်းဆိုရင်း
လာပြီ အသက်ရှည်ဦးမယ်..
ဟေ့ကောင်တွေ မင်းတို့က သောက်နှင့်နေကြပြီလားကွ..ချန်ထားဦးနော်.
မသောက်သေးပါဘူးဝူးဝါးရာ မင်းတို့နှစ်ကောင်ကိုစောင့်နေကြတာ..
ကြာကြီးကဖန်ခွက်တွေ အကုန်ထည့်ပြီးသွားပြီ ဒီကောင်ကဒီနေရာမှာတော့သွက်သည်။
လူစုံပြီဆိုတော့ ၀ိုင်းလေးစလိုက်ကြရအောင် ...
ချီးယား..........ဆော်ကြည်ထီပေါက်နတ်ပြည်ရောက်နတ်သမီးလှလှလေးတွေနဲ့ ညားပါစေ..
ဟား...ဟား..
ဟေ့ကောင်တွေ ဒေါင်းကြီးကို ဆုတောင်းပေးလိုက်ကြဦးလေကွာ..
ဝူးဝါးပြောတာမှန်တယ် ဒေါင်းကြီးလည်း ဆည်းဆာလေးနဲ့ အမြန်ဆုံး ပူနိမ်တိန်းနိုင်ပါစေဗျာ...ဟား.ဟား..ဟားး
ယမကာလေးတွေ ဗိုက်ထဲဝင်လာပြီဆိုတော့ စကားဝိုင်းလေးက ပိုစည်လာသည်။
နေစမ်းပါဦး မင်းတို့က အချစ်အချစ်နဲ့ တစ်ချစ်ထဲချစ်နေလိုက်ကြတာ ဂက်စ်မီးခြစ်ဆို
ကျောက်ကုန်ပြီးဆီခန်းနေလောက်ပြီ
အချစ်ရဲ့အနက်အဓိပ္ပာယ်ကိုရောသိကြလို့လား..
ကြီးပေါကစဖောက်လာသည်။
ငါကတော့ အချစ်ဆိုတာ ချောင်းဆိုးသလိုပဲ အောင့်ထားလို့မရဘူးလို့ ကြားဖူးတယ်။
ဘယ်ဟုတ်မှာတုန်း အချစ်ဆိုတာ ၀မ်းနှုတ်ဆေးတစ်ဗူးလုံးစားပြီး အိမ်သာပျောက်နေတဲ့လူလို အူထဲအသည်းထဲ ရစ်နေအောင်
နာပြီးတော့ မဖွင့်ချရရင် မနေနိုင်တဲ့ ရောဂါတစ်မျိုးကွ..၀ူးဝါးရာမင်းပြောမှ ပိုဆိုးသွားပြီ..
အချစ်ဆိုတာ တွမ်တီးဝမ်းဆွဲရသလိုပဲ ဆယ့်နှစ်ပေါက်ဖဲကနေ လေးတန်းနေတဲ့စိတ်ဖဲကို အသာလေးကြိတ်ပြီး ပွတ်ဆွဲနေရသလို
အသည်းထဲမှာ ယားကျလိယားကျလိဖြစ်တဲ့ဖီလင်ကွ..ခါးတစ်ပွင့်ပျောက်သွားလို့ကတော့ ၀ိုင်းလုံးသိမ်းဖို့ပြင်ထားပေတော့ဟေ့..
ဟာကွာဖဲသမားငတေဇက တစ်မှောင့်ကွာ..အေးမင်းဖဲရိုက်တာ အရေးမကြီးဘူး မင်းနဲ့တစ်ခန်းတည်းနေတဲ့ စိန်ခိုင်ကိုတော့ သနားတယ်..
ဘာဖြစ်လို့လဲ နီကိုရဲရ..ဟ ဒီကောင်က ဖဲရိုက်ရင်ထမင်းမေ့ဟင်းမေ့ မအိပ်မနေရိုက်တာလေကွာ ..ကြာတော့ဟိုကောင်က
မနေနိုင်တော့ ထမင်းချက်ပြီးပို့ရတယ်..စားပြီးသားပန်းကန်တောင်ဆေးပေးလိုက်ရသေးတယ် တော်တော်ညစ်တဲ့ကောင်..
စိန်ခိုင်မှာ အင်ဂျင်နီယာကျောင်းလာတက်ရတာ အင်ဂျင်နီယာမဖြစ်ခင် စားဖိုမှူးလုံးလုံးဖြစ်နေတယ်လေ...။
တေဇရာမင်းအဲလိုတော့ မလုပ်သင့်ပါဘူး..
ငါကဖဲနိုင်ရင်ဒီကောင်ကို ရှယ်ပြုစုပါတယ်ကွပြီးတော့ ငါနိုင်တဲ့ ငွေရဲ့လေးပုံတစ်ပုံကို ပေးပါတယ်ကွ မင်းတို့ကလည်း
ငါ့အတွက်တော့ အချစ်ဆိုတာ ဂီတတစ်ပုဒ် သံစဉ်တစ်ခုပဲ...
အချစ်က တခါတလေကျတော့ ရော့ခ်လိုပေါက်ကွဲချင်စရာကောင်းပြီး တစ်ခါတစ်ခါကျတော့ ပန့်ခ်လို ရူးသွပ်စရာကောင်းတယ်
တခါတလေကျတော့ ကလတ်စစ်ကယ်တစ်ပုဒ်လို ဆွေးမြေ့စရာကောင်းနေတတ်ပြန်ရောကွာ..အချစ်တွေခံစားချက်တွေကနေ
ငါတို့ရဲ့ကမ္ဘာကြီးမှာ ဂီတဆိုတဲ့ အနုပညာတစ်မျိုးဟာ ....တော်ပါတော့ ကိုလေးပြာရယ် ကျနော်မျိုးတို့သေသင့်ပါတယ်..
ရပ်ပြီနော် ကျနော်တို့သဘောပေါက်သွားပါပြီ ..
လေးဖြူပါကွာ မင်းတို့ကလည်း...
မဖြူတော့ဘူးကွ ပြာနေပြီ အဆောင်တကာလှည့်ပြီး လိပ်ခေါင်းထွက်အောင်အော်နေလို့ မင်းအသံတွေက ပြာအက်နေပြီ သိပြီလား.ဟားဟားး
အေပေးတွေ မင်းတို့က ဘယ်တုန်းက ၀ိုင်းဆိုလို့လည်း အလကားအချောင်သမားတွေ အော်စရာရှိငါနဲ့ ကြာကြီးပဲအော်ရတာ
စားစရာရှိတော့ မင်းတို့က ပါးဖြဲနားဖြဲစားပြီးတော့..
တော်ကြပါတော့ကွာ ငါ့လိုကဗျာဆရာပြောမှ မင်းတို့အချစ်ဆိုတဲ့ ဝေါဟာရကို သဘောပေါက်တော့မယ်ထင်တယ်...
အချစ်ဆိုတာ အာဒန်နဲ့ဧ၀ကမွေးဖွားလိုက်တာပဲ..အာဒန်ရဲ့နံရိုးတစ်ချောင်းက ဖြစ်လာပြီးတာ့ ဧဒင်ဥယာဉ်ကြီးထဲက ပန်းသီးတစ်လုံးကစခဲ့တယ်လို့
ဒဏ္ဍာရီတွေထဲကလို ပြောလို့လဲရတယ်.နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကဖူးပွင့်လာတဲ့ ကမ္ဘာဦးကပန်းတစ်ပွင့်လို့လဲ ပြောလို့ရတယ်..
အမှန်တော့ဖိုနဲ့မ နှစ်ဦးကြားမှာ ဖြစ်တည်နေတဲ့ နယ်လွန်သံယောဇဉ်နဲ့ အပြန်အလှန် မေတ္တာတရားလဲဖြစ်တယ်..သမိုင်းအဆက်ဆက်
လူသားတွေ စပ်ဆိုလို့ ဘယ်တုန်းကမှ မပြည့်စုံခဲ့ကြတဲ့ ကဗျာတစ်ပုဒ်..ရေးလို့အပြီးမသတ်နိုင်ခဲ့ကြတဲ့ ဇာတ်လမ်းတစ်ပုဒ် ဗဟေဠိတစ်ခုပေါ့ကွာ
အခုတော့ ငါနားလည်ခဲပါပြီ...အချစ်ရဲ့အဓိပ္ပာယ်ကို ငါတကယ်သိလိုက်ရပြီ..ပြောရတာမောသွား၍ထင်သည် ဂူဂဲက အရက်တကြိုက်ထပ်မော့လိုက်သည်။
ပြီးတော့ ဟန်ပါပါနဲ့ကောင်းကင်ကြီးကို မော့ကြည့်လိုက်သေး၏။
ထန်းရွက်အမိုးတွေကာထား၍ ခေါင်မိုးက ပင့်ကူအိမ်ကိုပဲ တွေ့လိမ့်မည်။
ဟေ့ကောင် ပြောမယ့်ဟာ ပြောလေကွာ ငါ့ထတွယ်လိုက်မှာနော်...




ဆက်ရန်
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

ဆည်းဆာဖြင့် သိမ်းပိုက်ခံရသော နှလုံးသား ၃

အပိုင်း(၂) မှ အဆက်

ကဲအစောနက ပုစ္ဆာပြန်ဆက်မယ်..ဒီပုစ္ဆာက ohm လောကို အခြေခံထားတယ်......
..................
..............................................resistance နဲ့
current ကပြောင်းပြန် အချိုးကျတယ်....ဆရာမဘာသင်နေသည်ကို ဒေါင်းကြီး
ဘာမှ မသိတော့
ဆည်းဆာရယ်မင်းနဲ့ကိုနဲ့က စိုင်းစိုင်းပြောသလို တစ်အချိုးတစ် ဖြစ်မယ်ထင်တယ်...မင်းဆီက ၅၂၈ မေတ္တာကို step up transformer
နဲ့ ၁၅၀၀
ဖြစ်အောင် မြှင့်လိုက်ပါရစေ....ကိုယ့်ရင်ထဲမှာတော့ ဗို့1500အားနဲ့ အချစ်မီးလုံးတွေ ထိန်ထိန်ညီးလို့...
ဒီနေ့ ကျောင်းသူအသစ်ပြောင်းလာ၍ အပျော်ဆုံးလူကတော့ ကျနော်ကျော်သူခေါ်ဒေါင်းကြီး ပင်
ဖြစ်တော့သည်။
မှိုရတဲ့မျက်နှကြီးက ဟန်မဆောင်နိုင်အောင် စပ်ဖြီးဖြီးကြီးဖြစ်နေ၏။
သူငယ်ချင်းတွေကတော့ ကျနော်ရဲ့ ကံကောင်းခြင်းကို မနာလိုမျက်စောင်းတွေ တထိုးထိုးဖြစ်နေကြရဲ့..။
ကောင်မလေးရေ နဖူးစာက စာသင်ခန်းထဲထိ လာလည်ပြီထင်ရဲ့..။


ဆန်နီရွှန်းလဲ့ ဆိုတဲ့ ငါ့ရဲ့ ဆည်းဆာမလေးရေ
ယောက်ျားတို့တတ်အပ်တဲ့ ပညာရပ်တွေထဲမှာ
မိန်းမပိုးနည်းအတတ်သာပါခဲ့ရင်
ကျမ်းစာတွေ အထပ်ထပ်ဖတ်လို့
နင့်ကိုချစ်တတ်အောင်
သင်ပေးချင်စမ်းလှရဲ့......

ကဲကိုကိုဒေါင်း ဘယ်လိုလှုပ်ရှားမလဲ..
အင်း.သဲမွန်တို့အဖွဲ့ကို အကူအညီတောင်းရမှာပဲ
မင်းတို့ကလဲ ပစ်မထားကြနဲ့လေကွာ...မင်းတို့ရဲ ဗျူဟာတွေ၊အကြံပေးချက်တွေ
အများကြီးလိုတယ်..။
ငါတို့ကပြောစရာမလိုပါဘူး..အဲ အဆင်ပြေရင်တော့ ဘီယာတစ်ဝိုင်းတော့လုပါပေးရမယ်နော်..
ဂူဂဲပြောတာ ထောက်ခံတယ်..ဟီးဟီး..
နီကိုရဲရာ မုန့်ဆီကြော်က ဘယ်မှန်းမသိသေးဘူး..အဆင်ပြေလို့ကတော့ ဘီယာတစ်ဝိုင်းတင်
မကဘူး
ထန်းရေတစ်ဝိုင်းပါ မေတ္တာလက်ဆောင် လုပ်ပေးမယ်ဟေ့ ကဲ ကျေနပ်ပြီလား...
အေး..အဲဒါဆို ငတိမတွေထိုင်နေတဲ့ ရွှေယမင်းကို ဒိုးကြမယ်...။
ရွှေယမင်းရောက်တော့ ငတိမတို့လည်းယောက်နေကြပြီ ..သဲမွန်၊အိသွယ်၊ဇာဇာ၊ဇင်ကြီး။ရွှေစင်
ပြီးတော့ဆန်နီရွှန်းလဲ့...။ဟာ....ဇာတ်လိုက်တွေရောက်နေကြပြီလား..ဘာမှာပြီးပြီလဲ
ငါတို့အတွက်လည်းမှာလေဟာ သဲမွန်..အောင်မယ် ကိုဝူးဝါး ကျမတို့က ရှင်တို့အဖွဲ့ကိုလှမ်းမြင်လို့
မမှာသေးဘူး ဒကာတွေစောင့်နေတာလေ..ဟဲ..ဟဲ
သေပြီဆရာရေ..ကြီးပေါဒကာက ဘယ်သူလဲကွ..မပူပါနဲ့ကွာ ဒေါင်းကြီးတစ်ယောက်လုံးပါပါတယ်
ဒီကောင်မနေ့ကမှ အိမ်က ပိုက်ဆံရောက်တာ..
ဟုတ်တယ် ငါကျွေးမယ်ဟာ နင်တို့ကြိုက်တာမှာကြလေ..မဆန်နီရွှန်းလဲ့လည်း မှာလေ...အားနာစရာကြီး
ဆန်နီကိုယ့်ဘာသာကိုပဲ ရှင်းလိုက်ပမယ်...ပြီးတော့ဆန်နီကို ဆန်နီလို့ပဲ ရင်းရင်းနှီးနှီးခေါ်ပါ..
ခင်မင်းခြင်းအထိမ်းအမှတ်ပေါ့ ဆန်နီရယ် နောက်ကျတော့မှ ဆန်နီရှင်းပေါ့.ဟုတ်ပြီလား..
ဆန်နီသဲမွန်တို့ အဖွဲ့နဲ့ပေါင်းရင် သတိထားနော် သူတို့သိပ်စိတ်မမှန်ဘူး..
သေနာလေးဖြူ နင်သာသီချင်းရူး...
ဒါနဲ့အကိုကျော်သူကို မနက်ကကိစ္စထပ်ပြီးတောင်းပန်ပါတယ်..
ဆန်နီမတောင်းပန်လည်း ဒေါင်းကြီးက ခွင့်လွှတ်ပြီးသားပါဗျာ..ဒီကောင်ကြီး
ခန္ဓီပါရမီနဲ့ တကယ်ပြည့်စုံတဲ့ကောင်ကြီး ဟုတ်တယ်မို့လားတေဇ...ဟုတ်ပကိုကြီးပေါရေ
ရပါတယ် ရွှံလေးနဲနဲပေသွားတာကလွဲရင် ဘာမှမဖြစ်ပါဘူး...အဆောင်ပြန်ပြီး
ရေဆေးလိုက်ရတာပဲရှိတယ်..
စိတ်မကောင်းဖြစ်မနေပါနဲ့ အမှတ်တရပေါ့ဗျာ.။
ကျနော်တို့အဖွဲ့ ပျော်တတ်တယ် ပြီးတော့ခင်တတ်ပါတယ်။
ဟုတ်တယ် အကိုတို့အဖွဲ့ကိုကြည့်ရတာနဲ့ ပျော်ပျော်နေတတ်ကြမှန်း ဆန်နီအကဲခတ်မိပါတယ်။
သမီးကိုသူငယ်ချင်းသစ်တစ်ယောက်အဖြစ် နွေးနွေးထွေးထွေး ဆင်ဆံတဲ့အတွက်
အကိုတို့ကိုရော အမသဲမွန်တို့အဖွဲ့ကိုပါ သမီး
အရမ်းကျေးဇူးတင်ပါတယ်...အကိုတို့နာမည်အရင်းတွေကိုမမှတ်မိဘူး
နာမည်ပြောင်တွေပဲ မှတ်မိတယ်...အဲဒီနာမည်တွေကိုပဲခေါ်မယ်နော်...ကိုကျော်သူနာမည်ကတော့
ဒေါင်းကြီးဆိုတော့ သိပါခေါ်လို့
မကောင်းဘူး ကိုကျော်သူလို့ပဲခေါ်လိုက်မယ်နော်..
အော်..အော်...ဂလိုလား ရပ်တယ်ဗျာ ဆန်နီကြိုက်သလိုခေါ်ပါဗျာ
ဒီလိုမှန်းသိရင် ခေါ်ကောင်းအောင် အမေကို မင်းသားနာမည်လေး ပေးခိုင်းခဲ့ပါတယ်..
ဂူဂဲရာ အားမငယ်ပါနဲ့ မင်းသားလေးမွေးမှ မင်းသားနာမည် မှည့်ပေးပေါ့ကွာ...
အေးပေါ့ ကြာကြီးရာ ငါတတ်နိုင်တာ ဒါတစ်ခုပဲရှိတော့တာပေါ့...
မဟုတ်ပါဘူးဆန်နီက ခေါ်ကောင်းသလိုခေါ်လိုက်မယ်လို့ဆုံးဖြတ်လိုက်တာပါ ..ကိုကြီးပေါတို့
နာမည်အရင်းခေါ်စေချင်ရင်လည်း
သမီး....ငါတို့က နောက်တာပါဟာ ကြိုက်သလိုခေါ်ပါ..နာမည်ပြောင်ခေါ်တာက ပိုရင်းနှီးတာပေါ့..
အိသွယ် ငါ့ကို စာအုပ်ငှားဦး မနက်က တို့class နှစ်ချိန်လွတ်သွားတာ ကူးလိုက်ဦးမယ်...
နင်တို့ကလေ ဒီအတိုင်းကြီးပဲ ကျောင်းတော့ မှန်မှန်မတက်ဘူး ရော
့မြန်မြန်ကူး...၀ူးဝါးနင်အရင်ကူးလိုက် ပြီးမှဟိုကောင်တွေက
သူ့ထဲကပြန်ကူးကြ...အင်းပါဟာ နင်ကလည်းစာအုပ်ငှားတာနဲ့ မကာမိဘူး ဆရာမကြီးကလည်းလုပ်ချင်လိုက်တာ
နင်ကျောင်းပြီးရင် တက္ကသိုလ်မှာပဲ ဆရာမပြန်လုပ်ပါဟာ..
ကိုကျော်သူနဲ့ကိုဂူဂဲက သမီးကြောင့်ကျောင်းနောက်ကျတာဆိုတော့ သမီးကူးပေးပါ့မယ်..
ဟာနေပါစေဆန်နီ ကျနော်တို့ကိုယ့်ဘာသာကိုယ်ပဲ ကူးပါ့မယ်..ဆန်နီကြောင့် မဟုတ်လည်း
ကျနော်တို့က နောက်ကျနေကျပါ
ကျောင်းတက်လဲ လေပေါနေတာများတယ် လက်ချာမလိုက်ဘူး ဒ်ီလိုပဲ ပြီးမှ အိသွယ်တို့ဆီက ပြန်ကူးနေကြပါ..
ဒီတခါတော့ ဆန်နီကူးပေးပါ့မယ် အဲဒီလိုမှမဟုတ်ရင် ကျမဘယ်လိုစိတ်ကောင်းပါ့မလဲရှင်..
စိတ်မကောင်းမဖြစ်ပါနဲ့ တစ်ခေါက်ကူးလိုက်တော့ တစ်ခေါက်မှတ်မိတာပေါ့ဗျာ....
အင်း အဲဒါလည်းဟုတ်တာပဲ...
အေးကွာ ငါလည်း ဒေါင်းကြီးလို ဆိုင်ကယ်အတိုက်ခံချင်စမ်းလှရဲ့ ..
ဟာကိုနီကိုရဲကလည်း..သူမမျက်နှာလေးရဲသွားသည်။
နီကိုရဲရယ် နင့်လိုအမြဲလွဲနေတတ်တဲ့ကောင်ကို ဆိုင်ကယ်တင်မဟုတ်ဘူး
လမ်းကြိတ်စက်ပါတိုက်မှာ ဟားဟား..
သဲမွန်ဝင်တွယ်လိုက်ရာ နီကိုမျက်နှာကြီး အီးမှန်သွားသည်။


အဲဒီလိုနဲ့ ကျနော်ကျော်သူတစ်ယောက် အတန်းအားချိန်တိုင်း ဆန်နီအနားကပ်ရင်း သဲမွန်တို့အိသွယ်တို့အဖွဲ့နဲ့ပဲ
အချိန်ဖြုန်းနေဖြစ်သည်။သံယောဇဉ်တို့သည် တစ်ရက်ပြီးရစ်ပတ်နှောင်ဖွဲ့လာခဲ့သည်။
အချစ်ဆိုသောသစ်သီးဟာ ကျနော့်ရင်ထဲမှာ တစ်နေ့တခြားရင့်မှည့်ချိုရီလာခဲ့ပြီထင်ရဲ့..ချစ်သူရဲ့
ချစ်စဖွယ်ကောင်း လှသောမျက်နှာလေး
ဟာ ကျနော့်လမင်းလေးတစ်စင်းဖြစ်၍ ချစ်သူရဲ့စကားသံသည် ကျနော့်အတွက် ဆည်းလည်းသံများဖြစ်၏။
ချစ်သူရဲ့လှုပ်ရှားမှုတိုင်းကသာ ကျနော်အိပ်မက်တွေကို စိုးမိုးနေပါတော့သည်။ကြီးပေါတို့ ဂူဂဲတို့အဖွဲ့နဲ့
နေတဲ့အချိန်ထက်
ချစ်သူရဲ့အနားခစားနေသည့် အချိန်တွေက များနေသည်။သူငယ်ချင်းတွေကလည်း နားလည်ပေးကြပါသည်။
အိသွယ်တို့သဲမွန်တို့အဖွဲ့ကလည်း ကျနော်ကို ကူညီပေးကြပါသည်။ဒါပေမယ့်သူတို့လည်းကျနော်အတွက်စိုးရိမ်နေတယ်..
ဒေါင်းကြီး နင့်တကယ်အရူးအမူးခံစားနေရတယ်ဆိုတာငါတို့ ရိပ်မိပါတယ်..
သူ့ပုံစံကြည့်ရတာလည်း နင့်ကိုသံယောဇဉ်ရှိနေပုံ ပါပဲ..ဒါပေမယ့်သူ့မှာ လျှို့ဝှက်ချက်တစ်ခုခု
ရှိနေသလိုပဲ..
တစ်ခါတစ်ခါသူမှိုင်ပြီး ဘာတွေတွေးနေလည်း မသိဘူး
တို့မေးတော့လည်း ပြောမပြဘဲ လမ်းကြောင်းလွှဲလွှဲပြစ်တယ်ဟ..
ဟုတ်တယ်သဲမွန် ပြောတာမှန်တယ်...သူကလူသစ်ဆိုတော့ ဟိုဘက်ကျောင်းမှာ ဇာတ်လမ်းတွေရှိရင်
ရှိခဲ့မှာပေါ့..
ဒါပေမယ့် သူပုံစံကြည့်ရတာ ရည်းစားရှိတဲ့ပုံလည်း မပေါ်ပြန်ဘူးဟ...ငါတို့စိတ်ထဲမှာတော့ တစ်မျိုးကြီးပဲ..
သူကသဘောကောင်းပါတယ် မျက်လုံးလေးတွေကလည်း ဖြူစင်တယ်.
တခါတခါ သူပုံစံလေးက တစ်ခုခုကို ၀မ်းနည်းနေသလိုပဲ
နားမလည်တတ်တော့ပါဘူးဟယ် နင်လည်းသူ့အကြောင်းတွေကို စုံစမ်းဦးပေါ့...
ငါတို့ကတော့ နင်တို့နှစ်ယောက်ကို အဆင်ပြေစေချင်ပါတယ်..နင်ကလည်း
ရိုသားတယ်..ကြိုးစားတယ်..စိတ်ရင်းလည်းကောင်းတယ်...သူကလည်းချစ်စရာလေး..လိုက်ပါတယ်
ဒါပေမယ့် အဆိုးဆုံးတွေကိုလည်း ကြိုတွေးထားပေါ့ဟာ ငါတို့ကတော့ ဘယ်သူ့ကိုမှ
မခံစားစေချင်ဘူး...
ဒါပေမယ့်နင်သိထားရမယ့်အရေးကြီးဆုံးတစ်ခုကတော့ သူတို့မိသားစုက တော်တော်ချမ်းသာပုံရတယ်.
အဲဒါလည်းစဉ်းစားထားဦး...
ကျေှးဇူးပါပဲ သူငယ်ချင်းတို့ရာ..နင်တို့ကိုငါ တိုင်ပင်တာလည်း ရင်ထဲမှာ စိုးရိမ်လို့ပါ..
ငါတို့ကတော့ တတ်နိုင်သမျှ ကူညီပေးပါ့မယ်..ဟောပြောရင်းဆိုရင်း
နင့်နတ်သမီးလေးလာနေပြီ...ညင်သာစွာလျှောက်လှမ်းလာတဲ့ သူမရဲ့ လမ်းလျှောက်ဟန်လေးက မဟာဆန်လွန်းလှရဲ့ ...
ကိုကျော်သူတို့ မသဲမွန်တို့ ရောက်နေတာကြာပြီလား..
သမီးလည်း မေမေနဲ့ဖုန်းပြောနေလို့ နည်းနည်းနောက်ကျသွားတယ်..
အတန်းမတက်ကြဘူးလား..
ဆရာရန်ကုန် အစီးအဝေးသွားတက်တယ်လေ..အတန်းအားလို့ ထိုင်စကားပြောနေကြတာ..
တော်သေးတာပေါ့ သမီးက အတန်းနောက်ကျပြီဆိုပြီး မေ့မေ့ကို ပြောနေသေးတယ်...
အကိုကျော်သူ အားရင်သမီးနဲ့မြို့ထဲလိုက်ခဲ့ပါဦးနော် ဘဏ်သွားပြီး ငွေသွားထုတ်ချင်လို့..
အောင်မလေး ဆန်နီရယ် နင်ခေါ်လို့ကတော့ ဒေါင်းကြီးအဲဗား အားပါတယ်..ဟုတ်တယ်မဟုတ်လား...
နင်တို့ကလည်းဟာ နင်တို့ကိစ္စတွေဆိုလည်း ငါလုပ်ပေးပါတယ်
ကျနော်တောင် အို့တို့အမ်းတမ်းဖြစ်သွားသည်။သူမမျက်နှာလေးကို မ၀ံ့မရဲလှမ်းကြည့်လိုက်တော့
သူမမျက်နှာလေးလည်းရဲနေပါသည်.။ဘာမှတော့ပြန်မပြောရှာ ခေါင်းလေးငုံ့နေရှာသည်။
သူမမျက်နှာမှာ ကြေနပ်တဲ့အရိပ်ကလေးတွေများလား...ကိုယ့်ဘက်ကိုယ်ယက်တွေးမိတာထင်ရဲ့..
အိနြေ္ဒကြီးသလို အရှက်အကြောက်ကြီးတဲ့ ချစ်သူလေးကိုမြတ်နိုးစွာ ငေးကြည့်နေမိသည်။
အိသွယ်ကတော့ ဘယ်နှယ့်လည်းဆိုတဲ့ သဘောနဲ့ ကျနော်ကို မျက်စပြစ်ပြပါသည်။
ကဲကဲ နောက်အတန်းသွားတက်ကြမယ်..ဇာဇာက ကျနော်တို့ အခက်အခဲကို ၀င်ရှင်းပေးလိုက်လို့တော်သေးသည်။

ဆည်းဆာရယ် မင်းဘက်ကဘယ်လိုမှန်းမသိပေမယ့် ငါ့ဘက်တော့ ဖိတ်စာတစ်ခြမ်းသေချာနေပါပြီ..
ခုလည်းချစ်သူအအကြောင်း ကဗျာတွေ ရေးနေမိသည်။
ဒေါင်းကြီးမင်းတကယ် ကြွေနေတာလား..
ငါမင်းကိုဘာလို့လိမ်မှာလည်း ဂူဂဲရာ..
မင်းတို့ကြီးပေါတို့လည်း ငါဆည်းဆာအနားမှာပဲနေနေလို့ အမြင်ကပ်နေကြမယ်ဆိုတာ ငါသိပါတယ်
သူငယ်ချင်းတွေကို ငါချစ်ပါတယ်..ဒါပေမယ့် သူ့မျက်နှာလေးကို ပဲအမြဲမြင်ချင်နေမိတော့
ဘယ်တတ်နိုင်မှာလဲ
တောင်းပန်ပါတယ်ကွာ မင်းငေါက်လဲခံရမှာပဲ သူ့စကားသံလေးတွေပဲ ကြားချင်နေမိတယ်..
ငါတို့မင်းကိုနားလည်ပါတယ်..ဒါပေမယ့် မင်းကနည်းနည်းတော့ over ဖြစ်နေသလားလို့..
အင်းပေါ့မင်းက ဒီကိစ္စနဲ့ပတ်သက်ရင် အတွေ့အကြုံနည်းတာကိုး..အရမ်းခံစားရမှာစိုးလို့ပါကွာ
အဆင်ပြေရင်တော်သေးရဲ့..
ပြီးတော့သူကခုမှ ပြောင်းလာတာ သူ့ရဲ့နောက်ကြောင်းကို မင်းဘယ်လောက်သိလို့လည်း
အရင်ကျောင်းမှာများ ရည်းစားတွေဘာတွေရှိခဲ့သေးလား မသိဘူး
မင်းတို့ဆဲလည်းခံရမှာပဲ ငါအဲဒါတွေစိတ်မ၀င်စားဘူး..
သူရည်းစားဘယ်လောက်ပဲရှိခဲ့ရှိခဲ့ငါချစ်နိုင်တယ် ခွင့်လွှတ်နိုင်တယ်..
အော် ဆေးတောင်မမီတော့ပါပဲလား ဒါနဲ့မင်းကဖွင့်ပြောပြီးလို့လား..
ငါမပြောရဲဘူး ဂူဂဲရာ ...
သေဟလခွီး မင်းကဖွင့်မပြောဘဲနဲ့ ကောင်မလေးကတော့ ကိုကျော်သူရယ်
သမီးကိုကျော်သူကို အရမ်းချစ်တာပဲသိလား
လို့ သေတောင်မပြောဘူး..မှတ်ထား လှသောမိန်းကလေးသည်
ရဲသောယောက်ျားလေးအတွက်တဲ့..
မပြောရဲရင် မကြိုက်နဲ့ကွာ ပြီးမှ အသည်းကွဲနေမယ်..ခုခေတ်က အင်တာနက်ခေတ်ကွ
နောက်ကျ မင်း
အပေါက်ဝတောင်ရောက်မှာ မဟုတ်ဘူး..
M.P ကကောင်တစ်ကောင် လှုပ်ရှားနေတယ်ကြားတယ် မင်းကျန်ရစ်ဖြစ်မယ်နော်..
ဆန်နီက ချစ်စရာလေးဆိုတော့ ကြိုက်တဲ့လူ ပေါတယ်ကွ..
သူငါ့ကိုပြောပါတယ် သူမကြိုက်ဘုးတဲ့..ငါကလည်း ဘယ်လိုစပြောရမှန်းမသိဘူး
သူလည်းရိပ်မိသလောက်တော့ ရိပ်မိမှာပါ..
ငါတို့သူတို့အဆောင် ဂစ်တာသွားတီးကြရအောင်ကွာ ဟိုကောင်တွေကို ပြောထားဦး..
အိုကေလေ ညကျမှ အပီအပြင်ရင်ဖွင့်ကြတာပေါ့..
ည မိုးချုပ်တော့ အဆောင်ကို တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
လူစုံရင်သွားကြမယ်..
ဂန္တတ၀င် အချစ်သမားကြီး ဘယ့်နှယ်လည်း ရပ်ကူပါရွာဝိုင်းပါဖြစ်နေပြီလား..
ကြီးပေါရာ ငါ့မှာမင်းတို့ကောင်တွေကိုပဲ အပူကပ်စရာရှိတာပဲဟုတ်တာ
ဟေ့ကောင်တို့က အလကားတော့လိုက်တီးမပေးနိုင်ဘူးနော် သိတယ်မဟုတ်လား
ထုံးစံအတိုင်း
တစ်ဝိုင်းလောက်တော့ ဆွဲမှဖြစ်မှာ
အေးပါလေးဖြူရာ ဒါပေမယ့်ငါ့မှာ ကျည်သိပ်မရှိတော့ဘူး အကြမ်းလောက်ပဲ
တွယ်ကြရအောင်ကွာ
ဖြစ်တယ် ဂူဂဲတို့ကတော့ ကြမ်းကြမ်းနုနု ဘာလာလာရတယ်..ယမကာလေးနဲ့မှ
သီချင်းကဆိုလို့ကောင်းတာ..
ဒေါင်းကြီးရ..
အေးပါကြာကြီးရာ မင်းအသံကိုပဲ ငါက
အားကိုးတာပါ..ငါနဲ့တေဇဆရာ့ဆီခဏသွားလိုက်ဦးမယ်
ခိုင်းထားတာလေးရှိလို့..တို့အတွက်ပိုမှာထားလိုက်..၀ူးဝါးပြောပြောဆိုဆို
ဆိုင်ကယ်နဲ့တေဇကိုခေါ်ပြီးထွက်သွားသည်။
အဲဒါဆို မင်္ဂလာအချိန်မှီ လစ်ကြမယ်..နီကိုရဲက လောဆော်လိုက်သည်။
ဟုတ်တယ် လာmove ကြမယ်





ဆက်ရန်
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

Monday, April 12, 2010

သင်္ကြန်ဟူသည်...................

တစ်ခါက ဗြဟ္မာမင်း အာစိ ဟာ ဒေ၀နတ်အပေါင်းတို့ရဲ့ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။ အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံးခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး
ဆင်တစ်ကောင်ရဲ့ ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန္ဓာကိုယ်မှာ ပြန်တပ်ပေးဖို့
သိကြားမင်းရဲ့ ညှိနှိုင်းမှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။
ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်းခန္ဓာကိုယ်ပေါင်းစပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။
ဂနေဆာ
ဒါပေမဲ့ ဗြဟ္မာမင်းဟာ အလွန်အင်မတန် တန်ခိုးကြီးလွန်းတဲ့အတွက် ပြတ်သွားတဲ့သူခေါင်းကို ပင်လယ်ထဲ မျှောမိယင် ပင်လယ်ရေတွေခန်းခြောက်သွားနိုင်ပါတယ်။
ပထ၀ီ မြေကြီးပေါ်တင်မယ်ဆိုယင်လည်း မြေကြီးဟာ အပိုင်းပိုင်းကွဲအက်ကြေမွသွားနိုင်ပါတယ်။ အကယ်လို့များ မိုးကောင်းကင်ထဲကို ပစ်လိုက်မယ်ဆိုယင်လဲ
မိုးကောင်းကင်တစ်ခုလုံး မီးတောက်လောင်ကြွမ်းသွားနိုင်ပါတယ်။
ဒါကိုသိတဲ့ သိကြားမင်း က အဲဒီဗြဟ္မာကြီးရဲ့ခေါင်းကို အဲဒီလို မဖြစ်စေဖို့အတွက် နတ်သမီး တစ်ပါးစီကို တစ်နှစ်တစ်ခါ အလှည့်ကျစီိကိုင်ထားရမယ် ဆိုပြီး မိန့်တော်မူပါတယ်။
တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ကို ကူးတဲ့အခါကျယင် အလှည့်ပြောင်းတဲ့ အချိန်ကို သင်္ကြန်ပွဲတော်ဆင်နွဲခဲ့ကြပါတယ်။
သင်္ကြန်ပွဲတော်ကို တစ်ချိန်က ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံ အတော်များများမှာ နှစ်သစ်ကူး ပွဲတော်အဖြစ်ကျင်းပခဲ့ပါတယ်။
ယခုအချိန်မှာ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊လောနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ဆက်လက်ကျင်းပဆဲဖြစ်တာကိုတွေရပါတယ်။
 ပုဂံခေတ်မြန်မာသင်္ကြန်
အကြိုနေ့
သင်္ကြန်အကြိုနေ့နဲ့ပတ်သက်ပြီး ပထမဆုံးတွေ့ရှိချက်က
ဥပေါသထမင်းကြီးရဲ့ ခေါင်းဆေးမင်္ဂလာပြုရာက စတယ်လို့ဆိုပါတယ်။
အဲဒီအချိန်က ဘုရင်များဟာ တစ်နှစ်မှာ တစ်ခါ
ဦးခေါင်းတော်ဆေးတဲ့ မင်္ဂလာကို ကျင်းပလေ့ရှိပါတယ်။
မြန်မာမင်းများစွာ ကလည်း အဲဒီအချိန်ရောက်ယင် ယခုမော်လမြိုင်မှာရှိတဲ့ မုတ္တမကွေ့က ခေါင်းဆေးကျွန်းမှာ ခေါင်းဆေးမင်္ဂလာပြုကြပါတယ်။
အကျနေ့
ဒီနေ့မှာတော့ သိကြားမင်းဟာ နတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက် လာပါတယ်။ ဒီလိုဆင်းလာတဲ့အချိန်ကို သိစေဖို့ သင်္ကြန်အမြောက်ကိုဖေါက်ပါတယ် ။
အဲဒီအခါ လူတွေဟာ အတာအိုးထဲရေထည့်ကာ
သပြေခက်နဲ့ မြေကြီးကို ရေဖြန်းလို့ ရှိခိုးပူဇော်ကြပါတယ်။
ဒီအခါမှာ ဘုရင့်ဆရာများဖြစ်တဲ့ အိန္ဒိယကဇာတ်မြင့်မျိုးနွယ် ဗြဟ္မဏ်ဇာတ်ဝင် ပုဏ္ဏားက နောင်လာမဲ့နှစ်အတွက် ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ်ကြေငြာပါတော့တယ်။ ဒီဟောကိန်းကိုတော့ သိကြားမင်း ဘာတိရစ္ဆာန်ကို စီးပြီး
ဘာကိုင်လာသလဲဆိုတာကို အခြေခံပြီးဟောတာဖြစ်ပါတယ်။
ခလေးတွေကို ဒီအချိန်မှာ လူကြီးတွေပြောလေ့ရှိတာက
ကောင်းတာလုပ်တဲ့သူတွေရဲ့ အမည်စာရင်းကို သိကြားမင်းက ရွေပုရပိုက်မှာ ရေးမှတ်ပြီး ဆိုးသွမ်းသူတွေရဲ့ နံမယ်ကို ခွေးသားရေ ပုရပိုက်မှာ ရေးမှတ်တယ်လို့ ပြောလေ့ရှိပါတယ်။
တကယ်တော့ သင်္ကြန်ဟာ ဟိန္ဒူဝါဒ ယုံကြည်မှု ထုံးတမ်းစဉ်လာတစ်ရပ်က ဆင်းသက်လာခဲ့တာပါ။ ဒါပေမဲ့ ရှေး ပညာရှင်က၀ိများက ဒါကို ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ အဆုံးအမများနဲ့ ပြုပြင်ယူခဲ့ကြပြီး နှစ်သစ်ကူးက စလို့ ရှင်ပြုခြင်းဓလေ့၊ ဘုရားကျောင်းကန်များမှာ ဥပုသ်သီလစောင့်ခြင်းဓလေ့၊ လူကြီးသူမတွေကို ခေါင်းလျှော်ပေးခြင်းခြေသည်းလက်သည်းညှပ်ပေးခြင်း၊ သတ္တ၀ါတွေကို ဘေးမဲ့ပေးခြင်းဓလေ့ တွေနဲ့ပေါင်းစပ်ပေးခဲ့ပါတယ်။
မြန်မာ့သင်္ကြန်ဟာ ယဉ်ကျေးမှုများ ပေါင်းစုံခြင်းရဲ့ အမှတ်သညာတစ်ခုပါ။
နိုင်ငံတကာရဲ့ အာရုံကို စွဲဆောင်နိုင်တဲ့ ပွဲတော်ဆိုလဲမမှားပါဘူး။
ဒီလိုထူးခြားမှုတွေ အနှစ်သာရတွေနဲ့ ထုံမွှမ်းနေတဲ့ အချိန်အခါမှာ
မြန်မာတွေ မေတ္တာတရား များပွားနိုင်ကြပြီး
လူလူခြင်း နိုင်ထက်စီးနင်းပြုခြင်း ဘေးအန္တရာယ်မှ နောင်နှစ်များမှာ ကင်းဝေးနိုင်ကြပါစေ သတ္တ၀ါအပေါင်း ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးကင်းရန်ကွာကြပါစေ
ရန်သူမျိုးငါးပါးရဲ့ရန်မှ ကင်းဝေးကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ နှစ်သစ်မှာ ဆန္ဒပြုလိုက်ပါတယ်။

Sunday, April 11, 2010

ပညာရေးပြုပြင်ပြောင်းလဲခြင်း (ဆရာဦးမြင့်ဟန် ပညာရေးသုတေသန)

"If we could first
know where we are and

whither we are tending, we could better
judge what to do and how to do it"
Abraham Lincoln's address
during American Civil War
အခု တို့ဘယ်မှာရောက်နေပြီး ဘယ်ကိုဦးတည်နေတယ်ဆိုတာ
သိထားရင် တို့ဘာလုပ်ရမယ် ဘယ်လိုလုပ်ရမယ်ဆိုတာ
ဆုံးဖြတ်ရလွယ်မယ်။
အီဗရာဟင်လင်ကွန်း
ကမ္ဘာကျော် အမေရိကန်သမ္မတကြီး အီဗရာဟင်လင်ကွန်းရဲ့မိန့်ခွန်းကောက်နှုတ်ချက်နဲ့ ကျွန်တော်တို့ရဲ့
ပညာရေး ဆွေးနွေးပွဲကို စဖွင့်လိုက်ရကြရအောင်။ဒီကောက်နှုတ်ချက်ကို ကိစ္စတိုင်းမှာ
အသုံးပြုနိုင်ပါတယ်။
အထူးသဖြင့် ပညာရေး နည်းပညာရဲ့ အနှစ်သာရကို ရိုးရှင်းစွာ ဖွင့်ဆိုလိုက်တာပါ။လက်ရှိအခြေအနေကိုသိ
အောင်သုံးသတ်ရမယ်။Situational Analysis ပေါ့။ရည်ရွယ်ချက် ရှိရမယ်။Educational Aim and Objectives
ပေါ့။ဒါတွေသိပြီးရင် ဘာကို ဘယ်လိုလုပ်ရမယ်ဆိုတာ ဆုံးဖြတ်နိုင်ပြီပေါ့။
ပညာရေး ပြုပြင်ပြောင်းလဲခြင်းကို အချိန်ယူ စဉ်းစားပြီးမှ စနစ်တကျ
လုပ်ဆောင်ရမယ်။လုပ်ဆောင်ပြီးရင်လည်း
ခဏခဏပြောင်းနေလို့ မဖြစ်ဘူး။စက်ရုံတစ်ရုံတည်ပြီး မကြိုက်လို့ ပြန်ဆောက်လို့
ရချင်ရမယ်။ပညာရေးစနစ်ကို
စိတ်ကူးပေါ်လာတဲ့အတိုင်း ခဏခဏလျှောက်ပြင်နေရင် မထိရောက်ဘူး။အဲ..ဒါပေမယ့် ပြင့်သင့်တယ်လို့ ခိုင်ခိုင်မာမာ
ယုံကြည်လာပြီဆိုရင်တော့ ပြင်ကိုပြင်ရမယ်။
ပညာရေးပြုပြင်ပြောင်းလဲရာမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ကျူးလွန်လေ့ရှိတဲ့ အမှားတစ်ခုကတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့
ပညာရေးကို ပုံတူကူးချတာပဲ။ကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ လိုအင်တွေကို
ထည့်မစဉ်းစားတော့ဘူး။ဥပမာ-
ပညာရေးဦးစားပေးမှု အစီအစဉ်ချမှတ်ရာမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာက နည်းပညာအသစ်တွေ ဆက်လက် ပေါ်ထွန်း
လာနိုင်စေဖို့ သိပ္ပံအချက်အလက်အသစ်တွေကို ဦးစားပေး ရှာဖွေရမယ်။သိပ္ပံပညာရှင်တွေက
အရေးကြီးတယ်။
အဲ-ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာကတော့ စီးပွားရေး ဖွံဖြိုးတိုးတက်မှုအတွက် ရရှိပြီးတဲ့ နည်းပညာတွေကို အသုံးချနိုင်အောင်
ကြိုးပမ်းကြရတာ လက်တွေ့သာဓကတွေပါပဲ။ဒါဆိုရင် နိုင်ငံအခြေအနေအရ ဘာကို ဦးစားပေးရမယ်ဆိုတာ
သိလောက်
ပြီ။ကဲစကြရအောင်။
၁။မေး။ ။`သိပ္ပံ´ နဲ့ `နည်းပညာ´ မတူဘူးလား။
ဖြေ။ ။မတူပါဘူး။သိပ္ပံက သဘာဝမှန်ကန်ချက်တွေပဲ။နည်းပညာကတော့
အဲဒီမှန်ကန်ချက်တွေကိုသုံးပြီး
စီးပွားရေး၊လူမှုရေးကိစ္စတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့နည်းစနစ်တွေပဲ။အသုံးချ သိပ္ပံပေါ့ဗျာ။
အလွယ်ဆုံး ဥပမာပေးရရင် `သိပ္ပ´ံ ဟာ နွားနို့ဖြစ်ရင် `နည်းပညာ´
ကမလိုင်ပဲ။နွားနို့မရှိဘဲ မလိုင်
မဖြစ်နိုင်သလို သိပ္ပံမရှိဘဲ နည်းပညာ မပေါ်ထွန်းနိုင်ဘူး။
၂။မေး။ ။အဲဒီလိုဆိုရင် သိပ္ပံ က ပိုအရေးကြီးမနေဘူးလား။
ဖြေ။ ။နည်းပညာသစ်တွေ ဖော်ထုတ်နိုင်ဖို့ ဆိုရင်တော့ ဟုတ်ပါတယ်။ဒါပေမယ့် လက်ရှိအခြေအနေအရဆိုရင်
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရှိပြီးတဲ့ နည်းပညာတွေ
သုံးတတ်အောင်၊သုံးနိုင်အောင်လုပ်ပြီး တစ်ဖက်မှာလည်း သိပ္ပံ
ကို ခေတ်နဲ့အမီလိုက်နိုင်အောင် ကြိုးစားရမယ်။ဥပမာ-အီတလီနိုင်ငံက
စက်မှုလက်မှုသိပ္ပံလို ကျောင်းမျိုးရဲ့
လျှပ်စစ်သင်တန်းကျောင်းမှာ သဘောတရားပိုင်းဖြစ်တဲ့ အုမ်းရဲ့နိယာမကို အခြေခံလောက်ပဲ သင်ပေးပြီးအ
သုံးချမှုအပိုင်းကို ဖိပြီးသင်ပေးတယ်။အင်္ဂလန်လို စက်မှုနိုင်ငံတစ်နိုင်ငံရဲ့
ဂျီစီအီး (ပင်လယ်ရပ်ခြား) စာမေးပွဲမျိုး
မှာ ဓာတ်မြေသြဇာရဲ့ ဖွဲ့စည်းပုံ ၊အကျိုးအာနိသင်တွေကို ဦးစားပေး မေးတယ်။ဒီလိုအချက်တွေကအစ
စဉ်းစား
ပြီး ပညာရေးပြုပြင် ပြောင်းလဲရေး လုပ်ဖို့လိုပါတယ်။
၃။မေး။ ။အဲဒီလိုဆိုရင် မြန်မာနိုင်ငံရဲ့ ပညာရေးပြုပြင်ပြောင်းလဲခြင်းကို စ
စဉ်းစားကြရအောင်လေ။
ဖြေ။ ။ဟုတ်ကဲ့။စဉ်းစားကြတာပေါ့။မူသါဒချမှတ်နိုင်သူတွေ အတွက် ၀ိုင်းစဉ်းစားပြီး
နိုင်ငံရဲ့အနာဂတ်အရေးကို စေတနာ
ရှိရှိ တွေးတောကြံဆတဲ့ အလုပ်ဟာဂုဏ်ယူစရာပါ။ကဲ-မြန်မာနိုင်ငံရဲ့ ပညာရေးကို
ပြုပြင်ပြောင်းလဲချင်တယ်ဆိုရင်
ဘာဖြစ်လို့ပြောင်းလဲချင်တာလဲဆိုတဲ့ မေးခွန်းကို အရင်ဆုံး အဖြေရှာရမယ်။မှန်ကန်တဲ့ အဖြေရဖို့ လက်ရှိအခြေ
အနေတွေကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသတ်ရလိမ့်မယ်။ကဲ-ခင်ဗျားရဲ့ အဖြေကို
စောင့်နေတယ်.လွတ်လွတ်လပ်လပ်
သာ ဖြေပါ။
၎။မေး။ ။ပြောင်းချင်တယ်ဆိုတာပဲသိတယ်။ဘာကြောင့်ဆိုတာတော့ မပြောတတ်ဘူးဗျာ။
ဖြေ။ ။ကျွန်တောပြောမယ်။ကြိုက်ရင်လည်းယူပေါ့ဗျာ၊လက်ရှိအခြေအနေကို မကျေနပ်ရင်
ဒါမှမဟုတ် မကျေနပ်စပြုလာရင်
ပညာေ၇းပြုပြင် ပြောင်းလဲလာတတ်တယ်။တစ်ခုလုံး ပြောင်းတာရှိသလို တစ်စိတ်တစ်ဒေသပြောင်းတာလည်း ရှိတယ်
ဗျ။ခင်ဗျားသဘောပေါက်အောင် သီးသန့်ဥပမာတစ်ခုပေးမယ်။ကမ္ဘာပညာရေးလောကမှာ
ပထမဆုံးတုန်လှုပ်ခြောက်
ခြားမှုကြီး (First Education Shock)တစ်ခု ၁၉၅၇ခုနှစ်မှာ ဖြစ်ပေါ်ခဲ့ဖူးတယ်။အထူးသဖြင့် အမေရိကန် နဲ့ ဥရောပနိုင်
ငံတွေပေါ့ဗျာ။
၅။မေး။ ။ရှင်းပါဦးဗျ။
ဖြေ။ ။ဒီလိုလေဗျာ။ဆိုဗီယက်က ၂၉၅၇ခုနှစ်မှာ လူပါတဲ့အာကသယာဉ် လွှတ်တင်နိုင်ခဲ့တာ
မှတ်မိဦးမှာပေါ့။အဲဒီလိုအာကာ
သသိပ္ပံနဲ့ နည်းပညာတို့မှာ ဆိုဗီယက်က သာသွားတော့ အမေရိကန်တွေ မျက်လုံးပြူး၊မျက်ဆံပြူးဖြစ်ပြီး သူတို့ရဲ့
ကျောင်းတွေမှာ သုံးနေတဲ့သင်ရိုးညွှန်းတမ်းကို
ပြန်သုံးသတ်ရတယ်။ပြုပြင်ပြောင်းလဲမှုတွေလုပ်ရတယ် မဟုတ်လား။
အဲဒီလိုပြောင်းလဲမှုရဲ့ရလဒ်အဖြစ် အမေရိကန်က ဆိုဗီယက်ထက်စောပြီး လပေါ်ကို
လူသားခြေချစေနိုင်ခဲ့တယ်။ဒါတွေ
ဟာ ပညာရေးသမားတိုင်းလေ့လာသင့်တဲ့ အချက်ပါ။
၆။မေး။ ။ရှင်းပြီဗျို့။အပြောင်းအလဲတစ်ခု လုပ်တော့မယ်ဆိုရင် ဆွေးနွေးပွဲအစမှာ ခင်ဗျားတင်ပြခဲ့တဲ့ အီဗရာဟင်လင်ကွန်းရဲ့ မိန့်
ခွန်းကောက်နှုတ်ချက်ကို အလေးအနက်ထား စဉ်းစားသင့်တာပေါ့နော်။
ဖြေ။ ။ဟုတ်ပါတယ်။ဒါကလည်း အီဗရာဟင်လင်ကွန်းတို့လို ထင်ရှားတဲ့ ပုဂ္ဂိုလ်က
ပြောခဲ့လို့ မှတ်တမ်းမှတ်ရာ အဖြစ် ကျန်ခဲ့တာကိုး။ကဲ-အဲဒီတော့
ပညာရေးပြုပြင်ပြောင်းလဲမှုကို စဉ်းစားတဲ့အခါ အခြေခံပညာရေး (Basic
Education)၊
သက်မွေးပညာရေး (Vocational Education)၊အဆင့်မြင့်ပညာရေး(Higher Education)နဲ့ ကျောင်းပြင်ပ ပညာရေး
(Non-formal Education)ဆိုပြီး ခွဲစဉ်းစားရမယ်။
၇။မေး။ ။ကျောင်းပညာရေးမဟုတ်တဲ့ ကျောင်းပြင်ပညာရေး(Non-formal Education) ကိုရောတွဲ
အစဉ်းစားဘူးလား။
ဖြေ။ ။သိပ်ကောင်းတဲ့မေးခွန်းဗျာ။မြန်မာနိုင်ငံ ပညာရေးသမိုင်းမှာ ခေတ်အဆက်ဆက် ပညာရေးသမားတွေ ကျောင်းပြင်ပ
ပညာရေးကို မသိမသာလုပ်ခဲ့ပေမယ့် အရေးပါမှုကိုတော့ လစ်လျှူရှုခဲ့တဲ့ ပညာရေးကဏ္ဍတစ်ခုကို
ခင်ဗျား ဖော်ထုတ်
လိုက်တာပဲ။ဒီနေ့ထိ မြန်မာနိုင်ငံမှာ ကျောင်းပညာရေးအဟောသိကံ (wastage)တွေ များနေသေးတုန်းပဲ။၁၉၉၃ခုနှစ်
စာရင်းဇယားနဲ့ အတိအကျပြောရရင် သူငယ်တန်းကို ၀င်လာတဲ့ကျောင်းသား ၁၀၀ဟာ
မူလတန်းအဆုံးစတုတ္ထတန်း
ရောက်ရင် ၂၈ရောက်ပဲ ရှိတော့တယ်။၇၂ရာခိုင်နှုန်းက အဟောသိကံပဲ။အလယ်တန်းဆုံး အဋ္ဌမတန်းရောက်လာတော့
၁၁ ယောက်ပဲကျန်တော့တယ်။တက္ကသိုလ်ကို ၂ ယောက်ပဲ ရောက်တယ်။ဆယ်တန်းကို ၈
ဦးရောက်ပြီး ၂ဦးသာ
အောင်တယ်။ဒီစာရင်းဇယားနဲ့တင် ကျောင်းပြင်ပ ပညာရေးက ဘယ်လောက် လိုအပ်တယ်ဆိုတာ သိနိုင်လောက်ပြီ။
၈။မေး။ ။အခြေခံပညာရေးဆိုတဲ့ အယူအဆကို ရှင်းပြပါဦး။
ဖြေ။ ။ခင်ဗျားမေးတဲ့မေးခွန်းထဲမှာ အဖြေတစ်ခုပါသွားတယ်။ အခြေခံပညာရေးဟာ
အယူအဆ(idea)တစ်ခုသာဖြစ်တယ်။
စနစ်(system)တစ်ခုမဟုတ်ဘူး၊အခြေခံကျတဲ့
အသိပညာ၊ကျွမ်းကျန်မှုစိတ်ဓာတ်၊တန်ဖိုးထားမှု၊အတွေ့အကြုံ
စတာတွေကိုရဲ့ အနိမ့်ဆုံးလိုအပ်ချက်တွေကို
ဖြည့်ဆည်းပေးနိုင်ရမယ်။အဲဒီဖြည့်ဆည်းမှုတွေက တိုင်းပြည်ရဲ့ စီးပွားရေး၊
နဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရမယ်။
၉။မေး။ ။ပညာရေးမူလ၀ါဒတစ်ခု ချမှတ်ရင် ဘယ်အချက်တွေကို စဉ်းစားရမလဲ။
ဖြေ။ ။အကျဉ်းချုပ်ဖြေရရင်တော့ အနိမ့်ဆုံးပညာရေးလိုအပ်ချက်
ဖြည့်ဆည်းနိုင်ဖို့အတွက် လူအင်အား (man power)
စွမ်းဆောင်ရည် (efficiency) နဲ့ ညီမျှမှု (equality)
လိုအပ်ချက်တွေကို အခြေခံပြီးစဉ်းစားရပါမယ်။ဒါတွေကို အခြေခံ
အချက် (principles) တွေအနေနဲ့ ဦးဆုံးချမှတ် ရမယ်။
၁၀။မေး။ ။ဖြစ်သင့်တဲ့ ပညာရေးဦးစားပေးမှု အစီအစဉ်ကို ပြောပြပါလား။
ဖြေ။ ။ကျွန်တော့်အယူအဆကတော့ အကြီးမားအကျယ်ပြန့်ဆုံးဖြစ်တဲ့ မူလတန်း
ပညာရေးကို ဦးစားပေးသင့်တယ်။
ဦးစားပေးတယ်ဆိုတဲ့နေရာမှာ စာလုံးတွေ၊စကားလုံးတွေနဲ့မဟုတ်ဘဲ
လက်တွေ့အပိုင်းမှာလည်း ဘတ်ဂျက်ခွဲဝေ
သတ်မှတ်တာကအစ အထူးအာရုံစိုက်မှုအပိုင်းတွေ ပါရမယ်။
၁၁။မေး။ ။ဘယ်အထောက်အထားတွေအရ ပြောတာလဲ။
ဖြေ။ ။မြန်မာနိုင်ငံ ယူနီဆက်မှာ အမှုထမ်းသွားပြီး ၁၉၉၀ ပြည့် နှစ်က
ပညာရေးအကြံပေးအရာရှိအဖြစ် ပြန်လည်ေ၇ာက်ရှိ
လာတဲ့ Dr.A.B.Williams ရဲ့ Primary Education in Myanmar
Naing-Ngan(Proposals for progress Towards
Education For All) အစီရင်ခံစာမှာ အခုလိုဖော်ပြထားပါတယ်။"In
the later 960's,therefore South Korea comitted massive
investment to expend and modernize is primary education .New classroom
were
built, new curricula were introduced and new methodologies
were developed.As the new generation
of children passed through the schools,the upper levels of
eduction were also expended.12 to 15
years later,South Korea was an industrial
country"(p34-report)
သမိုင်းကြောင်းလေးနဲ့ပြောရရင် ၁၉၆၀ ပြည့်နှစ်များအတွင်း
တောင်ကိုးရီးယားနိုင်ငံဟာ ပညာရေး လမ်းဆုံလမ်းခွမှာ
ရောက်နေတယ်။နိုင်ငံခေါင်းဆောင်တွေက မူလတန်းပညာရေး
ဦးစားပေးဆုံးဖြတ်ချက်ကို မှန်ကန်စွာ ဆုံးဖြတ်နိုင်ခဲ့
လို့ ၁၅ နှစ်လောက်ကြာတဲ့အခါ စက်မှုနိုင်ငံကြီးဖြစ်လာပြီး
ဂျပန်ကိုတောင် ပခုံးချင်းယှဉ်လာနိုင်တယ်ဆိုတာ လက်
တွေ့ပါပဲ။
၁၂။မေး။ ။အဲဒီဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်မှာရှိတဲ့ အယူအဆဟာ ဘာဖြစ်နိုင်လဲ။
ဖြေ။ ။မူလတန်းပညာရေးကို ပိုင်ပိုင်နိုင်နိုင် ပေးနိုင်ရင်
ကြိုက်သလောက်လို ဆက်လေ့ကျင့်နိုင်လို့ နိုင်ငံထုတ်ကုန်တန်ဖိုး
(Gross National Product)တိုးနိုင်တယ်ဆိုတဲ့ အယူအဆလို့
ထင်တာပဲ။ဒါကလည်း ကမ္ဘာဘဏ် ပညာရေးအစီ
ရင်ခံစာအရ မူလတန်းဆင့် ပြီးမြောက်ရင် GNP ခုနှစ်ဆ
တိုးနိုင်တယ်။စိုက်ပျိုးရေးနည်းပညာသစ်တွေ စသွင်းတဲ့
နိုင်ငံမျိုးမှာဆိုရင် ၁၂ဆ တောင်တိုးတယ်လို့
ဖော်ပြထားတယ်။အဲ-အရည်အသွေးရှိတဲ့ မူလတန်းပညာရေး
(Quality Primary Education)တော့ ဖြစ်ဖို့လိုသည်။
၁၃။မေး။ ။အရည်အသွေး (Quality)ဆိုတာ ရှင်းပြဦးလေဗျာ။
ဖြေ။ ။အရည်အသွေးဆိုတာ
-မျှော်မှန်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တာ။
-လူနဲ့ပတ်ဝန်းကျင်
လိုအပ်ချက်၊အခြေအနေတို့နဲ့ကိုက်ညီဆီလျော်တာရယ်၊
-လူသားဘ၀ တိုးတက်သာယာရေးပဲ ဖြစ်တယ်။အတိုဆုံးပြောရရင် Quality
is conformance to requirement
ပဲပေါ့။
၁၄။မေး။ ။မူလတန်းပညာရေးကို ဦးစားပေးမယ်လို့ ဆုံးဖြတ်လိုက်ရင်
ထားရှိသင့်တဲ့ မူလတန်းပညာရေး ရည်မှန်းချက်တွေကို
သိချင်ပါတယ်။
ဖြေ။ ။ဒါကိုတော့ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနနဲ့
ကမ္ဘာကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)တို့ ပူးပေါင်းဆောင်ရွက်
ခဲ့တဲ့ `ပညာရေး ကဏ္ဍလေ့လာရေး´(Education Sector
Study)(၁၉၉၀-၁၉၉၃)မှာ ကျွန်တော်ကိုယ်တိုင် ပြုစုခဲ့တဲ့
သင်ရိုးညွှန်းတမ်း အလုပ်စာတမ်းထဲကပဲ ကောက်နှုတ်ဖော်ပြချင်ပါတယ်။
'It is now necessary to redefine the aim of primary education
at stated below:
To attain basics skills of communication(Literacy and
numeracy),knowledge and understanding of man's
physical and social environment, skills of healthful living
and creative expression,productive skills and
moral values."
အရေးအဖတ်တွင် အခြေခံကျွမ်းကျင်မှု၊လူရုပ်နဲ့ စိတ်ဝန်းကျင်ဆိုင်ရာ
အသိပညာများ၊ကျန်းမာရေးစောင့်လျှောက်တတ်
မှု၊ထုတ်လုပ်မှုနှင့် စာရိတ္တပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ
ဖြစ်ထွန်းလာစေရန် မူလတန်းပညာရေးက စွမ်းဆောင်ပေးရမယ်။
၁၅။မေး။ ။မူလတန်းပညာရေးကို ဦးစားပေးသင့်တယ် ဆိုတာကတော့
သဘောပေါက်ပါပြီ။ကျန်တဲ့ပညာရေးတွေ အတွက်ရော
စဉ်းစားမထားဘူးလား။
ဖြေ။ ။ဘယ်ကိစ္စမဆို
ကွက်ပြီးစဉ်းစားလို့မရဘူးလေ။ဆပ်စပ်ပြီးစဉ်းစားနိုင်မှတော်ကာကျတယ်မဟုတ်လား။ကျောင်းပညာ
ရေးအပြင် အကုန်အကျသက်သာတဲ့ ကျောင်းပြင်ပ ပညာရေး(Non-formal
Education)ကိုလည်း အလေးအနက်
စဉ်းစားရမယ်။ကုန်းဘောင်ခေတ်မှာ မြန်မာနိုင်ငံကို
စက်မှုနိုင်ငံထူထောင်ဖို့ ကနောင်မင်းသားကြီးနဲ့ ယောအတွင်း
ဝန်ဦးဖိုးလှိုင်တို့ဟာ ကျောင်းပြင်ပပညာရေး (NFE) ကို
စတင်ကျင့်သုံးခဲ့ဖူးတယ်။ပုဂံအနုပညာလက်ရာတွေက
လည်း ကျောင်းပြင်ပ ပညာရေးရဲ့ အသီးအပွင့်တွေလို့
ဆိုနိုင်တယ်။ဒါကြောင့် မြန်မာနိုင်ငံ ပညာရေးကဏ္ဍမှာ
ကျောင်းပြင်ပပညာရေးလို စနစ်တကျ
ဖွံ့ဖြိုးလာဖို့လိုအပ်လာပြီဆိုတာ တင်ပြလိုက်ပါရစေ။

Saturday, April 10, 2010

ပညာရှင်နှင့် ဦးနှောက်ယိုစီးမှု (ဆရာနေ၀င်းမောင်)

ယခင်စီမံကိန်းစီးပွားရေးစနစ်ကျင်သုံးစဉ်က နိုင်ငံအတွင်း ပုဂ္ဂလိကလုပ်ငန်းကြီးများ ပျောက်ကွယ်သွားရသောကြောင့်
ပညာရှင်များကို ချီးမြှင့်မြှောက်စားမည့်သူ၊နေရာပေးမည့်သူအဖြစ် အစိုးရကိုသာ မျှော်လင့်ခဲ့ရပေသည်။ထိုစဉ်က အစိုးရမှ
နေရာမပေးနိုင်သောအခါ ချီးမြှင့်မြှောက်စားမှုများ ထိုက်ထိုက်တန်တန် ဖြစ်သောအခါ ပညာရှင်များ နိုင်ငံပြင်ပသို့
ရောက်ရှိသွားရပါတော့သည်။
ယခုအခါ မြန်မာနိုင်ငံအတွင်း စီးပွားရေးအခွင့်အလမ်းများ ပွင့်လန်းလာသောကြောင့် နိုင်ငံခြားကုမ္ပဏီကြီးများ များစွာ
ဝင်ရောက်လာနေပြီး မြန်မာကုမ္ပဏီများလည်း တစ်စတစ်စ ပေါ်ပေါက်လာနေပါသည်။တစ်နေ့တွင် ပညာရှင်များအတွက်
နေရာတစ်ချို့ပေါ်လာမည်ဟု ထင်ပါသည်။ပညာရှင်များအနေဖြင့် မိမိတို့၏ပညာကို ထိထိရောက်ရောက် အသုံးချခွင့်ရလာ
ကြတော့မည် ဖြစ်ပါသည်။ပညာရှင်များ၏ အရည်အသွေးဆိုသည်မှာလည်း အသုံးချခွင့်ရမှ ပို၍ပို၍ ထက်မြက်လာသော
သဘောရှိပါသည်။မဝေးလှသောအနာဂတ်တွင် ဦးနှောက်ယိုစီးမှုများကို ကျွန်တော်တို့ ထိမ်းသိမ်းနိုင်တော့မည်ဖြစ်သည်။
ဦးနှောက်ယိုစီးမှုများဖြစ်ခဲ့သည်ကို ကျွန်တော်ဝန်ခံရပါပြီ။ သို့သော်ထိုယိုစီးမှုများကို ကာယကံရှင်များ စိတ်ပါလက်ပါမရှိဘဲ
မရနိုင်ဟုထင်ပါသည်။တိုင်းပြည်အပြင်ကို ထွက်ချင်နေသော ပညာရှင်ကို မထွက်ပါနှင့်ဟုတားခြင်းထက် မထွက်ချင်အောင်
ကူညီမှပြဿနာ ပြေလည်မည်ဖြစ်ပါသည်။အတင်းအကြပ်တားဆီးခြင်းဖြင့် သူ့ထံမှ မရနိုင်သည်ကိုလည်း သတိပြုဖွယ်
ဖြစ်ပါသည်။
ပညာရှင် ဦးနှောက်ယိုစီးမှုကိုကာကွယ်ရန်အလို့ငှာ ပညာရှင်များ ရှင်သန်ဖွင့်ဖြိုးနိုင်သော ရာသီဥတုတစ်ရပ် ဖန်တီးပေးရန်
လိုအပ်မည်ထင်ပါသည်။ပညာရှင်ကို ထိုက်ထိုက်တန်တန် နေရာပေးခြင်း၊ပညာရှင်ကိုတန်ဖိုးထားခြင်း၊ပညာရှင်ကို ထိုက်တန်
သောအခွင့်အရေး ပေးခြင်း၊ပညာရှင်၏ဦးနှောက်က ထွက်လာတဲ့အကြံဥာဏ်၊အယူအဆတို့ကို အလေးထားခြင်း(မပယ်ရှား
ခြင်းထိ မဆိုလိုပါ)များသည် အကောင်းဆုံးရာသီဥတုများ ဖြစ်ပါသည်။မိခင်တိုင်းပြည်တွင် မပျော်ပိုက်သောပညာရှင်ဟူ၍
အနည်းစုသာ ရှိမည်ထင်ပါသည်။ရာသီဥတုကြောင့်သာ ဦးနှောက်များ ယိုစီးခဲ့ရသည်ဟု ထင်ပါသည်။မိခင်တိုင်းပြည်တွင်
ရာသီဥတုကောင်းလျှင် အပြင်ကိုရောက်သွားသော ပညာရှင်များ၏ ဦးနှောက်ကိုပင် ပြန်၍မျှော်လင့်နိုင်သည်ဟု ထင်ပါသည်။ ယခုလက်ရှိမှာပင် မြန်မာပြည်မှ ထွက်ခွာသွားသော စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ပြန်လာ၍ စီးပွားရေးလုပ်ငန်းများ
ပြန်လည်လုပ်ဆောင်နေကြသည်ကို တွေ့နေရသည်။အချို့ဆိုလျှင် မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခြင်းများပင်
ရှိခဲ့ပါသည်။
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများ၊နိုင်ငံတကာ အဖွဲ့အစည်းများ၊နိုင်ငံခြားတက္ကသိုလ်များတွင် ရောက်ရှိနေသော မြန်မာ
ပညာရှင်များစွာ ရှိနေပါသည်။အချို့ဆိုလျှင် နိုင်ငံခြားအစိုးရများထံတွင် အကြံပေးပညာရှင်များအဖြစ်ရောက်ရှိနေကြသူများ
ပင် ရှိပါသည်။

လက်တွေ့ကျကျ

ပြီးခဲ့တာတွေ ပြီးခဲ့ပါပြီ။ကျွန်ပညာရေးစနစ်ကြောင့်၊စီမံကိန်းစီးပွားရေးစနစ်ကြောင့်၊ဟိုလူ့ကြောင့်ဒီလူ့ကြောင့် လွှဲမချလိုတော့
ပါ။လွှဲချနေရမည့် အချိန်လည်း မဟုတ်တော့ပါ။မျိုးဆက်သစ်များကို လက်တွေ့ကျကျ အမြန်ဆုံးပြုစု ပျိုးထောင်နိုင်ရေး
အတွက် လက်တွေ့ကျကျ စဉ်းစားဆုံးဖြတ် လုပ်ကိုင်ကြရန်သာ လိုရင်းဖြစ်ပါသည်။မတူတာတွေထားလိုက်ပါ။
တူတာတွေအတွက် ကျွန်တော်တို့ ၀ိုင်းဝန်းလုပ်ဆောင်ပေးကြပါစို့။

ပညာရှင်၏ တန်ဖိုး (ဆရာနေ၀င်းမောင်)

ပညာရှိ၏တန်ဖိုးကို ပညာရှင်အား စနစ်တကျ အသုံးချတတ်သော
စီမံခန့်ခွဲသူ၊မူဝါဒချမှတ်သူတို့သာ သိနိုင်ပေသည်။
ပြောရလျှင် ပညာရှင်များကိုစနစ်တကျ စီမံခန့်ခွဲခြင်းမှာလည်း
ပညာတစ်ရပ်ဖြစ်ပါသည်။ပညာရှင်၏တန်ဖိုးကို သိသူများ
ကသာ ပညာရှင်ကို ထိုက်တန်သောနေရာပေး၍ ထိုက်ထိုက်တန်တန်
အခွင့်အရေး(လစားနှင့်အခြား) နေရာတို့ကို မပေး
ဘဲ ပညာရပ်ထံမှ ထိရောက်သော အကူအညီကို မမျှော်လင့်သင့်ပေ။လောက၌ ဘာကိုမှ
အလကားမရပါ။
တစ်ဖက်က ကြည့်မည်ဆိုလျှင်လည်း ဥာဏ်ပညာကြီးသော
စီမံခန့်ခွဲသူ၊မူဝါဒချမှတ်သူ တို့သာလျှင် ပညာရှင်၏ ပညာ
ကို ရှိသင့်၊ပါသင့်သော အင်္ဂါရပ်တစ်ခုအနေဖြင့်သာ သဘောထားနေသည်ကို တွေ့ရပါသည်။
ပညာရှင်တို့၏ ခြေရာလက်ရာကိုကြည့်လျှင် ပညာရှင်၏ တန်ဖိုးကို သိသာမည်
ထင်ပါသည်။ပညာရှင်၏တန်ဖိုးကို မသိနား
မလည်သော ပတ်ဝန်းကျင်တွင် ပညာရှင်များ ဖြစ်ထွန်းပွားများစရာ
အကြောင်းမရှိပေ။ထို့ကြောင့် နိုင်ငံတိုးတက်ရေး
အတွက် ပညာရှင်များ ဖြစ်ထွန်းလာစေချင်လျှင် ပညာရှင်များကိုတန်ဖိုးထားသည့်
ပတ်ဝန်းကျင် အခြေအနေမျိုးကို ဖန်တီ်း
ပေးရမည်ဖြစ်သည်။ပတ်ဝန်းကျင် တစ်ခုလုံးက ပညာရှင်ကို
တန်ဖိုးထားလျှင်၊ပညာရှင်၏ တန်ဖိုးကိုသိလာလျှင်
မျိုးဆက်သစ် လူငယ်များက ပညာရှင်ဖြစ်အောင် မကြိုးစားမှာ
လုံးဝပူစရာမလိုပါ။အခုအခြေအနေမှာတော့ ပတ်ဝန်းကျင်
က `လောပန်း´ကိုသာ တန်ဖိုးထားသောကြောင့် လူငယ်များက အဆင့်ကျော်ကာ
ငွေနောက်ကိုသာ လိုက်ချင်နေသည်
ကို တွေ့ရပါသည်။

ပညာရှင်နှင့် အခွင့်အရေး
အခွင့်အရေးများအကြောင်း ပြောရလျှင် စကားလုံးအဓိပ္ပာယ်က စရမည်
ထင်ပါသည်။အခွင့်အရေးဆိုသော စကာလုံးသည်
သာမန်အားဖြင့် တစ်ခါတစ်ရံ negative သဘော အနည်းငယ်ဆောင်မည်
ထင်ပါသည်။မိမိရသင့်ရထိုက်သော အခွင့်အရေးကို
တောင်းဆိုခြင်းသည် negative မဟုတ်ပေ။
အခွင့်အရေးနှင့်ပတ်သက်၍ စင်ကာပူတွင် အဆင့်မြင့်ရာထူး ရထားသော
မြန်မာအင်ဂျင်ယာတစ်ဦး ပြောဖူးသော စကားတစ်
ခွန်းကို ပြန်ပြောလိုပါသည်။ထိုအင်ဂျင်နီယာကြီး တာဝန်ထမ်းဆောင်နေသော
စင်ကာပူကုမ္ပဏီကြီးအတွက် အငယ်တန်း
အင်ဂျင်နီယာများ သတင်းစာမှ ခေါ်ယူ၍ အင်တာဗျူးထိုင်ကြသောအခါ
လာဖြေသူများထဲတွင် သူ၏တပည့်ရင်း မြန်မာလူ
ငယ်တစ်ယောက်လည်း ပါလာသည်ဟု ဆိုပါသည်။ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်က
လူတိုင်းကို လစာဘယ်လောက်
လိုချင်သလဲဟူသော မေးခွန်းကို ထည့်မေးသည်ဟု ဆိုပါသည်။မြန်မာလူငယ်က
ပေးချင်သလောက်ပေးပါဟု ပြော၍
စင်ကာပူ အင်ဂျင်နီယာတစ်ဦးကတော့ အဆမတန်တောင်းသည်ဟုဆို၏။အမှုဆောင်
အရာရှိချုပ်က လစာအများဆုံး
တောင်းသော လူငယ်ကို ရွေးချယ်ချင်သည်။ဈေးဆစ်ကြည့်ရအောင်ဟု
တိုင်ပင်ကြည့်သောအခါ မြန်မာအင်ဂျင်နီယာကြီးက
ပေးချင်သလောက် ပေးပါဆိုသော မြန်မာလူငယ်မှာ သူ့တပည့်ဖြစ်၍
အရည်အချင်းနှင့်ပတ်သက်၍ အာမခံကြောင်းပေးချင်
သလောက်ပေးပါဟု ပြောခြင်းမှာ ထိုလူငယ်မှာ မြန်မာလူမျိုးဖြစ်နေသောကြောင့်ဟု
ရှင်းပြလိုက်ရသည်ဟု ဆိုပါသည်။
ထိုက်ထိုက်တန်တန် အခွင့်အရေးဆိုသည်ကို တစ်ခါမှမရဖူးသောကြောင့်
ရရကောင်းစေဟူသော သဘောထား မရှိတော့သည်ကို သတိထား မရှိတော့သည်ကို
သတိထားမိမည်ကို ထင်ပါသည်။
ထိုက်ထိုက်တန်တန် အခွင့်အရေးဟု ဆိုသည်နှင့် အခုအခါ
နိုင်ငံခြားကုမ္ပဏီကြီးများ၊ပုဂ္ဂလိက ကုမ္ပဏီကြီးများ ပေါ်လာသောကြောင့်
ပညာရှင်များအတွက် နေရာနှင့် အခွင့်အရေးကိစ္စ အဆင်ပြေစရာအကြောင်း ရှိသည်
ဟု မျှော်လင့်ဖူးပါသည်။လက်တွေ့ ဖြစ်နေသော အခြေအနေကို ဥပမာတစ်ခုဖြင့်
ပြောဖူးပါသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေသော နိုင်ငံခြားကုမ္ပဏီတစ်ခု၏
မြန်မာလူမျိုး ၀န်ထမ်းအင်ဂျင်နီယာတစ်ဦး၏
အတွေ့အကြုံဖြစ်ပါသည်။ထိုအင်ဂျင်နီယာသည် လစာ အမေရိကန်ဒေါ်လာ ၆၀၀
ခန့်ရနေသူတစ်ဦးဖြစ်သည်။
အလုပ်ကိုလည်း ၆၀၀နဲ့တန်အောင်ခိုင်းတတ်ပါပေတယ်ဟု
ပြောပါသည်။မည်မျှခိုင်းတတ်ပါသလဲဆိုသည်ကို
ပညာရှင်အင်အား ဖြုန်းတီးပြစ်နေသူများကို ခေါ်ပြချင်သည်ဟု ထိုအင်ဂျင်နီယာက
ပြောပါသည်။ကုမ္ပဏီလုပ်ငန်းများ
တစ်စထက်တစ်စ မနိုင်မနင်းဖြစ်လာသောအခါ လက်ထောက်အင်ဂျင်နီယာတစ်ဦး မဖြစ်မနေ
လိုအပ်လာသဖြင့်
ခေါ်ယူခန့်ထားဖို့ စီစဉ်ကြသည်ဟု ဆိုပါသည်။အဆိုပါအင်ဂျင်နီယာက လစာ ဒေါ်လာ200
လောက်သာ ပေးပါ
မိမိလို ကျွမ်းကျင်သော လက်ထောက်အင်ဂျင်နီယာတစ်ဦး ရစေမည်ဟု ပြောသောအခါ
ကုမ္ပဏီအကြီးအကဲက
၁၀၀ ပဲပေးမည်။လူဘယ်လောက်လျှောက်သလဲ မင်းစောင့်ကြည့်ပါဟု
ပြောသည်ဆို၏။ကျွန်တော်တို့၏ အခြေအနေကို
နိုင်ငံခြားသားများပင် ရိပ်စားမိသောကြောင့် ကောင်းကောင်းကြီး
အခွင့်အရေးယူခံနေရပြီ ဖြစ်သည်။
မြန်မာပုဂ္ဂလိက ကုမ္ပဏီများတွင် ပိုဆိုးသည်။လုပ်ငန်းရှင်တော်တော်များများက
ဌာနဆိုင်ရာ လစာထက်ဘယ်နှစ်ဆ
ပေးထားတာဟူသော ပေတံကိုသာ ထုတ်ပြနေကြသည်ကို တွေ့ရပါသည်။သူတို့ပေးထားနေသော
လစာဖြင့် သူတို့၏
ဝန်ထမ်းအနေနှင့် မည်သို့မျှမစားလောက်သည်ကို မသိမဟုတ်။သိလျှက်နှင့်
များလှပြီဟုယူဆကာ မပေးချင်ကြခြင်း
ဖြစ်ပါသည်။သာမန်ဝန်ထမ်းရာထူးများအတွက် ရွေးစရာပေါများသောကြောင့်
ထိုက်ထိုက်တန်တန် မပေးခြင်းမှာ
ယထာဘူတကျသည်ဟု ဆိုနိုင်ဖွယ် ရှိသော်လည်း ပညာရှင်များကို ထိုက်ထိုက်တန်တန်
မပေးချင်သော သဘောထား
မှာ ဆိုးလှပါသည်။ဤအခြေအနေမျိုးတွင် ဦးနှောက်ယိုစီးမှု ဖြစ်သည်မှာ
လုံးဝမဆန်းပါ။
ကျွန်တော်ထင်ပါသည်။ကျွန်တော်တို့နိုင်ငံတွင် လစာသိန်းဂဏန်းရသော ပညာရှင်
အလွန်ရှားပါလိမ့်မည်။အမှန်တော့
လစာတစ်သိန်းဆိုသည်မှာပင် အိမ်ထောင်သည် တစ်ဦးအဖို့ လောက်ငစရာ မမြင်ပါ။
ညစောင့်တစ်ယောက်ကို ကုမ္ပဏီတစ်ခုက လစာ၃သောင်းပေး၍
ငှားထားသည်ဆိုပါစို့။ညစောင့်သည် သူစောင့်ရသော
ပစ္စည်းများကို ခိုးသည်ဟုဆိုလျှင် ထိုကိစ္စတွင် ညစောင့်ကခိုးယူသော
အဖြစ်အပျက်မှာ မဆန်း။ညစောင့်ကို ၃သောင်းပေးထား
ခြင်းကသာ ဆန်းသည်ဟု ဆိုရမည်ဖြစ်သည်။
ကျွန်တော်တို့နိုင်ငံတွင် သယံဇာတများစွာရှိသည်ကို
လူတိုင်းသိကြပါသည်။ကျွန်တော်တို့နိုင်ငံတွင် ပညာတတ်များစွာ
ရှိသည်ကိုလည်း လူတိုင်းသိပြီး ဖြစ်ပါသည်။ထို့အတူ ကျွန်တော်တို့သည်
ကုန်ကြမ်းရောင်းစားနေရသူများ ဖြစ်နေသည်
ကိုလည်း လူတိုင်းသိပါသည်။ဤနေရာတွင် အရေးကြီးသည်မှာ
နည်းပညာပင်ဖြစ်သည်။နည်းပညာ ဘယ်ကလာသနည်း။
ပညာရှင်ထံမှ လာပါသည်။ပညာရှင်၏တန်ဖိုးကိုသိမှ ပညာရှင်တို့ကို
ထိုက်ထိုက်တန်တန် အသုံးချတတ်မှ(နေရာပေးတတ်မှ)
ထိုက်ထိုက်တန်တန် အခွင့်အရေးပေးမှ ပညာရှင်ထံမှ တူတူတန်တန်
ပြန်ရမည်ဖြစ်ပါသည်။

ပညာတတ်နဲ့ ပညာရှင် (ဆရာ နေ၀င်းမောင်)

ပညာတတ်နဲ့ ပညာရှင်

ကျွန်တော်တို့နိုင်ငံတွင် ပညာတတ်အလွန်ပေါသည်ဟူသောအချက်ကိုလက်ခံပါသည်။
လမ်းပေါ်မှာတွေ့ရသော လူဆယ်ယောက်တွင် ခြောက်ယောက်က အင်္ဂလိပ်လိုနားလည်သည်ဟု
နိုင်ငံခြားသားလုပ်ငန်းရှင်တစ်ယောက်က ပြောဖူးပါသည်။မြန်မာဈေးကွက်နှင့် ဗီယက်နမ်ဈေးကွက်
တို့ကိုနှိုင်းယှဉ်ရာတွင် မြန်မာနိုင်ငံ၌ ပညာတတ် အစုအဝေးကြီးရှိသည်ဟူသော အားသားချက်တစ်ချက်
ပါဝင်သည်ကို တွေ့ရသည်။သို့သော် ထိုပညာတတ်များသည် နိုင်ငံ၏ စီးပွားရေး၊လူမှုရေး
ဖွင့်ဖြိုးတိုးတက်
မှုကိုဘယ်လောက်အထောက်ကူပြုသလဲလို့ စဉ်းစားကြည့်လျှင် (ခုထိတော့)ထိထိရောက်ရောက် အထောက်
အကူမပြုဟု ဖြေရမည်ထင်ပါသည်။အဘယ်ကြောင့် အထောက်အကူမပြုသနည်း။ပညာတတ်များပြီး
ပညာရှင်နည်းသောကြောင့်ဟု ပြောရမည်ထင်ပါသည်။

မြန်မာပညာတတ်များ

ပညာတတ်နဲ့ပညာရှင်အတူတူပါပဲလို့ ပြောကြပါသည်။ပညာတတ်တိုင်းသည် ပညာရှင်မဟုတ်ဟုဆိုလျှင်
သင်လက်ခံမည်လား။ဤအယူအဆသည် နေရာတိုင်းတွင် မှန်ချင်မှ မှန်မည်ဖြစ်သော်လည်း ကျွန်တော်တို့
ပတ်ဝန်းကျင်တွင် လက်တွေ့ဖြစ်နေသည်။ကျွန်တော်တို့ပတ်ဝန်းကျင်တွင် ပညာတတ်တော်တော်များများ
သည် ဘာကိုမှ ထိထိရောက်ရောက် မတတ်။ထိုသို့ထိထိရောက်ရောက် မတတ်ကြောင်းကိုလည်း
ကာယကံ
ရှင်များကိုယ်တိုင် သိကြပါသည်။
ယနေ့မြန်မာလူငယ်များသည် နိုင်ငံခြားသို့သွားရောက် အလုပ်လုပ်သောအခါ အများစုသည် အများစုသည်
အလုပ်ကြမ်းအဆင့်သာ လုပ်ကြရပါသည်။အဘယ့်ကြောင့် စားပွဲ၊ကုလားထိုင်နှင့် အလုပ်ကို မလုပ်ရသနည်း။
မြန်မာပညာတတ်များသည် နိုင်ငံခြားတွင် ပန်းကန်ဆေးနေရသည်ဟု ပြောကြသည်။တကယ်တော့ ဤကိစ္စသည်
မဆန်း။ပညာရှင် မဟုတ်သောကြောင့် ပညာရှင်နေရာမနေရသည်မှာ မဆန်းပါ။ပညာတတ်တိုင်း ပညာရှင်
မဟုတ်
ဟူသောအချက်မှာရှင်းပါသည်။
ပြီးခဲ့သော တစ်လောက မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသော
နိုင်ငံခြားသားတစ်ဦးနှင့်
စကားလက်ဆုံကျရင်း မြန်မာနိုင်ငံမှာ လုပ်ကိုင်ရတာ ဘာအခက်အခဲရှိပါသလဲဟု မေးကြည့်ဖူးပါသည်။
`ခင်ဗျားတို့တော့ ဘယ်လိုအဖြေမျိုး မျှော်လင့်ထားမလဲ မသိဘူး၊လူအများပြောလေ့ရှိတဲ့ လျှပ်စစ်မီး
အခက်အခဲ၊
ငွေလဲလှယ်မှုနှုန်းထား ကွာဟမှုစတာတွေကို ကျွန်တော့်အနေနဲ့ မပြောချင်ပါဘူး။ဒါတွေရှိမှန်းသိလျှက်နဲ့လာပြီးမှ
ဒါတွေကို အပြစ်မဖို့သင့်ပါဘူး။ကျွန်တော့်အနေနဲ့ ဒီမှာတွေ့ရတဲ့ အခက်အခဲက
`ပညာရှင်´(skillful worker)
ရှားပါးမှုပါပဲ။ကျွန်တော့် ဟိုတယ်လုပ်ငန်းမှာ အသုံးပြုဖို့ ပညာရှင်အမျိုးမျိုး၊လက်သမားခေါင်းဆောင်ကစလို့
ဟိုကခေါ်လာရတယ်။စက်မှုလက်မှုအထက်တန်းကျောင်း လက်မှတ်ရ လူငယ်လက်သမားလေးတစ်ယောက်အတွက်
ကျွန်တော်ဒီမှာဒေါ်လာ ၄ထောင်လောက်ကုန်နေရတယ်။ခင်ဗျားတို့မြန်မာတွေက ဘာမဆို
လုပ်တော့ လုပ်တတ်တယ်။
quality control နဲ့ mass production လုပ်ပါဆိုရင်
မလုပ်တတ်ကြတော့ဘူး။ထိုက်ထိုက်တန်တန်လည်း မတောင်း
ရဲကြဘူး။ကိုယ့်ကိုယ်ကို အပြည့်အ၀ယုံကြည်မှုရှိတဲ့
ပညာရှင်၊အရည်အသွေးကောင်းအောင်လုပ်ပြီး ထိုက်ထိုက်တန်
တန် ယူရဲတဲ့ပညာရှင် မတွေ့ရသလောက်ပါပဲ´ ဟုပြောဖူးသည်။
တစ်ခုတော့ တောပါသေးသည်။ထိုနိုင်ငံခြားသားက ကျွန်တော်တို့မြန်မာများတွင်
ဘာမဆိုဖြစ်အောင်လုပ်တတ်သည့်
အစွမ်းရှိကြသည့်အတွက် ပညာရှင်ဖြစ်ရန် ဗီဇ(potential)အသေအချာရှိနေပါသည်ဟု
ပြောသွားသောကြောင့်ပင်
ဖြစ်သည်။ဗီဇရှိလျှက်နဲ့ လက်တွေ့ဖြစ်မလာသည်မှာဘာကြောင့်လဲဟု
စဉ်းစားကြဖို့ကောင်းပါပြီ။
ယနေ့မဟာရန်ကုန်တွင် တွေ့နေရသော လူငယ်ပညာတတ် တော်တော်များများ၏
ရည်မှန်းချက်မှာ နိုင်ငံခြားသွား
အလုပ်လုပ်ရေးပင် ဖြစ်သည်။နိုင်ငံခြားသွားရာတွင်လည်း ဖြစ်နိုင်လျှင်
ဂျပန်နိုင်ငံကိုသာဆန္ဒရှိကြသည်။
စင်္ကာပူသည် ပညာရှင်များအတွက်သာ နေရာပေးနိုင်သောကြောင့် မိမိအရည်အချင်းကို
မိမိသဘောပေါက်သူများက
အလုပ်ကြမ်းလုပ်ရန် ဂျပန်ကိုသာသွားလိုကြခြင်းဖြစ်သည်။
မဖြစ်နိုင်၍ မြန်မာပြည်တွင် အလုပ်လုပ်ကြရသောအခါတွင်လည်း ကျွန်တော်တို့
မြန်မာပညာတတ် တော်တော်များများ
သည် စာရေးစာချီအဆင့်၊ဧည့်ကြို၊အတွင်းရေးမှူးအဆင့်ကိုသာ မျှော်မှန်းကြသည်ကို
တွေ့ရပါသည်။အမှုဆောင်
အရာရှိ၊မန်နေဂျာ စသော အဆင့်များကို
မမျှော်မှန်းရဲကြခြင်းမှာကိုယ့်အရည်အချင်းကို သဘောပေါက်သောကြောင့်
ဟု ဆိုရမည်ဖြစ်ပါသည်။အမှန်တကယ် အရည်အချင်းရှိလျှင် တစ်ခုခုကို အမှန်တကယ်
ကျွမ်းကျွမ်းကျင်ကျင်
တတ်မြောက်လျှင် ယနေ့နေရာမရှားကြောင်း ပြောလိုပါသည်။(ကိုယ့်အရည်အချင်းကို
အမြဲတမ်းသွေးနေဖို့တော့
လိုလိမ့်မည်။အရာရာကို ကိုယ်နှင့်ဆိုင်သည်ဟု
သဘောထားသင့်သည်။မြန်မာ့ရုပ်မြင်သံကြားမှ သတင်းများကိုပင်
ဘယ်လောက်ကြာကြာ အစအဆုံးစောင့်ကြည့်လေ့လာသင့်ပေသည်။)

Monday, April 5, 2010

မိဘကျေးဇူးဆပ်ချင်သူ

"အရှင်ဘုရား၊ အလုပ်များနေပါသလားဘုရား။"

"အော်-မများပါဘူး၊ နေကောင်းရဲ့လား။"

"တင်ပါကောင်းပါတယ်ဘုရား။"

"တပည့်တော်ခုတစ်လော မိဘတွေကို အရမ်းသတိရနေတယ်ဘုရား။"

"အင်း"

"လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘာကြောင့်ဝေးဝေးသွားရတာလဲ
ဘုရား၊"

"ဟိုက ဒီက အမှိုက်တွေဟာ လေတိုက်လို့ပဲ ပေါင်းဆုံမိကြတယ်၊ အဲ လေတိုက်
လို့ပဲပြန်ကွဲသွားကြရတယ်လို့ ဘုရားပေးထားတဲ့ ဥပမာတစ်ခုရှိပါတယ်။"


"တင်ပါဘုရား၊ လူတွေက ရေစက်ရှိလို့တွေ့ကြရတယ်ထင်ပါတယ်ဘုရား။"

"ဟုတ်ပါတယ်။"

"တပည့်တော် ရန်ကုန်မှာနေရင် အရှင်ဘုရားနဲ့ဘယ်လိုလုပ်ပြီးတွေ့နိုင်ပါ့မလဲဘုရား။"

"အင်း-
ရေစက်ကုန်ရင် တစ်ယောက်နဲ့တစ်ယောက် ဘာမှမဖြစ်ကြပေမဲ့ အလိုလို စိမ်းသွားလေ့ရှိကြတယ်။"

"တင်ပါ့ဘုရား၊ ရေစက်ဆိုတာ ရှေးဘ၀တွေက ကုသိုလ်တွေအတူတူလုပ်ခဲ့ဘူး
တာကိုပြောတာလားဘုရား။"

"သိပ်ဟုတ်တာပေါ့၊ ပါဠိလိုတော့ သဟပုညကာရီ လို့ခေါ်တယ်။"

"တင်ပါ၊ ဒါဆိုရင် ခဏ တွေ့တာဖြစ်နိုင်သလိုအကြာကြီးတွေ့တာလ
ဲဖြစ်နိုင်တာပေါ့ဘုရား။"

"ဟုတ်တယ်"

"ဒါဆိုအမြဲတွေ့နေရတဲ့လူတွေက ရေစက်တော်တော်ကြီးလို့ပေါ့ဘုရား။"

"အင်း-ဒီလိုပဲပြောရမှာပေါ့၊ ကုသိုလ်အတူမပြုဖူးခဲ့ကြပေမယ့် ရန်ငြိုးရန်စ
ရှိခဲ့ကြရင်လည်း တွေ့နိုင်ကြပါသေးတယ်။"
"ဒါကြောင့် တပည့်တော် တို့ အလုပ်လုပ်တဲ့အခါ အမြဲလိုလို သူဌေးတွေပြောင်းပြောင်းလုပ်သွားကြတာ ရေစက်ကုန်လို့နေမှာပါဘုရား။"

"ဟုတ်တယ်၊ လေတိုက်လို့ ဆုံကြတဲ့အမှိုက်တွေဟာ လေတိုက်လို့ပဲ ပြန်ကွဲသွားကြရတယ်၊ ဒါ ဘုရားပေးတဲ့ဥပမာပါ။"

"အော်တင်ပါဘုရား၊ ကံကဆုံခိုင်း ပြီး ကံကပဲခွဲခိုင်းတာပေါ့နော်ဘုရား။"

"ဟုတ်တယ်၊ အဲဒီအတိုင်းပဲ။"

"ဒါဆို သံယောဇဉ် များများထားတာမကောင်းဘူးဘုရား။"

"အဲဒါအမှန်ပဲ၊ တစ်ယောက်နဲ့တစ်ယောက်ခင်မင်ကြတယ်ဆိုရာမှာ
ခင်တာကကောင်းတယ်၊ မင်တာကမကောင်းဘူး။"

"တင်ပါဘုရား၊ စိတ်ကိုခိုင်ခိုင်ထားရတာပေါ့ဘုရား။"

"အဲဒီအဓိပ္ပါယ်ဟာတော်တော်လေးနက်ပါတယ်။"

"တင်ပါဘုရား။"

"ခင်တာနဲ့ မင်တာ မတူဘူး။"

"တင်ပါဘုရား၊ မင်တယ်ဆိုတာ မရှိရင်မဖြစ်တာလို့ထင်တာပဲဘုရား။'

"ဟုတ်တယ်။'

"တင်ပါ၊ ကံကြောင့်ပဲ တပည့်တော် မိဘတွေနဲ့ ဝေးဝေးနေရတာပေါ့နော်ဘုရား။
တခါတလေ တော့ စိတ်ထဲမှာ ပြင်းပြင်းထန်ထန်သတိရပါတယ်ဘုရား
ဒါပေမဲ့ အရင်လောက် မလွမ်းတော့ဘူးဘုရား။"

"ဟုတ်တယ် ဦးဇင်းတို့လဲဒီအတိုင်းပါပဲ။"

"အားငယ်တဲ့အခါ စိတ်ညစ်တဲ့အခါပေါ့ဘုရား။"

"ဒါပေမဲ့ လူတွေက မိမိကိုယ်သာကိုးကွယ်ရာပါဘုရား။"

"ဟုတ်တယ်၊ အဲဒါအမှန်ဆုံးပဲ။"

"အရင်က မိသားစုတွေ အတွက်သိပ်စိတ်ပူတက်တယ်ဘုရား။"

"အင်း"

"ဒါပေမဲ့ တပည့်တော် ပြေးကြည့်လို့လဲရတာမဟုတ်ဘူးဆိုတော့ စိတ်လျော
့ပြီးတော့တက်နိုင်သလောက် သူတို့ စိတ်ချမ်းသာအောင်နေမယ်လို့ပဲဆုံးဖြတ်
ထားပါတယ်၊ လူတွေက သတ္တ၀ါတစ်ခု ကံတစ်ခု ပဲဘုရား။"

"အဲလိုစိတ်မွေးနိုင်ရင် ချမ်းသာတယ်။"

"ဘာမှ လုပ်ယူလို့မရပါဘူး၊သူ့ကံအကြောင်းနဲ့သူလာတာမို့လို့၊
လမ်းမမှားအောင်ပဲထိန်းပေးလို့ရပါတယ်၊ "

"အင်း"

"တပည့်တော်အဖေက အရမ်းအလုပ်များပါတယ်ဘုရား။ တပည့်တော်က
အဲဒါတွေကိုလျှော့ပြီး အဖေနဲ့အမေကို တရားအားထုတ်စေချင်ပါတယ်ဘုရား။
အဲလိုဖြစ်အောင်လည်းတိုက်တွန်းနေပါတယ်။ အမေကတော့ အလှူအဒါန်း
ဝါသနာပါပေမယ့် တရားအားထုတ်ဖို့ကျတော့ သိပ်ဝါသနာမပါသေးဘူးဘုရား။"

"တိုက်တွန်းဖန်များရင်ရလာမှာပါ၊ ဘယ်မိဘမဆို ကိုယ့်သားသမီးကိုကိုယ်
လေးစားလာပြီဆိုရင် သားသမီးစကား နားထောင်လာကြတာပါပဲ။ မိဘ
တွေကလေးစားလာအောင် ကိုယ်ကနေထိုင်တတ်ရမယ်။ အဲဒါမျိုးကို
အတိဇာတသားသမီးလို့ ခေါ်တယ်မဟုတ်လား။"

"တင်ပါ့ဘုရား။ တပည့်တော်ကိုတော့ အလေးထားကြပါတယ်ဘုရား။
တပည့်တော်မိဘတွေကို ပစ္စည်းဝတ္ထုနဲ့သာမက တရားဓမ္မနဲ့ပါ
ကျေးဇူးဆပ်နိုင်အောင် ကြိုးစားသွားမှာပါဘုရား။"

"သိပ်ကောင်းတာပဲ။"

"တင်ပါဘုရား၊ ခွင့်ပြုပါဦးဘုရား၊ "

"ကောင်းပါပြီ။"

"နောက်လည်းမေးစရာရှိရင် မေးခွင့်ပြုပါဘုရား။"

"မေးနိုင်ပါတယ်၊ သိသလောက်ဖြေရတာပေါ့။"

"တင်ပါ့၊ ဦးတင်ပါတယ်ဘုရား။"

Posted by အရှင်ဝိသာရဒ(ရမ္မာဝတီ)

မြန်မာတွေ ညံ့တယ်ပြောရင် စိတ်ဆိုးတယ် (လူထုစိန်ဝင်း)

“ကျွန်တော်တို့မြန်မာတွေကိုကညံ့ပါတယ်”
လူငယ်တွေနဲ့စကားပြောပြော၊လူကြီးတွေနဲ့တွေ့တွေ့ဒီစကားကိုအလွယ်တကူ
ပြောတက် ကြတာ သတိထားမိပါတယ်။ ကမ္ဘာကြီးတစ်ခုလုံးအရှိန်အဟုန်ပြင်းစွာ
တိုးတက်ပြောင်းလဲနေတဲ့အကြောင်း တွေပြောလည်း နောက်ဆုံးကောက်ချက်က
ဒီစကားပဲဖြစ်တယ်။ဘောလုံး ပွဲနဲ့အားကစား အကြောင်းပြောလည်းနောက်ဆုံးဒီ
စကားနဲ့ပိတ်သွားတာပဲ။ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းမြို့ပြသန့်ရှင်းရေးစတဲ့
သောင်းပြောင်းထွေလာတွေပြောလည်းနောက်ဆုံးတော့ဒီစကားနဲ့ပဲအဆုံးသတ်
သွားရ တာပဲ ဖြစ်တယ်။

ဒီစကားကြားတိုင်းကျွဲမြီးတိုရတယ်။ ပြောလာတဲ့သူတိုင်း ကိုဘာကြောင့်ဒီလို ကောက်ချက်ချရ
တာလည်းလိုလည်းပြန်ပြီးမေးခွန်းထုတ်ဖြစ်တယ်။
ဒီတော့သူတို့က ဟိုကြည့်ပါလား၊ ဒီကြည့်ပါလား ဆိုပြီးလက်ညှိုးနဲ့
လျှောက်ထိုးပြတက်ကြတယ်။
ဟုတ်ကဲ့၊ကောင်းပါတယ်။ ကမ္ဘာကြီးတစ်ခုလုံးခြုံကြည့် လေ့လာတာ
သိပ်ကောင်းပါတယ်။ဒါပေမယ့်
ဟိုကြည့်ဒီကြည့်လုပ်ပြီးရင်ကိုယ့်ကိုယ်ကိုပြန်ကြည့်ဖို့သတိမရတာ
တော့မကောင်းဘူးလို့ပြောလိုက်
ဖြစ်တယ်။ ဟိုကဒီကလူတွေ
လုပ်သလိုကိုယ်ကရောလုပ်နေလို့လား၊လုပ်ခဲ့လို့လား။လုပ်ဖို့စိတ်ကူး
ရောရှိလို့လား ဆိုတာပြန်ပြီးသုံးသက် ကြည့်ပါဦးလို့ လည်းပြောလေ့ရှိပါတယ်။

မြန်မာလူမျိုးတွေပျင်းတယ်၊ စည်းကမ်းမရှိဘူးဆိုတဲ့စကားတွေ အရင်ဆုံး
စပြောခဲ့တာကနယ်ပယ်ချဲ့ထွင်း
ရေးသမားတွေရဲ့ကိုယ်စားလှယ် လက်ပါးစေတွေ ဖြစ်ကြပါတယ်။ သူတစ်ပါး
နိုင်ငံကိုကျူးကျော်သိမ်းပိုက်
ရခြင်းဟာအမြတ်ထုတ်သွေးစုပ်ဖို့မဟုတ်ပါဘူး။သူတို့လူမျိုးတွေကိုကယ်တင်ဖို့ဖြစ်ပါတယ်လို့ဟစ်အော်ဖို့
အတွက် မြန်မာတွေကိုချိုးနှိမ် အပြစ်ဖို့ခဲ့ကြတာသာ ဖြစ်ပါ တယ်။

နောက်တော့  မြန်မာတွေဖျင်းသေး၊ညံ့သေးတယ်၊ ခေတ်ပညာတက်တွေနည်းသေးတယ်၊
နိုင်ငံကိုအုပ်ချုပ်ဖို့ အရည်အချင်းမပြည့်ဝသေးဘူး။ ဒါကြောင့်လွတ်လပ်ရေးကို
ချက်ချင်းပေးလို့ မဖြစ်သေးဘူး။ ဖြည်းဖြည်းချင်း (၉၁)ဌာနအုပ်ချုပ်ရေးတို့
၊ဒိုမီနီယံတို့၊ ဟုမ္မရူးတို့ဆိုတဲ့အဆင့်တွေဖြတ်သန်းရဦးမယ်
စတဲ့စတဲ့အကြောင်းပြ ချက်တွေနဲ့ဆက်လက်ပြီး
ကိုလိုနီလုပ်ထားချင်သေးတာပဲမဟုတ်လား။

တိုးတက်လှပါတယ်ဆိုတဲ့အနောက်နိုင်ငံကြီးတွေမှာ
၂၀ရာစုဦးပိုင်းကာလထိအမျိုးသမီးတွေပညာသင်ကြားခွင့်
ရရေးအတွက်တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြရတာတွေရှိနေသေးတာ
ကိုပြန်ပြီးသတိရနေစေချင်တယ်။

အင်္ဂလန်နိုင်ငံအောက်စ်ဖို့ တက္ကသိုလ်ကြီးက ၁၉၂၀ခုနှစ်ကျမှမိန်းကလေးများကို
ဘွဲ့ပေးပါတယ်။ ကိန်းဘရစ်တက္ကသိုလ်ကြီးက
၁၉၂၃ခုနစ်ကြမှဘွဲ့ပေးပါတယ်။အရင်ကဘွဲ့မပေးပဲကျောင်းတက်ခွင့်ပြုထားရုံသာရှိပါတယ်။

မြန်မာနိုင်ငံမှာမိန်းကလေးတွေဟာဟိုရှေးရှေး
ပဒေသရာဇ်ခေတ်တွေမှကတည်းကယောက်ျားလေးတွေနဲ့အတူ ဘုန်းတော်ကြီးကျောင်းတွေမှာ
စာသင်ကြားခွင့်ရခဲ့ကြပါတယ်။ သင်ပုန်းကြီးကုန်ရုံ အခြေခံပညာအဆင့်တော့
ကျေးလက်ဇနပုဒ်ကမြန်မာ မိန်းကလေးတိုင်းလောက် နီးပါး တက်မြောက်ခဲ့ကြပါတယ်။
ကိုလိုနီဘ၀ ကျရောက် နေချိန် မှာတောင်မြန်မာနိုင်ငံဟာ
အာရှတိုက်တစ်ခုလုံးမှာ စာတတ်မြောက်မှု ရာနှုန်းအမြင့် ဆုံး
နိုင်ငံဖြစ်ခဲ့တာပါ။

ပုဂံကဗိသုကာလက်ရာမှာ ဒီနေ့ခေတ်အထိ အံ့မခန်းဖွယ်ရာအဖြစ် ယူဆကြရတဲ့ အာနန္ဒာ
စေတီလိုစေတီပုထိုးတွေ အများအပြားတည်ဆောက်နေချိန်မှာဒီနေ့ကမ္ဘာ
ထိပ်သီးအမေရိကန် နိုင်ငံကြီးဟာ ရွှံ့တော ၊ဗွက်တောနဲ့ လူသူမရှိ
တောကြီးမျက်မည်း အဖြစ်သာရှိနေပါသေးတယ်။

တချို့ဥရောပနိုင်ငံတွေဟာ ပင်လယ်ဓါးပြ လုပ်စားတဲ့အဆင့်မှာသာ ရှိနေပါသေးတယ်။
မဝေးလှသေးတဲ့မင်းတုန်းမင်း တရားလက်ထက်တော် ကြီးမှာရေမြုပ်ဗုံးနဲ့
အမြောက်လက်နက်တွေထုတ်လုပ်တဲ့စက်ရုံတွေကစပြီး ရက်ကန်းစက်ရုံ၊
ဒင်္ဂါးသွန်းစက်ရုံ ၊ ဖန်ချပ်စက်ရုံ၊နောက်ဆုံးပိတ် မဲနယ်စက်ရုံအထိ တည်ဆောက်
ထုတ်လုပ်နိုင်ခဲ့တာကိုလည်း ဒီနေ့ ခေတ်နဲ့ နှိုင်းယှဉ်လေ့လာသင့် ကြပါတယ်။

ဒါတွေကိုထား မနေ့တနေ့က အခြေအနေကိုပဲ ကြည့်ပါအုံး။ နိုင်ငံရေး ၊
စီးပွားရေးတွေကို မပြောပါဘူး။
လူတိုင်းစိတ်ဝင်စားတဲ့ အားကစားဘက်ကိုပဲ ကြည့်ကြ ပါစို့။

တာဝေးပြေးမာရသွန်မှာ အရှေ့တောင်အာရှဒေသတွင်းလောက်တော့မြန်မာကို
ဘယ်သူကမော်ကြည့်နိုင်ခဲ့လို့လဲ။ ဆယ်စုနှစ် ၂ခုကျော်၊
၃-ခုလောက်မြန်မာတွေကချည်း စိုးမိုးထားခဲ့တာမဟုတ်လား။ မီတုံးနော်က
ဆယ်နှစ်ဆယ်မိုး ရှင်ဗွေဂန်းက ဆယ် နှစ်ဆယ်မိုးနောက်ပြီးတော့ လှသိန်းကလဲ
သူတို့နီးပါးပွဲတိုင်း ဗိုလ်ဖြစ်ခဲ့တာချည်း ပါပဲ။

အမျိုးသမီး လှံတံပစ် ၊ သံလုံးပစ် ၊ သံပြားပစ်ဆိုတာမှာလဲ ဆယ်စုနှစ် ၂
ခုလောက်ထိ မခင်ထွေးတို့ ၊ မခင်ဌေးတို့ ၊ ဂျနီဖာတင်လေးတို့က
လွှမ်းမိုးထားနိုင်ခဲ့တာပဲ။

ပြီးတော့ လက်ဝှေ့ ကျားဘညိမ်း ၊ မဂျစ် ၊ တီအောင်နောက်တော့ စံလှ ၊ ရဲချစ် ၊
ရဲဆွေ ၊ လှရွှေ ၊ သိန်းမြင့် ၊ တင်ထွန်း စသူတို့က အရှေ့တောင်အာရှ
ဘုရင်တွေပဲ အလေးမ ထွန်းမောင် ၊ ထွန်းကြွယ် ၊ ရေကူး တင်မောင်နီ ၊ တာတိုပြေး
ဘုရင်မ ဂရေစီကား။

နောက်တော့ဘောလီဘော ၊ဘောလုံး အရှေ့တောင်အာရှမှာတော့ ဘယ်ဘက်က
စမ်းစမ်းမြန်မာက ဗိုလ်တကာ ဘုရင်ပါ။ အဲဒီခေတ်က ယိုးဒယား ၊ မလေးရှား ၊
ဖိလစ်ပိုင် ၊အင်ဒိုနီးရှားတို့ဆိုတာက စီးပွားရေးအရလည်း အင်မတန်ဆင်းရဲမွဲတေ
နေသေးတဲ့ အချိန်ကာလ ။

စင်ကာပူနိုင်ငံ အဖြစ်တောင်မရောက်သေးပါဘူး။ ဂျပန်တို့ ဘာတို့ဆိုတာက ၁၉၄၀ ၊
၁၉၅၀၊၁၉၆၀ ကာလတွေတုန်းက ဘောလုံးဆိုတာဘယ်လိုကန်ရမှန်းတောင်သိသေးတာမဟုတ်ဘူး။
သူတို့ကအမေရိကန်တွေအတိုင်းဘေ့စ်ဘောစိတ်ဝင် စားကြတာ။

မြန်မာတွေ ညံ့တယ်ပြောမယ်ကြံတိုင်း ခုပြောခဲ့တဲ့မြန်မာတွေ အကြောင်း
ပြန်စဉ်းစားစေချင်ပါ တယ်။လူမျိုးတစ်မျိုးအနေနဲ့ မြန်မာတွေဟာ အရည်အသွေး ၊
အစွမ်းအစ ဘယ် ဘက်ကမှ မညံ့ပါဘူး။ ဘယ်သူ့အောက်မှ မနိမ့်ကျပါဘူး။ ခုခေတ်ပြော
လေ့ရှိတဲ့ အိုင်ကျူ ဆိုတာနဲ့ပြောလည်း အာရှတိုက်မှာ
အမြင့်ဆုံးထဲမှာပါတယ်လို့ပြောရဲတယ်။

မြန်မာတွေရဲ့အရည်အသွေးအစွမ်းအစ မညံ့ကြောင်း အနောက်နိုင်ငံက မြန်မာ့
အရေးလေ့လာသူ ပညာရှင်တွေ ၊ သတင်းစာ ဆရာတွေ၊စာရေးဆရာတွေလည်းစာရေးဆရာတွေလည်း
သိကြပါတယ်။ မြန်မာလူမျိုးများရဲ့ နိုင်ငံရေးအသိ၊ နိုင်ငံရေးနိုးကြားမှု၊
နိုင်ငံတကာဗဟုသုတကြွယ်ဝမှုကို အဆိုပါ ပညာရှင်တွေအားလုံး အသိအမှတ်ပြုကြပါတယ်။

သူတို့နိုင်ငံကလူတွေထက်သာပါတယ်လို့တောင်ထုတ်ပြောကြပါတယ်။မြန်
မာလူမျိုးတစ်ယောက်ဟာ အမေရိကန်နိုင်ငံအကြောင်း လဲသိတယ်။
အီရတ်ကိစ္စလည်းသိတယ်။ ဘော့စနီးယား၊ဆားဘီးယားတို့သိတယ်။တောင်အာဖရိ က
အကြောင်းလည်းသိတယ်။
လူလတ်တန်းစား
အမေရိကန်တွေကိုမေးကြည့်ရင်တောင်ဒီလိုနိုင်ငံတွေအကြောင်း မြန်မာတွေလောက်မသိကြပါဘူးလို့ ရိုးရိုးသား
သားပြောကြ ပါတယ်။

အတွေ့အထိများတဲ့သတင်းစာဆရာ၊စာရေးဆရာတွေနဲ့တွေ့တိုင်းမြန်မာ့
သတင်းစာသမားများ ဟာတချို့နေရာများမှာအထူးသဖြင့် နိုင်ငံရေး ၊ ကမ္ဘာ့အရေး
၊လေ့လာသုံးသပ်ရာမှာရေးသားတင်ဆက်မှု အတတ်ပညာပိုင်းမှာသူတို့ဆီကလူတွေထက်
အများကြီးသာ တယ်။ ဘာကြောင့်လဲ ဆိုတော့မြန်မာလူမျိုးတွေလို
ကျွန်ဘ၀၊နယ်ချဲ့လက်အောက်ခံဘ၀၊ ဖက်ဆစ်လက်အောက်ခံဘ၀စတာတွေကို
သူတို့မကြုံတွေ့ခဲ့ဖူးဘူး။ ပြီးတော့ နယ်ချဲ့ဆန့်ကျင်ရေး
၊ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေ မ၀င်ခဲ့ဖူး
ဘူးလို့ ရှင်းပြတော့ ကန့်ကွက်သူမရှိ သဘောတူ
လက်ခံကြပါတယ်။ဟုတ်ပါတယ်။မြန်မာလူမျိုးတွေဟာစိတ်ယဉ်ကျေးမှုအဆင့်မြင့်ရုံ
သာမက သတ္တိ လဲပြောင်ကြပါတယ်လို့တောင် ထပ်ဆင့်ပြောကြပါတယ်။

နိုင်ငံခြားသားတွေကတောင် မြန်မာလူမျိုးများရဲ့ ကိုယ်ရည်ကိုယ်သွေး ၊
ဥာဏ်စွမ်း ဥာဏ်စ၊ နိုင်ငံရေးဗဟုသုတပြည့်ဝမှုနဲ့
သတ္တိပြောင်မှုများကိုထောမနာပြုနေကြရ တာတောင်မှ
ဘာဖြစ်လို့များတချို့မြန်မာတွေက“မြန်မာတွေကညံ့ပါတယ်”လို့
ပြောနေကြတာပါလိမ့် လို့တွေးလို့မရ စဉ်းစားလို့ မရဖြစ်ရ ။
ပြီးတော့ဒေါသဖြစ်ရတယ်။

ကျွန်တော်ညံ့တယ် ၊ ခင်ဗျာညံ့တယ် ၊ သူညံ့တယ်လို့ ပြောချင်ပြောပါ။
လက်ခံပါတယ်။ ကိုယ်ညံ့တာလည်းကျွန်တော်ဒီနေရာက၀န်ခံပါတယ်။
ကိုယ်ကြောက်တာလည်းဒီနေရာ
ကျွန်တော်ဝန်ခံပါတယ်။ “မြန်မာတွေက ညံ့ပါတယ် ”လို့သိမ်းကြုံးပြောရင်တော့
အားကြီးစိတ်ဆိုးပါတယ်။

လူထုစိန်ဝင်း၏‌ "လမ်းဖောက်သူဖြစ်ပါစေ " ဆောင်းပါး‌ပေါင်းချုပ်မှ
ကူးယူတင်ပြအပ်ပါသည်၊၊

မြန်မာအခေါ်ခံရဖို့ မထိုက်တန်တဲ့သူတွေ (လူထုစိန်ဝင်း)

ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျောင်းသူဟောင်း သုံးယောက် ရောက်လာတယ်။ တစ်ယောက်က တိုကျိုက၊ တစ်ယောက်က တိုင်ပေ က၊ နောက်တစ်ယောက်ကတော့
တိုင်ပေမှာ
လေး၊ ငါး၊ ခြောက်နှစ် သွားနေပြီးမှ ရန်ကုန်ပြန်လာနေသူ ဖြစ်တယ်။
တိုင်ပေကတစ်ယောက် ကတော့ တရုတ်နှစ်သစ်ကူးအချိန် ရောက်တိုင်း
ပြန်လာနေကျဖြစ်ပေမယ့် ဂျပန်ကတစ်ယောက်ကတော့ ထွက်သွားပြီးကတည်းက
အခုမှပထမဆုံး အကြိမ်ပြန်တွေ့ရတာ ဖြစ်တယ်။


ဗမာစကားပီသတဲ့လူတွေ


သုံးယောက်သားချိန်းပြီး အတူရောက်လာကြတာဆိုတော့ စကား တွေပြောလို့
မကုန်အောင်ဖြစ်နေကြ တယ်။ အဲဒီလိုစကားပြောကြရင်းက တစ်ခုသတိထားလိုက်မိတယ်။
ဂျပန် ကလာတဲ့ တပည့်မက ဗမာစကားကို ဘာသံမှမ၀ဲဘဲ ပီပီသသကြီးပြောနေတဲ့အချက်
ဖြစ်တယ်။ အခုတလော ရေဒီယိုကနေကြားကြားနေရတဲ့
ဂျပန်ရောက်ဗမာတွေရဲ့စကားပြောသံတွေ ဟာ ဂျပန်သံဝဲ၀ဲ နေကြတာတွေ့ရတယ်။
စကားပြောရင်းနောက်ဆုံး စကားလုံးကျရင် အသံကိုသံရှည်ဆွဲ သွားပြီးမှ ရုတ်တရက်
ရပ်ပစ်လိုက်ကြတယ်။ ဂျပန်စကားပြောနေကျမို့ နေမှာပဲလို့မှတ်ထင်နေတယ်။ ဟောအခု
တစ်ယောက်ကတော့ ဘာသံမှမ၀ဲဘဲ ဗမာစကားကို ဗမာလိုပဲပီပီသသကြီး
ကိုပြောနေလိုက်တာ အံ့သြတောင် သွားရတယ်။ တကယ်တော့ သူက ဗမာတောင်မဟုတ်ပါဘူး။
လားရှိုး ဇာတိ မြန်မာပြည်ပေါက် တရုတ်မလေးပါ။ စက်မှုတက္ကသိုလ်က ဗိသု
ကာဘွဲ့ရပြီး ၁၉၈၈ ခုနှစ် မတိုင်မီက တည်းက ဂျပန်ကို ထွက်သွားတာဖြစ် ပါတယ်။
အခုရောက်လာတဲ့ သုံးယောက်စလုံး တရုတ်မလေးတွေပါ။ တိုင်ပေမှာနေသူကလည်း ဟိုမှာ
နှစ်ပေါင်းနှစ်ဆယ်ကျော်ပါပြီ။ ဘာသံမှ မ၀ဲပါဘူး။


ဗမာစကားမပီသတဲ့ဗမာတွေ


အသံမ၀ဲရုံတင်မဟုတ်ဘူး။ သူ က မြန်မာပြည်ကိုလည်း ချစ်ပါ တယ်။ နှစ်ကူးချိန်ရောက်တိုင်း
တစ်နှစ်တစ်ခေါက် ရောက်အောင်ပြန်ပါ တယ်။ ရောက်တာနဲ့သူ့ဇာတိ ဇီးကုန်း
ကိုပြန်ပြီး ငယ်စဉ်က ဆရာသမား တွေကိုလိုက်လံ တွေ့ဆုံပြီးကန်တော့ ပါတယ်။
ဘုန်းကြီးကျောင်းတွေ ဘာတွေကိုလည်း လှူဒါန်းမှုတွေ လုပ်ပါတယ်။ သူက
တိုင်ပေကအဆင့်မြင့် နိုင်ငံတကာဟိုတယ်ကြီးတစ်ခုမှာ မန်နေဂျာအဆင့်
ရာထူးရထားပါတယ်။ ဒါပေမဲ့ သူများတကာတွေလို မိဘဆွေမျိုးတွေပါခေါ်ပြီး
ဟိုမှာမနေပါ ဘူး။ တစ်ယောက်တည်းပဲ နေပါတယ်။ သူတို့တစ်တွေလို
နှစ်ပေါင်းနှစ်ဆယ်၊ အစိတ်နိုင်ငံခြားသွားနေတဲ့ မြန်မာပြည်ပေါက်
တရုတ်မလေးတွေက ဗမာ စကားပီပီသသပြောပြီး မြန်မာပြည် ကို ချစ်နေကြပေမယ့်
လွန်ခဲ့တဲ့လေး ငါးနှစ်ကမှ နိုင်ငံခြားရောက်သွားတဲ့ ဗမာစစ်စစ်တွေက
ဗမာစကားကိုနိုင်ငံခြားသံဝဲပြီး ပြောနေကြတာကိုတော့ ဘယ်လိုမှနားမလည်နိုင်တာ
အမှန်ပါပဲ။


မြန်မာပြည်နဲ့မတန်ဘူးတဲ့


တချို့များ ဗမာစကားကို နိုင်ငံခြားသံဝဲပြီး ပြောရုံတောင်မကပါဘူး။ သူတို့တတ်ထားတဲ့
ပညာတွေဟာ မြန်မာပြည်နဲ့ မတန်အောင် မြင့်နေတဲ့ အတွက်
ပြန်လာလည်းအချည်းနှီးပဲ လို့တောင်ပြောတတ်ကြသေးတယ်။ တတ်ထားတဲ့ပညာနဲ့
လူသားတွေကို အကျိုးပြုနေဖို့ပဲလိုတယ်။ ဘယ်နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့
ကျဉ်းမြောင်းတဲ့ အမြင်မျိုးမထားသင့်ဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ
ဂလိုဘယ် အ မြင်ရှိဖို့ လိုတယ်။ ဟိုနိုင်ငံသား၊ ဒီနိုင်ငံသားဆိုတဲ့
သတ်မှတ်ချက်တွေဟာ ခေတ်နဲ့ မညီတော့ဘူး။ လူသားအားလုံးဟာ ကမ္ဘာသူ၊
ကမ္ဘာသားတွေပဲ လို့ ကြည့်တတ်မြင်တတ်ရမယ်လို့လည်း ပြောလေ့ရှိကြတယ်။ အရှက်
မရှိလို့ မျက်နှာပြောင်တိုက်ပြီးပြောနေ ကြတာပါ။ ကိုယ့်ရပ်ကိုယ့်ရွာကကိုယ့်
ဆွေမျိုးအသိုင်းအ၀ိုင်းကိုတောင် အကျိုးပြုချင်တဲ့ စေတနာမရှိတဲ့သူမျိုးက
ကမ္ဘာ့ လူသားတွေကို အကျိုးပြုမယ်လို့ ပြောနေတာကိုဘယ်သူက ယုံမှာလဲ။


သူများတွေပါ အမြီးပြတ်စေချင်လို့


လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ချင်း ကိုယ်နေချင်ရာနေ၊ ကိုယ်လုပ်ချင်တာလုပ်၊ ကိုယ့်အပူမဟုတ်လို့ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ဟာကိုယ် အမြီးပြတ်တာကို
ဆိတ်ဆိတ်မနေဘဲ သူများတွေပါ အမြီးလိုက်ဖြတ်ဖို့ တောင်ပြောမြောက်ပြော
လျောက်ပြောနေတာတွေတော့ သည်း မခံနိုင်ဘူး။ ဒါပေမဲ့ တော်ပါသေးတယ်။ အဲဒီလို
အမြီးပြတ်တွေက လက်တစ်ဆုပ်စာလောက်သာရှိလို့။ နိုင်ငံခြားရောက်
မြန်မာလူငယ်တွေ အများစုကတော့ သူတို့လိုမဟုတ်ကြ ဘူး။
ကြိုးစားပမ်းစားအလုပ်တွေ လုပ်ပြီး မိဘတွေကိုကျေးဇူးဆပ်နေ ကြရှာတာပါ။
တချို့များ အလုပ်နှစ် မျိုးပြောင်းပြီး တစ်နေ့ကို ၁၆ နာရီ လောက်အထိကို
လုပ်ကြရရှာတာ။ တချို့ကျတော့လည်း အလုပ်တစ်ဖက်လုပ်ရင်းနဲ့ ကျောင်းတက်ပညာ
သင်လိုက်ကြသေးတယ်။ ဒီကြားထဲ ကတောင် မိဘတွေဆီလစဉ်မပျက်မကွက်
လှမ်းပြီးကန်တော့နေကြတာ ချီးကျူးစရာကောင်းလှတယ်။


တွံတေးသိန်းတန်ကြိုက်ကြလွန်းလို့


အနှစ်နှစ်ဆယ်၊ အစိတ် နိုင်ငံခြားသွားမယ့်သူတွေကို အင်္ဂလိပ် စကားပြောသင်တဲ့
ဆရာလုပ်ခဲ့တာဆို တော့ ကမ္ဘာ့နိုင်ငံအတော်များများမှာ
ကျောင်းသူကျောင်းသားတွေထောင် နဲ့ချီပြီးရှိနေကြပါတယ်။ မြန်မာပြည် ဟာ
သူတို့ပညာနဲ့မထိုက်တန်သေးလို့ ပြန်မလာဘူးလို့ ပြောတဲ့သူ
ကိုယ့်ကျောင်းသူကျောင်းသားထဲက လေး ငါးယောက်ထက်မပိုပါဘူး။ အများစုက
မြန်မာပြည်ကို လွမ်းတသသနဲ့ နေနေကြတာချည်းပါ။ တွံတေးသိန်းတန်နဲ့
ဟင်္သာတထွန်းရင် သီချင်းခွေတွေဆို ကိုယ်ကသာနားမထောင်တာ တပည့်တွေမှာလို့
ခဏခဏ၀ယ်ပို့နေ ရတယ်။ တချို့များ ကြံကြံဖန်ဖန် ကျောက်ငရုတ်ဆုံနဲ့
လဲမှို့ခေါင်းအုံး တောင်မှာလို့ပို့ရတယ်။ အမေရိကန် မှာ မွေးပြီး
ဟိုမှာပဲကြီးတဲ့ တစ်ဦးတည်းသော မြေးယောက်ျားလေးက
တောင်မြန်မာပြည်ကအချဉ်ထုပ်တွေ နဲ့ လက်ဖက်သုပ်ကိုသိပ်ကြိုက်တာ။
''များများနဲ့မြန်မြန်ပို့ပါဖိုးဖိုး'' လို့ဖုန်း
ဆက်တိုင်းပြောလေ့ရှိပါတယ်။


သူတို့ပြန်လာကြမှာပါ


အဖေဗမာ၊ အမေဗမာဆိုတော့ မြေးကလေးရဲ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေက
ဗမာ့သွေးတွေချည်း မဟုတ်လား။ ဇာတိသွေးဆိုတာ ပျောက်ခဲပါတယ်။ ဗမာသွေးမနှော
တဲ့ တပည့်မလေးတွေတောင် မြန်မာ့ မြေမှာမွေး၊ မြန်မာ့လေကိုရှူ၊ မြန်မာ့
ရေကိုသောက်ပြီး မြန်မာ့ဆန်ကိုစားခဲ့ ကြတာ ဖြစ်လေတော့ မြန်မာပြည်ကိုပဲ
လွမ်းတသသဖြစ်နေကြတာပါ။ အခွင့်သာတိုင်း မြန်မာပြည်ကိုပြန်လာ ကြပါတယ်။
ကိုယ့်နိုင်ငံအပြင်ထွက် ပြီး နိုင်ငံစုံရောက်ဖူးလေလေ မြန်မာ
ပြည်လောက်နေချင်စရာကောင်းတဲ့ ပျော်စရာကောင်းတဲ့နိုင်ငံမရှိဘူးဆိုတာ
သိလေလေဖြစ်တာကြောင့် တစ်နေ့မှာ သူတို့ပြန်လာကြမှာပါ။ မြန်မာပြည်ဟာ
သူတို့ပညာနဲ့ မထိုက်တန်သေးဘူးဆိုတဲ့ လူတွေကိုလည်းစကား
တစ်ခွန်းပြောချင်ပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်မျိုးတွေဟာ မြန်မာလူမျိုး
ဖြစ်ဖို့ထိုက်တန်တဲ့ အဆင့်မဟုတ်ဘူး ဆိုတာပဲဖြစ်ပါတယ်။


အနတ္တကို ဦးထိပ်ထား


မြန်မာလူမျိုးဖြစ်ဖို့ဆိုတာ လွယ်တယ်ထင်သလား။ ဗြဟ္မစိုရ်တရားနဲ့ ဟီရိသြတပ္ပတရားတွေကို နားလည် သဘောပေါက်ပြီး လိုက်နာကျင့်သုံး မှ မြန်မာလူမျိုးစစ်တာ။ နိုင်ငံခြားမှာ
ဘယ်လောက်အကြာကြီးနေနေ ဒီတရားတွေကို
လိုက်နာကျင့်ကြံနေသရွေ့မြန်မာလူမျိုးလို့ ခေါ်နိုင်တယ်။ ဒီ တရားတွေကို
လုံးဝပစ်ပယ်ပြီး 'ဘယ်သူသေသေငတေမာပြီးရော' ဆိုတဲ့
စိတ်ဓာတ်မျိုးထားသူဆိုရင်တော့ မြန်မာနိုင်ငံတွင်းမှာနေလည်း မြန်မာလူ
မျိုးလို့ အခေါ်ခံရဖို့ မထိုက်တန်ပါဘူး။ မြန်မာစိတ်၊ မြန်မာစရိုက်ရဲ့ အနှစ်
သာရက 'အတ္တ' ကိုပယ်ခွာခြင်းဖြစ်တယ်။ ဗုဒ္ဓဆုံးမခဲ့တဲ့ 'အနတ္တ' တရား
ကိုဦးထိပ်ထားကြတယ်။ ''ဘယ်သူ သေသေ ငတေမာပြီးရော'' စိတ်က 'အတ္တ'
လွန်ကဲမှုဖြစ်တယ်။ လူအများ ဘာဖြစ်ဖြစ် 'ငါ' ကောင်းစားဖို့သာ
အဓိကဆိုတဲ့စိတ်ဖြစ်တယ်။ ဒီလူမျိုး တွေက
မျောက်ပြဆန်တောင်းလုပ်တာမျိုးကိုလည်း ရှက်ရကောင်းမှန်း
မသိဘူး၊ကြောက်ရကောင်းမှန်းလည်း မသိဘူး။ မေတ္တာ၊ကရုဏာ၊ စေတနာ
ဆိုတာတွေလည်းနားမလည်ပါဘူး။ ဒီလူမျိုးတွေဟာ မြန်မာလို့အခေါ် ခံရဖို့
မထိုက်တန်သူတွေပါ။

လူကိုလူလိုလေးစားခြင်းဟာ ယဉ်ကျေးမှု

Written by လူထုစိန်ဝင်း

စာနယ်ဇင်းတွေဖတ်ရင်းနဲ့ အနယ်နယ်အရပ်ရပ်မှာ စာပေဟောပြောပွဲနဲ့ စာပေဆွေးနွေးဝိုင်းတွေလုပ်ကြတဲ့ သတင်းတွေမပြတ်တွေ့နေရတယ်။ ဟိုရှေးကတော့
နတ်တော်လဆန်း တစ်ရက်နေ့ တစ်ရက်တည်းပဲ စာပေဟောပြောပွဲနဲ့ စာဆိုတော်နေ့
ကျင်းပကြတယ်။ နောက်တော့ မန္တလေးက ဦးလေးလူထုဦးလှက နတ်တော်လတစ်လလုံးကို
စာဆိုတော်လလို့ သတ်မှတ်ပြီး စာပေဟောပြောပွဲတွေလုပ်ကြပါလို့
စတင်လှုံ့ဆော်ခဲ့တာကြောင့် စာဆိုတော် နေ့ကျော်လွန်သွားလည်း ဟော ပြောပွဲတွေ
ဆက်လုပ်ကြတယ်။ဆရာတွေဖောင်းပွနေ
အခုတော့ နတ်တော်လတစ်လတည်း သာမကတော့ဘူး။ တစ်နှစ်ပတ်လုံး စာပေဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ တောရောမြို့ပါမကျန် ကျင်းပနေကြတာကို ၀မ်းသာစရာတွေ့ရတယ်။
ဦးလေးလှသာရှိရင် သိပ်ဝမ်းသာမှာ။ စာပေ လှုပ်ရှားမှု သတင်းမှန်သမျှ
မလွတ်တမ်းဖတ်ရင်းနဲ့ သတိထားမိတာ လေးတစ်ခုရှိပါတယ်။ နယ်တစ် နယ်မှာ
စာပေလှုပ်ရှားမှုတစ်ခုလုပ်တဲ့ သတင်းကိုရေးကြရာမှာ ဥက္ကဋ္ဌ ဆရာမောင်ဘယ်သူကသဘာပတိ
လုပ်ပြီး အတွင်းရေးမှူးဆရာ မောင်ဘယ်ဝါက အခမ်းအနားမှူး လုပ်တယ်။
ဆရာမောင်ဖြူ၊ ဆရာမောင်နီ၊ ဆရာမောင်နက်၊ ဆရာမောင်ပြာ၊ ဆရာမောင်ဝါ၊
ဆရာမောင်ညို၊ ဆရာမောင်စိမ်းတို့က စာတမ်းဖတ်ကြ၊ဆွေးနွေးကြတယ်။
ဆရာမောင်ခရမ်းရောင်နဲ့ဆရာမောင် ပန်းရောင်တို့က ကဗျာရွတ်ကြတယ်စတဲ့
အရေးအသားမျိုးတွေ ကိုချည်းတွေ့ရတယ်။ သတင်းတစ်
ပုဒ်အနေနဲ့'လိုတိုရှင်း'မဖြစ်သလို ဆရာဆိုတဲ့ အသုံးအနှုန်းကလည်း
ဖောင်းပွနေသလို ထင်မိတယ်။
ခြေသည်းလှီးတဲ့ဆရာကတော်
ပြောရတာအားနာပါတယ်။ ကိုယ်ကစာဖတ်မနှံ့စပ်တော့ ဖော်ပြထားတဲ့ နာမည်တွေအားလုံးလောက် နီးပါးဟာကိုယ်မကြားဖူးတဲ့နာမည်တွေချည့် ဖြစ်နေတတ်တယ်။
ရှေ့လျောက်ကြိုးစားပြီး စာကိုနှံ့စပ် အောင်ဖတ်မှဖြစ်တော့မယ်လို့
ကိုယ့်ကိုယ်ကိုယ်သတိပေးရတယ်။ တစ်ဆက်တည်းပြောချင်တာလေးတစ်ခု
ကြုံတုန်းပြောလိုက်ပါဦးမယ်။ ကျွန်တော်တို့ မြန်မာလူမျိုးများက
ယဉ်ကျေးလွန်းတာလား၊ နိဝါတတရား ထားလွန်းတာလားတော့ မသိဘူး။ ဆရာအခေါ်
သိပ်ကိုရက်ရောလွန်း တယ်လို့စိတ်ထဲစွဲထင်နေတဲ့ အကြောင်းပါ။ ကားဆရာ၊
ဆိုက်ကားဆရာ၊ ပန်းရံဆရာ၊ လက်သမားဆရာ၊ ဆံပင်ညှပ် ဆရာစသဖြင့် လူတွေ့ တိုင်း
ဆရာခေါ်တာ အကျင့်ကြီး တစ်ခုလို ဖြစ်နေပါပြီ။ ကျွန်တော် တို့ငယ်ငယ်က
မန္တလေးမှာရပ်ကွက် ထဲလှည့်ပြီးခြေသည်းလက်သည်းလှီး၊ နဖာကလော်လုပ်တဲ့
ပုဏ္ဏေးမတွေ ရှိပါတယ်။သူတို့ကိုဘာကြောင့်မှန်း မသိ'ဆရာကတော်'လို့ခေါ်ကြတယ်။
သခင်ခေါ်ရာက ကူးစက်တာလား
အသက်ကြီးလာတော့သူများတွေက ဆရာကတော်၊ ဆရာကတော် နဲ့ခေါ်တာကြားတိုင်း ခြေသည်းလှီးတဲ့ ဆရာကတော်တွေကို မျက်စိထဲမြင်ပြီး ကျိတ်ပြုံးမိတာချည့်ပါပဲ။ လူတွေ့တိုင်း ဆရာခေါ်တဲ့အကျင့်
ဟာ ရှေးပဝေသဏီကတည်းကရှိခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုလား၊ သူ့ကျွန်ဘ၀မှာ
မျက်နှာဖြူတွေကိုသခင်ခေါ်ရာက ကူးစက်သွားတာလား။ ဖက်ဆစ်တွေကို မာစတာခေါ်ရာက
နှုတ်အကျင့်ဖြစ်သွားတာလား သေသေချာချာ လေ့ကျင့်ကြည့်ဖို့တော့ ကောင်းတယ်။ ဆရာ၊
ဆရာနဲ့ ပြောကြရေးကြတာတွေ တွေ့တိုင်းစိတ်ထဲမှာ ဘ၀င်မကျဖြစ်မိတယ်။
ကောင်းတဲ့အကျင့်တစ်ခုတော့ မဟုတ်ဘူးလို့လည်း စိတ်မှာထင်မိတယ်။
သွေးနထင်ရောက်ဖြစ်တတ်တယ်
အချက်နှစ်ချက်ပေါ်မူတည်ပြီး ကောင်းတဲ့အကျင့်မဟုတ်ဘူးလို့ထင်တာပါ။ ပထမအချက်ကတော့ဆရာ၊ ဆရာနဲ့အခေါ်ခံရပါများတော့ အခေါ်ခံရသူဟာ အလိုလိုနေရင်း
သွေးနထင်ရောက်ပြီး မြောက်ကြွမြောက်ကြွဖြစ် သွားတတ်ပါတယ်။ ရုံးတစ်ရုံးကို
ကိစ္စရှိလို့သွားတဲ့အခါတွေ့တဲ့ ပြာတာကိုဖြစ်ဖြစ်၊ စာရေးလေးကိုဖြစ်ဖြစ်၊
မျက်နှာချိုသွေးပြီး ဆရာ၊ ဆရာနဲ့ ဆရာချင်းထပ်အောင်ခေါ်တဲ့ အခါကျတော့ပင်ကို
ရိုးသားတဲ့လူတောင် ဆရာဆိုတဲ့အခေါ်နဲ့လိုက်အောင် အာ ဏာပါဝါပြချင်တဲ့
စိတ်တွေဝင်လာပြီး ဟိန်းတာဟောက်တာတွေ လုပ်တတ်သွားပါတယ်။
ဆေးရုံပေါက်စောင့်တဲ့ ဒရ၀မ်တောင် ခပ်တည်တည်နဲ့ ရင်ကော့ပြီး
တံခါးဝမှာရပ်လိုက်ရင် အလိုလိုရှိန်ပြီး ရိုရိုကျိုးကျိုးနဲ့
တံခါးဖွင့်ပေးလေ့ရှိပါတယ်။ ကြောက်သ လိုလို၊ ရွံ့သလိုလိုနဲ့သူ့ကို
ဆရာခေါ်ပြီး ၀င်ပါရစေလို့ သွားပြောရင်တော့ ''ဒါလူနာတွေ့ချိန်မဟုတ်ဘူး''
ဆိုပြီး မာန်မဲလွှတ်လိုက်မှာ သေချာတယ်။ ထပ်ပြီးမျက်နှာငယ်လေးနဲ့
တောင်းပန်ရင်လည်း ''ဆရာဝန်ကြီးရောင်း လှည့်နေတယ်။ ဘယ်သူမှမ၀င်ရ ဘူး''လို့
ဟောက်ဦးမှာပါပဲ။

လူယဉ်ကျေးဆိုတာ တစ်ဖက်သားကို လူတစ်ယောက်အနေနဲ့ တန်ဖိုးထားလေးစားတတ်ခြင်းကို ခေါ်တာဖြစ်တယ်။ တစ်ဖက်သားရဲ့ အပေါ်ယံ ပကာသန အဆောင်အယောင်တွေကိုကြည့်ပြီး 'ခယ၀ပ်တွား'
ဆက်ဆံတာကို ခေါ်တာမဟုတ်ဘူး။

ကျွန်စိတ်
လူတွေ့တိုင်း ဆရာခေါ်တဲ့ အကျင့်ဖြစ်နေသူနဲ့ပတ်သက်တာက ဒုတိယအချက်ပါ။ ဆေးရုံက ဒရ၀မ် ကိုတောင် ဆရာခေါ်တဲ့အကျင့်ဖြစ် နေသူဟာ ဘယ်သူ့တွေ့တွေ့
ဆရာခေါ်လိုက်မှာပဲ။ ကြာရင်လူတိုင်းဟာ ကြောက်ရမယ့်လူ၊ 'ခယ၀ယ' လုပ်
ရမယ့်လူလို့ချည်း ထင်မှတ်ပြီးအလိုလိုနေရင်း 'သိမ်ငယ်စိတ်' (inferiorty
complex)တွေ ၀င်လာတတ်ပါ တယ်။ သိမ်ငယ်စိတ်ဝင်လာတာနဲ့ တစ်ပြိုင်နက်
ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စတွေပါ အလိုလို ကျဆင်းသွားလေ့ရှိပါတယ်။
ကျွန် စိတ်ဆိုတာ သိမ်ငယ်စိတ်က ပေါက်ဖွားလာတာဖြစ်ပါတယ်။
သခင်
စိတ်နယ်ချဲ့လက်အောက်မှာ ကျွန်သပေါက်ဘ၀နဲ့ သားစဉ်မြေးဆက် နှစ်ပေါင်းရာကျော်နေခဲ့ရလေတော့။ လူတွေမှာ အနည်းနဲ့အများဆိုသလို
ကျွန်စိတ်တွေ ရှိနေကြတယ်။ အဲဒါကြောင့် တို့ဗမာအစည်းအရုံးခေတ်မှာ၊
မြန်မာဆိုတာ ကျွန်လူမျိုး မဟုတ်ဘူး။ ကိုယ့်ထီးကိုယ့်နန်းကိုယ့် ကြငှန်းနဲ့
အဆင့်မြင့်တဲ့ ကိုယ်ပိုင် ယဉ်ကျေးမှုနဲ့နေခဲ့ကြတဲ့
သခင်လူမျိုးဖြစ်တယ်ဆိုတာကို သတိပေးဖို့ အတွက်အဖွဲ့ ၀င်တိုင်းရဲ့နာမည်ရှေ့
မှာ 'သခင်'တပ် ပြီး၊ သခင်နု၊ သခင် အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်
သန်းထွန်းလို့ ခေါ်ခဲ့ကြတာဖြစ် တယ်။ ''မင်းတို့ဆရာကိုလေ စာရင်း တို့ကာသာ
ထားလိုက်ပေတော့''လို့ ဆိုခဲ့တဲ့ဆရာကြီး ဦးလွန်းတောင် တပည့်တွေဆင်နွှဲတဲ့
တိုက်ပွဲတိုင်း ရှေ့က မားမားမတ်မတ်နဲ့ ပါမြဲဖြစ် တဲ့အတိုင်း
''သခင်ကိုယ်တော်မှိုင်း'' ဖြစ်သွားခဲ့ရပါတယ်။
ဇွတ်ရိုက်မသွင်းသင့်
ယဉ်ကျေးတယ်ဆိုတာ အင်မတန်လိုလားအပ်တဲ့အရာဖြစ်တယ်။ လူအတော်များများက အောက်ကျို့တာနှိမ့်ချတာကို ယဉ်ကျေးမှုလို့ထင် မှတ်မှားနေကြပြီး၊
အောက်ကျို့နှိမ့်ချ စိတ်ထားဖို့ သွန်သင်ဆုံးမလေ့ရှိကြ တယ်။
''လူ့အောက်ကျို့လို့မသေ ပါဘူး''ဆိုတဲ့ ဆိုရိုးစကားတောင် ရှိခဲ့ တယ်။
အောက်ကျို့လွန်း နှိမ့်ချလွန်း တဲ့စိတ်ကနေပြီး'ကျွန်စိတ်'ပေါက်ဖွား
လာရတာလို့ ယုံကြည်တဲ့အတွက် သဘောမကျပါဘူး။ ပလွှားဝင့်ဝါ မရှိတာ၊
မောက်မာစော်ကားမရှိတာ အင်မတန်ကောင်းတယ်။ ဒါမျိုးကို
အားပေးရမှာ။ဒီစိတ်ဓာတ်မျိုးမွေးရမှာ။အောက်ကျို့တာနှိမ့်ချတာတော့
အားမပေးသင့်ဘူး။ ကလေးတွေ ခေါင်းထဲ ဇွတ်ရိုက်မသွင်းသင့်ဘူး။
ထိုက်တန်တဲ့လေးစားမှု
လူယဉ်ကျေးဆိုတာ တစ်ဖက်သားကို လူတစ်ယောက်အနေနဲ့ တန်ဖိုးထားလေးစားတတ်ခြင်းကို ခေါ်တာဖြစ်တယ်။တစ်ဖက်သားရဲ့
အပေါ်ယံပကာသနအဆောင်အယောင် တွေကိုကြည့်ပြီး'ခယ၀ပ်တွား'ဆက်ဆံတာကို
ခေါ်တာမဟုတ်ဘူး။ ပြာတာပဲဖြစ်ဖြစ်၊ဆိုက်ကားသမားပဲ ဖြစ်ဖြစ်၊ ယုတ်စွအဆုံး
သူတောင်းစားပဲ ဖြစ်ဖြစ်၊ လူသားအနေနဲ့
ကြည့်မြင်ပြီး၊လူသားအနေနဲ့ထိုက်သင့်တဲ့ အလျောက် လေးစားမှုပေးဆက်ဆံတာဟာ
ယဉ်ကျေးခြင်းဖြစ်တယ်။ ဘယ်သူ့ကိုမဆို အောက်ကျို့နှိမ့်ချပြီး ဆက်ဆံဖို့
မလိုဘူး။ ထိုက်တန်တဲ့ လေးစားမှုပေးဖို့သာလိုတယ်။
ဆင်းရဲရင်မကန်တော့ချင်
မှန်တာပြောရရင်လူအချင်းချင်းလူလို့မြင်ပြီး လေးလေးစားစား တန်ဖိုးထားတာမျိုး တွေ့ရခဲတယ်။ ပိုက်ဆံငွေကြေးလို၊ ရာထူးအာဏာလို၊
အပေါ်ယံပကာသနတွေကို ကြည့်ပြီးဆက်ဆံကြတာပဲ အတွေ့ရများတယ်။
သွေးမတော်သားမစပ်တဲ့ ငွေရှိသူ ဂုဏ်ဒြပ်နဲ့ရာထူး အာဏာရှိသူကို
အခါကြီးရက်ကြီး ရောက်တိုင်း မမေ့မလျော့နှစ်စဉ် ယဉ်ကျေးမှုအရဆိုပြီး
သွားကန့်တော့ တတ်ကြပေမယ့် ငွေမရှိ၊ ရာထူးအာဏာမရှိ ဆင်းရဲမွဲတေတဲ့
ဆွေမျိုးရင်းချာများကိုတော့ ကန် တော့ဖို့
မေ့လျော့နေတတ်ကြတာများတယ်။ယဉ်ကျေးမှုဆိုတာ လူအချင်းချင်းလူလိုမြင်ပြီး
လူလိုလေးစား တန်ဖိုးထားတတ်ခြင်းကိုခေါ်တာ ဖြစ်ပါတယ်။ အဲဒီလိုယဉ်ကျေးမှုထွန်း
ကားစေဖို့ကိုပဲ မျော်လင့်ရပါတယ်။