မောင်ငယ် ၏ Blog မှနွေးထွေးပျူငှာလှိုက်လှဲစွာကြိုဆိုပါ၏ အားလုံး ဒုက္ခခပ်သိမ်း ငြိမ်းအေး အောင်နိုင်ပါစေ...ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းဖြင့် ပြည့်စုံကြပါစေ...

Sunday, January 9, 2011

ယုန်ပုံပြင်

တခါတုန်းက တောအုပ်လေးတခုမှာ ယုန် အသိုင်းအ၀ိုင်းလေး တခုရှိတယ်။ သူတို့တတွေက အေးအေးချမ်းချမ်းလေး နေပြီး တောအုပ်ထဲက တခြားတောကောင်တွေနဲ့လဲ မရောပဲ သီးခြားလေးနေလေ့ရှိတယ်။ ဒါပေမယ့် တောအုပ်ထဲမှာ ဖြစ်ပျက်နေတာတွေကို လုံးဝ မျက်ချေပြတ်နေတာတော့ မဟုတ်ဘူး။ ဟိုးနား၊ ဒီနားတောလည်သွားရင်း ကြားလာရတဲ့ သတင်းတွေကို ယုန်လေးတွေ အချင်းချင်း ပြန်မျှဝေတတ်ကြတယ်။ ယုန်လေးတွေ ပြောနေတာကို နားထောင်ပြီး၊ ယုန် ဖိုးဖိုး၊ ဖွားဖွားကြီးတွေက အကဲဖြတ် သုံးသပ်ချက်တွေ ပေးတတ်ကြတယ်။ ယုန်လေးတွေကလဲ ပညာရှိ ဖိုးဖိုး၊ ဖွားဖွားကြီးတွေရဲ့ စကားလုံးတွေကို တလေးတစားနဲ့ နားထောင်တတ်ကြတယ်။ ဒါပေမယ့် ယုန်လေးတကောင်ကတော့ ဒီလို မဟုတ်ဘူး။ ဖိုးဖိုးတို့ တွေးတာတွေက တကယ့်လက်တွေ့နဲ့ ကိုက်မှာ မဟုတ်ဘူးလို့ အမြဲသံသယ ရှိနေတတ်တယ်။ ပညာရှိများ တွေးကြည့်ရင်၊ ပြေးကြည့်တာထက် မှန်တယ် ဆိုတာကို ယုန်လေးက လုံးဝ လက်မခံဘူး။ ပြေးကြည့်မှ တကယ်သိမှာပေါ့လို့ အမြဲတွေးနေတတ်တယ်။

ဒီလိုနဲ့ တနေ့တော့ ယုန်အသိုင်းအ၀ိုင်းလေးကို စွန့်ခွာပြီး တောနက်ကြီးထဲကို ယုန်ကလေး ထွက်လာခဲ့တယ်။ တောနက်ထဲ ရောက်ပြီး မကြာခင်မှာပဲ တနေရာမှာ တောကောင်တွေ စုဝေးနေတာတွေ့လို့ အပြေးအလွှားသွားကြည့်လိုက်တယ်။ တောကောင်လေးတွေက ကြမ်းပိုးလေး တကောင်ကို လိပ်ပါဆိုပြီး တကောင်က အဆိုတင်သွင်းလိုက်၊ တကောင်က ထောက်ခံလိုက်နဲ့ လုပ်နေကြတယ်။ ဒါနဲ့ ယုန်ကလေးလဲ မနေနိုင်ပဲ သူတို့ထင်နေကြတဲ့ လိပ်ကလေးဟာ ကြမ်းပိုးလေး ဖြစ်ကြောင်း ပြောလိုက်မိတယ်။ မကြာပါဘူး။ သူတို့ကို ၀င်နှောင့်ယှက်တယ်ဆိုပြီး တောကောင်တွေက သွားဖြီးပြီး ၀ိုင်းလိုက်ကြလို့ ယုန်ကလေးခမျာ သုတ်ချေတင်ရပါလေရော။

ပြေးရင်းလွှားရင်းနဲ့ သစ်ပင်တပင်ကို တွေ့တာနဲ့ အမောပြေဆိုပြီး သစ်ပင်ကြီးရဲ့ အရိပ်မှာ ၀င်ခိုလိုက်ရတယ်။ မကြာပါဘူး။ သစ်ပင်ပေါ်က တောကြောတကောင်က ခုန်ဆင်းလာပါလေရော။ ဒီသစ်ပင်က သူပိုင်တဲ့ သစ်ပင်မို့ သစ်ပင်နားကို မကပ်နဲ့လို့ ယုန်ကလေးကို ပြောတယ်။ ယုန်ကလေးက မောလွန်းလို့ ခဏနားပါရစေဆိုတော့ သူ့ကို ရွှေကျားကြီးလို့ ခေါ်ရင် နေခွင့်ပေးမယ် ဆိုပဲ။ တောကြောင်ကြီးကို မြင်ရက်နဲ့ ရွှေကျားကြီးလို့ ခေါ်ဖို့ ဆိုတာကလဲ မလွယ်တာမို့ ယုန်ကလေးလဲ စိတ်ပျက်လက်ပျက်နဲ့ သစ်ပင်အောက်က ထွက်လာခဲ့တော့တယ်။

ဒီလိုနဲ့ မလှမ်းမကမ်းရောက်တော့ တီကောင်လေးတကောင်ကို တွေ့ပြန်ရော။ တီကောင်ကလေးက မြွေအဖွဲ့ဖွဲ့ဖို့ နှိုးဆော်နေတယ်ဆိုပဲ။ ယုန်ကလေးကိုလဲ မြွေအဖွဲ့ရဲ့ အတိုင်ပင်ခံ ယုန်ပညာရှိလေး လုပ်ဖို့ တီကောင်လေးက ကမ်းလှမ်းတယ်။ ယုန်ကလေးလဲ စိတ်ဝင်စားသွားပြီး တီကောင်လေး ခေါ်သွားတဲ့ မြွေအဖွဲ့ဝင်လောင်းတွေဆီကို လိုက်သွားမိတာပေါ့။ ဒါပေမယ့် မကြာပါဘူး။ ယုန်ကလေး စိတ်ပျက်လက်ပျက်နဲ့ ပြန်ထွက်လာခဲ့ရတယ်။ မြွေအဖွဲ့ဖွဲ့ချင်နေတာတွေက မြွေတွေ မဟုတ်ပဲ တီကောင်တွေပဲ ဖြစ်နေတာကိုး။

တီကောင်တွေဆီက ပြန်လာရင်း ယုန်ကလေး စိတ်ညစ်နေရတယ်။ ဘယ်လိုတောကြီးမှန်းလဲ မသိ။ တောကြောင်ကလဲ ရွှေကျားဖြစ်ချင်လိုဖြစ်၊ တီကောင်တွေကလဲ မြွေအဖွဲ့ ဖွဲ့ချင်တယ် ဆိုပါလား။ စိတ်ညစ်ညစ်နဲ့ တောနက်ထဲကနေ ထွက်လာလိုက်တာ စားကျက်မြေနား ရောက်သွားပြန်တယ်။ အဲဒီမှာ သိုးလေးတွေကို တွေ့လိုက်ရတာကြောင့် ယုန်ကလေး ပျော်သွားတယ်။ သိုးလေးတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ ခေါင်းဆောင်တင်မြှောက်ပွဲ ကျင်းပနေကြတယ်။ သိုးလေးတွေရဲ့ ခေါင်းဆောင်ကို ယုန်ကလေးက သေချာလိုက်ကြည့်နေမိတယ်။ ကြည့်နေရင်းနဲ့ လန့်သွားပြီး ထခုန်မိပါလေရော။ ခေါင်းဆောင်ဆိုတာက သိုးရေခြုံထားတဲ့ ၀ံပုလွေကြီးပါလား။ ဒါဆို သိပ်မကြာခင်မှာ ၀ံပုလွေကြီးက သိုးလေးတွေကို စားပစ်တော့မှာပဲ။ သိုးလေးတွေအတွက် စိုးရိမ်ပြီး ယုန်ကလေးက ခုန်ဆွဆွနဲ့ သတိပေးစကားတွေ လှမ်းပြောတယ်။ ဒါပေမယ့် ယုန်ကလေးစကားကို ဘယ်သိုးလေးကမှ နားမထောင်ကြဘူးလေ။ ဒါနဲ့ပဲ စိတ်ပျက်လက်ပျက်နဲ့ တောထဲ ပြန်ဝင်ခဲ့တော့တယ်။

မကြာပါဘူး။ ရေချောင်းလေး တခုနားကို ယုန်ကလေး ရောက်သွားပြန်ရော။ ရေချောင်းလေးမှာ ရွှေသမင်လေးတကောင်က ရေသောက်ဆင်းနေလေရဲ့။ ရွှေသမင်လေးက သိပ်လှတာကြောင့် ယုန်ကလေးလဲ ငေးနေမိတာပေါ့။ အဲဒီအချိန်မှာ ရွှေသမင်လေးနားကို မုဆိုးကြီးတယောက် ရောက်လာတယ်။ မြားကြီးနဲ့လဲ ချိန်ထားလိုက်သေးတယ်။ ယုန်ကလေး လန့်သွားပြီး၊ ရွှေသမင်လေးကို အော်ဟစ်သတိပေးမိတယ်။ မုဆိုးကြီးလာနေပြီလို့။ ရွှေသမင်လေးက ဂရုမစိုက်ဖူး။ ငါ့ရဲ့ အဂါင်္အဆင်းကြောင့် မုဆိုးကြီးက တကယ် သတ်မှာ မဟုတ်ပါဘူး။ ကျီစားတာ နေမှာပါတဲ့။ ကိုယ့်ကိုကိုယ် အဟုတ်ကြီးထင်ပြီး၊ မြားနဲ့ချိန်ထားတဲ့ မုဆိုးကြီးကို အထင်သေးနေတဲ့ ရွှေသမင်လေးကို ကြည့်ရင်း ယုန်ကလေးက သနားနေမိတယ်။ မကြာခင်မှာ မြားတန်းလန်းနဲ့ အသက်ထွက်ရတော့မှာပါလား။ မကြည့်ရက်တာနဲ့ ယုန်ကလေး ပြေးထွက်လာခဲ့တယ်။

ခြေဦးတည့်ရာကို ပြေးထွက်လာတဲ့ ယုန်ကလေးဟာ တောနက်ထဲမှာ တရှူးရှူးတရှားရှား လုပ်နေတဲ့ တောဝက်ကြီးတကောင်နဲ့ သွားတိုးပါလေရော။ တောဝက်ကြီးက ဒေါသတွေ အရမ်းထွက်နေတယ်။ သူ့တောဝက် မိသားစုလေးကို ဖြိုခွဲသွားတဲ့ မုဆိုးကြီးကို လက်စားချေမလိုတဲ့။ ဒေါသနဲ့ တိုက်ပွဲဝင်ရင် ရှုံးတတ်တာကြောင့် ဒေါသတွေကိုလျှော့လို့ ယုန်ကလေးက ဖြောင့်ဖြရတာပေါ့။ ဒါပေမယ့် တောဝက်ကြီးက ယုန်ကလေးပြောတာကို နားမလည်ဘူး။ သူ့ဘက်က လိုက်ပြောတာကိုလဲ ပြောတယ်လို့ မတွေးတတ်ဘူး။ မုဆိုးဘက်ကို ဘက်လိုက်တယ်ဆိုပြီး ယုန်ကလေးကို ပြဿနာရှာပါလေရော။ ဒါနဲ့ ယုန်ကလေးလဲ တောဝက်ကြီးနားက ပြေးထွက်ခဲ့ရပြန်တယ်။

မကြာပါဘူး။ တောကောင်တွေ စုဝေးနေကြတာ တွေ့တော့ မနေနိုင်၊ မထိုင်နိုင်နဲ့ အနားကပ်သွားမိပြန်တယ်။ တောကောင်တွေ စုပြီး တောဘုရင် ရွေးပွဲ လုပ်နေကြတာပါကလား။ လည်ဆံဖွားဖွားနဲ့ ခြသေ့င်္ကြီးက ဟန်ရေးပြနေတယ်။ သူ့ပါးစပ်မှာလဲ တောကောင်တွေကို ကိုက်ဖြတ်ထားတဲ့ သွေးစတွေနဲ့။ တောကောင်လေးတွေလဲ ကြောက်ကြောက်လန့်လန့်နဲ့ သူ့ကိုပဲ တောဘုရင် တင်မြှောက်လိုက်ကြရတယ်။ အဲဒီအချိန်ထိလဲ ခြသေ့င်္ကြီးက ဟိန်းဟောက်နေတုန်းပဲ။ ခြသေ့င်္ကြီးကို ယုန်ကလေးက အရမ်းမုန်းသွားတယ်။ တောကောင်လေးတွေကိုလဲ သနားမိတယ်။ တောကောင်လေးတွေ ခြသေ့င်္ကြီးလက်က လွတ်ဖို့ ခြသေ့င်္ကြီးထက် အကောင်ကြီးတဲ့ ဆင်ကြီးကို သွားခေါ်မှ ဖြစ်မယ်လို့ တွေးလိုက်မိတယ်။

ဒါနဲ့ ဆင်ကြီးကို ရှာဖို့ ယုန်ကလေး ထွက်လာခဲ့တယ်။ ဆင်ကြီးကို တောအနှံ့လိုက်ရှာတာ မတွေ့ဘူး။ လယ်ကွင်းတွေဘက် ထွက်သွားတယ် ဆိုတာနဲ့ အပြေးအလွှား လိုက်ရပါလေရော။ ဒါပေမယ့် ဆင်ကြီးကို လယ်ပြင်မှာ တွေ့ရတော့ ဆင်ကြီးနားကို ယုန်ကလေး မကပ်ရဲတော့ဘူး။ လယ်ပြင်မှာက ဆင်ကြီးတကောင်ထဲမှ မဟုတ်တာပဲ။ ကျားကြီးလဲ ရှိသေးတယ်။ ဆင်ကြီးနဲ့ ကျားကြီးက လယ်ပြင်မှာ တွေ့ပြီး တကောင်နဲ့ တကောင် တိုက်ခိုက်နေကြတယ်။ ဘာလို့ တိုက်နေကြတာလဲလို့ အနီးအနားက တောကောင်လေးတွေကို ယုန်လေးက လိုက်မေးကြည့်တာပေါ့။ ဒါပေမယ့် အဖြေကိုကြားရတော့ ယုန်ကလေး ပက်လက်လန် လဲကျသွားတယ်။ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့နေရတဲ့ အကြောင်းက တောဘုရင်ရွေးပွဲမှာ ခြသေ့င်္ကို ဘယ်သူတိုက်ခိုက်မှာလဲဆိုတာကို ငြင်းခုန်ရင်း တိုက်နေကြတာတဲ့။ တောဘုရင်ရွေးပွဲကတော့ ပြီးသွားပြီ။ ခြသေ့င်္ကြီးကလဲ တောဘုရင် ဖြစ်နေပြီ။ ကျားနဲ့ဆင်က တိုက်လို့ ကောင်းနေကြတုန်း။

ပက်လက်လှန်ပြီး ယုန်ကလေး ငိုကြွေးနေမိတယ်။ တောဘုရင် ရွေးပွဲက ပြီးသွားပြီလို့ တတွတ်တွတ် ရွတ်ရင်းနဲ့ပေါ့။ ဒါပေမယ့် ယုန်ကလေးကို ဘယ်သူကမှလဲ ဂရုမစိုက်ကြပါဘူး။ အနီးအနားက တောကောင်တွေက ကျားကြီးနဲ့ ဆင်ကြီးကို ကြည့်ပြီး ဘယ်သူနိုင်မလဲလို့ ဟောကိန်း ထုတ်နေကြတုန်းပဲ။.............

Thursday, January 6, 2011

နိုင်ငံကြီးသားစိတ် မရှိဘူးတဲ့လား

ခုတလောသတင်းစာတွေ ကောက်ကိုင်လိုက်တဲ့အခါတိုင်း ဝမ်းသာပီတိဖြစ်စရာသတင်းတွေနဲ့ ကြော်ငြာတွေကို အများဆုံးတွေ့နေရတယ်။ အနယ်နယ် အရပ်ရပ် က ဆရာကန်တော့ပွဲသတင်းတွေ ဖြစ်ပါတယ်။ မြန်မာကျောင်းတွေသာမက
နိုင်ငံခြားသာသနာပြုတွေ လာဖွင့်တဲ့ စိန့်ကျောင်းတွေနဲ့
ကွန်ဗင့်ကျောင်းတွေမှာ နေခဲ့ကြတဲ့ ကျောင်းသူကျောင်းသားဟောင်း တွေကပါ
လုပ်ဆောင်လာကြတာ ဝမ်းသာစရာ မြင်တွေ့ရတယ်။



လူရာမဝင်ကြ

သတင်းစာတွေမှာ ဖတ်ရတာ ကို တစ်နေ့တစ်နေ့ ဆယ့်လေးငါးခု လောက်ရှိတယ်။ အထက်တန်း ကျောင်းတွေမှာ လုပ်သလို တက္က သိုလ်တွေမှာလည်း ဘာသာ ရပ် အလိုက်၊
နှစ်အလိုက်လုပ်ကြတယ်။ ကျောင်းဆရာဆိုတာ ဘယ်ခေတ် ဘယ်အခါမှ မချမ်းသာကြသလို၊
လူရာလည်းမဝင်ကြပါဘူး။ အလုပ်တကာ့ အလုပ်ထဲ မှာ တကယ့်ကို ဓားမနောက်ပိတ်ခွေးပါ။
အငြိမ်းစား ယူပြီးတဲ့အခါကျတော့ ပိုဆိုးတော့ တာပေါ့။ ဘယ်သူကမှ အရေးတယူ
မရှိတာ့ပါဘူး။ အဲဒီလို ညှိုးညှိုးငယ် ငယ်နေရချိန်မှာ တပည့်ဟောင်းတွေက
သတိတရနဲ့ ကန်တော့တာကို ခံရခြင်းဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရနိုင်တဲ့
ကြည်နူးပီတိဖြစ်ကြပါတယ်။ တချို့ဆရာကြီး ဆရာမကြီး များဆိုရင်
ကန်တော့ခံရင်းနဲ့ မျက် ရည်တောင်မဆည်နိုင်ရှာကြပါဘူး။



အသက်ရှည်ဆေး

ကန်တော့ခံပစ္စည်းနဲ့ ငွေကြေးဟာ အဓိကမဟုတ်ဘူးဆိုပေမယ့် အသက်ရှစ်ဆယ်၊ ကိုးဆယ်ဆရာ အို၊ ဆရာမအိုကြီးများအဖို့တော့ မြေးတွေမြစ်တွေရှေ့မှာ ဂုဏ် ယူဝင့်
ကြွားစရာကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ဖော်ကိုင်ဖက် ဆရာ ဆရာမတွေနဲ့
တစ်နှစ်တစ်ခါပြန် လည်ဆုံတွေ့ပြီး ရှေးဟောင်းနှောင်း ဖြစ်တွေ စမြုံ့
ပြန်ရတာလည်း ပင် စင်စားအိုကြီးများအတွက်အသက် ရှည်ဆေး တစ်မျိုးပါ။
ကန်တော့ဖို့ လာကြတဲ့ ခေါင်းဖြူဖြူ၊ ထိပ်ပြောင် ပြောင် ကျောင်းသူကျောင်းသား
တွေအဖို့လည်း ငယ်သူငယ်ချင်းတွေနဲ့ ဆုံတွေ့ပြီး မင်းတစ်လုံး ငါတစ်လုံး နဲ့
ပြောရဆိုရနောက်ပြောင်ရတာ ပျော်စရာကောင်းလှပါတယ်။



ပို့စကတ်လေးပို့ရုံပဲ

နိုင်ငံတကာမှာလည်း ‘ကမ္ဘာ့ ဆရာများနေ့’ဆိုပြီး သတ်မှတ်ထား တာရှိပါတယ်။ အဲဒီနေ့ရောက်ရင် ဆရာ ဆရာမတွေဆီ ပို့စကတ်လေး ပို့ကြ၊ ချောကလက်ဘူး လေးပို့ကြ လုပ်ရုံလောက်ပါပဲ။
မြန်မာနိုင်ငံမှာ လိုကျကျနနစုဝေးကန်တော့ကြတာ မျိုးတော့ဘယ်နိုင်ငံမှ
မရှိပါဘူး။ ဒီ လိုဆရာကန်တော့ပွဲမျိုးက ကမ္ဘာမှာ မြန်မာ တစ်ခုတည်းသာ
ရှိတဲ့ပွဲလို့ ဂုဏ်ယူဝင့်ြ<ွကားလိုက်ချင်ပါတယ်။ ဒါဟာ
နိုင်ငံကြီးသားပီသတဲ့ အပြု အမူမဟုတ်ဘူးလားလို့၊ ဝါရှင်တန် လက
ပိုဝိုင်းတယ်လို့ ထင်သူ တွေကို မေးလိုက်ချင်တယ်။ ဒီလူတွေက
မြန်မာလူမျိုးတွေဟာ နိုင်ငံကြီးသား စိတ်ဓာတ်မရှိကြဘူးလို့ ပြောကြ
လွန်းလို့ပါ။



မြန်မာပြည်ကလူအိုတွေကံကောင်း

တစ်ခါက နိုင်ငံခြားသူ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောရင်း သူက လူအိုချင်း အတူတူမြန်မာပြည်မှာ လူအိုဖြစ်ရတာ သိပ်ကံကောင်းတယ်လို့ ပြောပါတယ်။
လူအိုတွေကို သားတွေသမီးတွေက တာဝန်ယူ ပြုစုစောင့်ရှောက်ကြတာတွေကိုသူ
ကထောက်ပြပါတယ်။ သူကိုယ်တိုင်ကတော့ အသက်ရှစ်ဆယ်ကျော် သူ့အမေ ကို လူအိုရုံမှာ
ပို့ထားရတာ သုံးလေးနှစ်ရှိနေပါပြီ။ သူတို့ဆီမှာတော့ ဒီလိုပဲလုပ်ကြရတယ်။
လူတိုင်း အလုပ်ထွက်လုပ်နေကြရ တော့ သက်ကြီးရွယ်အိုတွေကို မ
စောင့်ရှောက်နိုင်ဘူး။ လူအိုရုံမှာနေရ တာသူတို့အတွက်လည်း ကောင်းပါတယ်လို့
သူကပြောပါတယ်။



တရားပါရဲ့လား

စားချိန်တန်စား၊ အိပ်ချိန်တန် အိပ်၊ ဆရာဝန်နဲ့ သူနာပြုဆရာမ တွေက ကျန်းမာရေးစောင့်ရှောက်၊ ဘာမှလိုလေသေးမရှိပေါ့။ ဒါပေမဲ့ သားသမီးမြေးမြစ်တွေရဲ့ အချစ်ခံ ရတာ၊
ကိုယ်ကချစ်ရတာတွေတော့ မရှိဘူး၊မရနိုင်ဘူး။ စားရေး၊နေရေး၊
ကျန်းမာရေးမပူပင်မကြောင့်ကြရရုံနဲ့ လူ့ဘဝဟာ ပြီးပြည့်စုံသွားပြီလား။ ချမ်း
သာပျော်ရွှင်နိုင်ပြီလား။ နှစ် ပေါင်းများစွာ ရုန်းကန်လှုပ်ရှားပြီး
သားသမီးတွေ လူတစ်လုံးသူ တစ် လုံးဖြစ်အောင် ပြုစုပျိုးထောင်ခဲ့ရ တဲ့
မိအိုဖအိုကြီးများ အတွက် ဘဝ ရဲ့ နောက်ဆုံးဆည်းဆာအချိန်မှာ လူအိုရုံမှာပဲ
အဆုံးသတ်ရတယ်ဆို တာ တရားပါရဲ့လား။ ဖြစ်သင့်ပါရဲ့ လား။
နိုင်ငံကြီးသားစိတ်ဓာတ်ဆို တာ ဒါမျိုးလား။



အိုရင်လူအိုရုံပို့

စင်ကာပူနိုင်ငံမှာ လီကွမ်ယု ဝန်ကြီးချုပ်လုပ်နေစဉ်တုန်းက စင်ကာပူသားတွေဟာ ရှေးရိုးစဉ်လာ မိအိုဖအိုတွေကို စောင့်ရှောက်ပြုစုရကောင်းမှန်း မသိကြတော့ ဘူး။
မိဘတွေအသက်ကြီးတာနဲ့ လူအိုရုံပဲပို့ထားချင်ကြတယ်။ ဒီလိုသားသမီးတွေကို
အရေးယူဖို့ ဥပဒေရှိသင့်တယ်လို့ပြောခဲ့ဖူးတာ အမှတ်ရမိတယ်။ တ ကယ် ဥပဒေ
ပြဋ္ဌာန်းဖြစ်သလားဆိုတာတော့ သတိမထားမိဘူး။ တရုတ်လူမျိုးများဟာ
ဘိုးဘွားမိဘတွေကို သိပ်ရိုသေကြ၊ ဦးစားပေးကြတဲ့ အစဉ်အလာ ရှိသူတွေ ဖြစ်
ကြတယ်။ ဒါပေမဲ့ ချမ်းသာကြွယ်ဝတဲ့ စင်ကာပူနိုင်ငံရယ်လို့ ဖြစ်လာတော့
ဘိုးဘွားမိဘတွေကို မစောင့်ရှောက်ချင်ကြတော့ဘူး။ နိုင်ငံကြီးသား
စိတ်ဓာတ်ဆိုတာ ဒါမျိုးလား။



ကျားကျားမီးယပ်

မြန်မာလူမျိုးတွေဟာ မချမ်း သာကြဘူး။ ဖွံ့ဖြိုးတိုးတက်အောင် ရုန်းကန်လှုပ်ရှားနေရဆဲဖြစ်တယ်။ ဒီမိုကရေစီဆိုတာလည်း မထိရ၊ မတွေ့ရသေးဘူး။ ကြိုးစား နေရဆဲ ဖြစ်တယ်။ ဒါပေမဲ့
မိအိုဖအိုကြီးတွေ ကို လူအိုရုံပို့မထားကြပါဘူး။ ဆရာ အိုကြီးတွေကိုလည်း
ပစ်ပယ်မထား ကြပါဘူး။ စိတ်ယဉ်ကျေးမှုထိပ်တန်း အဆင့်မှာရှိပါတယ်။
နိုင်ငံကြီးသား မပီသဘူးလို့ ပြောတဲ့သူတွေဟာ ကျားကျားမီးယပ်ဆိုသလို
ဝါရှင်တန် ကလကမှ ပိုဝိုင်းတယ်လို့ ပြောနေကြဦးမှာပါပဲ။



လူထုစိန်ဝင်း

ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သော လွတ်လပ်ရေး

"လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို ကျွန်တော် ပြောပြဦးမယ်။ လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင် မြေက မပေါက်နိုင်ဘူး ဆိုတာ ခင်ဗျားတို့ကို ကျွန်တော် ရှင်းခဲ့ချင်တယ်။
ဘာဖြစ်လို့လဲ ဆိုရင် ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေး ရတော့မယ် ဆိုလို့ရှိရင် စိတ်ကူးက ဘယ်လို စိတ်ကူးပြသလဲ ဆိုရင် ပဒေသာပင်ကြီး ချက်ချင်း နေ့ချင်းညချင်း ပေါက်လာကြတော့မလို
ခင်ဗျားတို့ ထင်ကြတဲ့ သူတွေ များကြတယ်။
တချို့ကလဲ လွတ်လပ်ရေး ရပြီ ဆိုပြီးတော့ ဘာလုပ်ချင်သလဲ ဆိုတော့ ကျွန်တော် အရင်တစ်ခါတုန်းက တွေ့ခဲ့တယ်။
ဂျပန်ခေတ်တုန်းက ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေး... ဘုရားစူးစေ့ ဗမာ့လွတ်လပ်ရေး ရတုန်းက... အဲဒီတုန်းက ဆိုလို့ရှိရင် လွတ်လပ်ရေး ရပြီဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ
ကျွန်တော်တွေ့ခဲ့တယ်။
ဘာတွေ့သလဲ ဆိုရင် လမ်းမပေါ်မှာ ဆေးလှန်းတယ်။ ဟာ... လွတ်လပ်ရေး ရပြီကွ ဆိုပြီးတော့ လူတကာ သွားတဲ့ လမ်းမပေါ်မှာ ထွက်ပြီး ဆေးတွေ လှန်းကြတယ်။ ဒီတော့ လမ်းသွားလမ်းလာ
လုပ်တဲ့သူတွေ အတော်ခွကျတယ်။ အဲဒါလွတ်လပ်ရေးမဟုတ်ဘူး"
"လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေး ဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့ ဖြစ်စေ၊ တစ်မျိုးလုံး ကောင်းစားဖို့ ဖြစ်စေ လုပ်တဲ့ နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့
အကျိုးကို မထိခိုက်ဘဲ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့
လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးတဲ့"
"ပဒေသာပင် ပေါက်အောင် ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်မှ ဖြစ်မယ် ဆိုတာ ခင်ဗျားတို့ နားလည်စေချင်တယ်။
အဲဒီတော့ လွတ်လပ်ရေးပင် ရသော်ရငြားလည်း လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့ မထမ်းဆောင်ချင်ဘူး ဆိုရင် ခင်ဗျားတို့ ရတဲ့ လွတ်လပ်ရေးဟာ ဒီကနေ့ ရပြီး မနက်ဖြန်ခါ တခြားလက်
ပြန်ပါသွားမှာပဲ"
"စကား ခပ်ရိုင်းရိုင်း ပြောရမယ် ဆိုရင် အတော့်ကို ကြိုးစားနိုင်မှ လုပ်နိုင်မှ... အတော့်ကို ကုန်းနိုင်မှ ရုန်းနိုင်မှ အနှစ် နှစ်ဆယ်လောက် ရှိတဲ့ အခါမှာ တော်ကာကျမယ်။
ဒီတော့ ကျွန်တော်တို့က တကယ်ပဲ သုညက စပြီး အကုန်လုံး ပြန်ပြီးတော့ အုတ်မြစ်ချပြီး အလုပ် လုပ်ရမှာ ဆိုတော့ အခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင် အခြားလွတ်လပ်တဲ့ နိုင်ငံတွေက
ခြေလှမ်း တစ်လှမ်း လှမ်းရင် ကျွန်တော်တို့က ခြေလှမ်း ငါးလှမ်း ဆယ်လှမ်း
လိုက်လှမ်းနိုင်မှ...
အဲဒီကို လိုက်နိုင်တဲ့ အခါကျမှ နောက်ဆယ်နှစ် အနှစ် နှစ်ဆယ်တန်သည် အားဖြင့် အဲလို ညီတူ တန်းတူ ဖြစ်သွားမယ်။ တန်းတူ ညီတူ မဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်တယ် ဆိုပေမယ့်
ဟိုလူမြင်တဲ့ အခါမှာ မျက်နှာချိုသွေးရ၊ ဒီလူမြင်တဲ့အခါမှာ
မျက်နှာချိုသွေးရနဲ့ ဖာသည်လို နိုင်ငံမျိုး ဖြစ်နေမှာပဲ ဆိုတာ
ခင်ဗျားတို့ကို အတိအလင်း နားလည်ထား စေချင်တယ်။