မောင်ငယ် ၏ Blog မှနွေးထွေးပျူငှာလှိုက်လှဲစွာကြိုဆိုပါ၏ အားလုံး ဒုက္ခခပ်သိမ်း ငြိမ်းအေး အောင်နိုင်ပါစေ...ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းဖြင့် ပြည့်စုံကြပါစေ...

Sunday, April 4, 2010

ဆည်းဆာဖြင့်သိမ်းပိုက်ခံရသောနှလုံးသား-၃

အပိုင်း(၂) မှ အဆက်

ကဲအစောနက ပုစ္ဆာပြန်ဆက်မယ်..ဒီပုစ္ဆာက ohm လောကို အခြေခံထားတယ်......
..................
..............................................resistance နဲ့
current ကပြောင်းပြန် အချိုးကျတယ်....ဆရာမဘာသင်နေသည်ကို ဒေါင်းကြီး
ဘာမှ မသိတော့
ဆည်းဆာရယ်မင်းနဲ့ကိုနဲ့က စိုင်းစိုင်းပြောသလို တစ်အချိုးတစ် ဖြစ်မယ်ထင်တယ်...မင်းဆီက ၅၂၈ မေတ္တာကို step up transformer
နဲ့ ၁၅၀၀
ဖြစ်အောင် မြှင့်လိုက်ပါရစေ....ကိုယ့်ရင်ထဲမှာတော့ ဗို့1500အားနဲ့ အချစ်မီးလုံးတွေ ထိန်ထိန်ညီးလို့...
ဒီနေ့ ကျောင်းသူအသစ်ပြောင်းလာ၍ အပျော်ဆုံးလူကတော့ ကျနော်ကျော်သူခေါ်ဒေါင်းကြီး ပင် ဖြစ်တော့သည်။
မှိုရတဲ့မျက်နှကြီးက ဟန်မဆောင်နိုင်အောင် စပ်ဖြီးဖြီးကြီးဖြစ်နေ၏။
သူငယ်ချင်းတွေကတော့ ကျနော်ရဲ့ ကံကောင်းခြင်းကို မနာလိုမျက်စောင်းတွေ တထိုးထိုးဖြစ်နေကြရဲ့..။
ကောင်မလေးရေ နဖူးစာက စာသင်ခန်းထဲထိ လာလည်ပြီထင်ရဲ့..။


ဆန်နီရွှန်းလဲ့ ဆိုတဲ့ ငါ့ရဲ့ ဆည်းဆာမလေးရေ
ယောက်ျားတို့တတ်အပ်တဲ့ ပညာရပ်တွေထဲမှာ
မိန်းမပိုးနည်းအတတ်သာပါခဲ့ရင်
ကျမ်းစာတွေ အထပ်ထပ်ဖတ်လို့
နင့်ကိုချစ်တတ်အောင်
သင်ပေးချင်စမ်းလှရဲ့......

ကဲကိုကိုဒေါင်း ဘယ်လိုလှုပ်ရှားမလဲ..
အင်း.သဲမွန်တို့အဖွဲ့ကို အကူအညီတောင်းရမှာပဲ
မင်းတို့ကလဲ ပစ်မထားကြနဲ့လေကွာ...မင်းတို့ရဲ ဗျူဟာတွေ၊အကြံပေးချက်တွေ အများကြီးလိုတယ်..။
ငါတို့ကပြောစရာမလိုပါဘူး..အဲ အဆင်ပြေရင်တော့ ဘီယာတစ်ဝိုင်းတော့လုပါပေးရမယ်နော်..
ဂူဂဲပြောတာ ထောက်ခံတယ်..ဟီးဟီး..
နီကိုရဲရာ မုန့်ဆီကြော်က ဘယ်မှန်းမသိသေးဘူး..အဆင်ပြေလို့ကတော့ ဘီယာတစ်ဝိုင်းတင် မကဘူး
ထန်းရေတစ်ဝိုင်းပါ မေတ္တာလက်ဆောင် လုပ်ပေးမယ်ဟေ့ ကဲ ကျေနပ်ပြီလား...
အေး..အဲဒါဆို ငတိမတွေထိုင်နေတဲ့ ရွှေယမင်းကို ဒိုးကြမယ်...။
ရွှေယမင်းရောက်တော့ ငတိမတို့လည်းယောက်နေကြပြီ ..သဲမွန်၊အိသွယ်၊ဇာဇာ၊ဇင်ကြီး။ရွှေစင်
ပြီးတော့ဆန်နီရွှန်းလဲ့...။ဟာ....ဇာတ်လိုက်တွေရောက်နေကြပြီလား..ဘာမှာပြီးပြီလဲ
ငါတို့အတွက်လည်းမှာလေဟာ သဲမွန်..အောင်မယ် ကိုဝူးဝါး ကျမတို့က ရှင်တို့အဖွဲ့ကိုလှမ်းမြင်လို့
မမှာသေးဘူး ဒကာတွေစောင့်နေတာလေ..ဟဲ..ဟဲ
သေပြီဆရာရေ..ကြီးပေါဒကာက ဘယ်သူလဲကွ..မပူပါနဲ့ကွာ ဒေါင်းကြီးတစ်ယောက်လုံးပါပါတယ်
ဒီကောင်မနေ့ကမှ အိမ်က ပိုက်ဆံရောက်တာ..
ဟုတ်တယ် ငါကျွေးမယ်ဟာ နင်တို့ကြိုက်တာမှာကြလေ..မဆန်နီရွှန်းလဲ့လည်း မှာလေ...အားနာစရာကြီး
ဆန်နီကိုယ့်ဘာသာကိုပဲ ရှင်းလိုက်ပမယ်...ပြီးတော့ဆန်နီကို ဆန်နီလို့ပဲ ရင်းရင်းနှီးနှီးခေါ်ပါ..
ခင်မင်းခြင်းအထိမ်းအမှတ်ပေါ့ ဆန်နီရယ် နောက်ကျတော့မှ ဆန်နီရှင်းပေါ့.ဟုတ်ပြီလား..
ဆန်နီသဲမွန်တို့ အဖွဲ့နဲ့ပေါင်းရင် သတိထားနော် သူတို့သိပ်စိတ်မမှန်ဘူး..
သေနာလေးဖြူ နင်သာသီချင်းရူး...
ဒါနဲ့အကိုကျော်သူကို မနက်ကကိစ္စထပ်ပြီးတောင်းပန်ပါတယ်..
ဆန်နီမတောင်းပန်လည်း ဒေါင်းကြီးက ခွင့်လွှတ်ပြီးသားပါဗျာ..ဒီကောင်ကြီး
ခန္ဓီပါရမီနဲ့ တကယ်ပြည့်စုံတဲ့ကောင်ကြီး ဟုတ်တယ်မို့လားတေဇ...ဟုတ်ပကိုကြီးပေါရေ
ရပါတယ် ရွှံလေးနဲနဲပေသွားတာကလွဲရင် ဘာမှမဖြစ်ပါဘူး...အဆောင်ပြန်ပြီး ရေဆေးလိုက်ရတာပဲရှိတယ်..
စိတ်မကောင်းဖြစ်မနေပါနဲ့ အမှတ်တရပေါ့ဗျာ.။
ကျနော်တို့အဖွဲ့ ပျော်တတ်တယ် ပြီးတော့ခင်တတ်ပါတယ်။
ဟုတ်တယ် အကိုတို့အဖွဲ့ကိုကြည့်ရတာနဲ့ ပျော်ပျော်နေတတ်ကြမှန်း ဆန်နီအကဲခတ်မိပါတယ်။
သမီးကိုသူငယ်ချင်းသစ်တစ်ယောက်အဖြစ် နွေးနွေးထွေးထွေး ဆင်ဆံတဲ့အတွက်
အကိုတို့ကိုရော အမသဲမွန်တို့အဖွဲ့ကိုပါ သမီး အရမ်းကျေးဇူးတင်ပါတယ်...
ဆက်ရန်
သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment