မောင်ငယ် ၏ Blog မှနွေးထွေးပျူငှာလှိုက်လှဲစွာကြိုဆိုပါ၏ အားလုံး ဒုက္ခခပ်သိမ်း ငြိမ်းအေး အောင်နိုင်ပါစေ...ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းဖြင့် ပြည့်စုံကြပါစေ...

Sunday, April 18, 2010

ဆည်းဆာဖြင့် သိမ်းပိုက်ခံရသော နှလုံးသား ၆

အပိုင်း၅ မှအဆက်

သောက်ကွာ ဒေါင်းကြီး ခံစားချက်တွေကို ဒါနဲ့ကုစားလိုက်ပေါ့..
ချီးယား..အမြန်ဆုံး ပြန်ပြီး အဆင်ပြေပါစေ..
နှစ်ယောက်ထဲဆိုတော့ ၀ိုင်းလေးက ခါတိုင်းလိုတော့ မစည်ဘူးပေါ့..
နှစ်ယာက်သား စကားပြောရင်း ဖြေးဖြေးပဲဆွဲ ဖြစ်သည်။
ငါ့က မင်းကို အဆင်ပြေမယ်ထင်နေတာကွ..
ငါအကဲခတ်ရသလောက် ဆန်နီလည်းမင်းကို သဘောကျနေတယ်လို့ထင်တယ်..တခါတလေ သူမင်းကို
ကြည့်နေတဲ့ မျက်ဝန်းတွေထဲမှာ သံယောဇဉ် အရိပ်တွေ ငါမြင်ရတယ်..
မင်းကပွဲကြမ်းလိုက်တာကိုး....
အေးကွာ ငါလည်းဘယ်လိုဖြစ်သွားမှန်းမသိဘူး...မင်းတော်တော်ပြန်ကြိုးစားရမယ်ထင်တယ်..
သူလည်းတော်တော်ရှက်သွားရှာမှာပေါ့ကွာ..
သူငိုသွားတာမြင်တော့ ငါ့ရင်ထဲမှာ အရမ်းခံစားရတယ်ကွာ..သူကျေနပ်တဲ့ထိ ငါတောင်းပန်မယ်..
ကဲသိပ်ကြီးလည်း ၀မ်းနည်းမနေပါနဲ့ အချိန်တန်တော့ အဆင်ပြေသွားမှာပေါ့..
ကဲချကွာ..
နှစ်ယောက်သား စကားတစ်ပြောပြောနဲ့ တစ်ပြားကုန်သွားသည်.
ဂူဂဲကတော့ ထုံးစံအတိုင်း စကားပေါလာသည်။
တခါတခါ အစမရှိအဆုံးမရှိ သီချင်းထထအော်သေးသည်။
ကျနော်လည်း တော်တော်မူးနေပြီ..
ဒါပေမယ့် မျက်ရည်တွေနဲ့ ချစ်သူမျက်နှာလေးက ခုထိကျနော်မျက်လုံးထဲက ထွက်မသွားသေးပါ..
ဂူဂဲ ထပ်ချဦးမလား
တော်တော့ ဒေါင်းကြီး များရင်မကောင်းဘူး ..
ဒီလောက်ဆိုအတော်ပဲ တော်ကြာအဆောင်မှူးသိသွားလို့ အဆူခံထိနေဦးမယ်...
ကိုမျိုးရေ ရှင်းမယ်ဗျို့..
အေး အေး ငါ့ညီတို့ကောင်းကောင်းပြန်ကြနော်..
အဆောင်ရောက်မှ ထပ်ဆွေးနွေးကြပေါ့ကွာ..ဒေါင်းကြီးလည်း ပေါ့ပေါ့ပါးပါးနေပါငါ့ညီရယ်...
ဒီကောင်က မင်းသားကိုမျိုးရ နုတယ်..ဟား ဟား.
မောင်နုလေ...
သွားပြီကိုမျိုးရေ..
ကောင်းကင်မှာတော့ `လ`ကွေးကလေးက ခတ်ရေးရေးလေးသာနေသည်...ကျောင်းလမ်းမကြီးက
တိတ်ဆိတ် အထီးကျန်ဆန်လွန်းလှရဲ့...ဂစ်တာတီးသွားကြတဲ့ ကျောင်းသားတွေနဲ့ ဘောလုံးပွဲကြည့်တဲ့
ကျောင်းသားအနည်းငယ်ကလွဲရင် အရာရာတိုင်းဟာ အိပ်မောကျနေလေ၏။
ချစ်သူရဲ့အဆောင်ရှေ့ကဖြတ်လျှောက်တော့ သူမလေးအိပ်ပျော်နေမလား...သူမရှိရာအခန်းလေးဖက်ဆီ
လှည့်ကြည့်ဖြစ်သေးသည်..။
အရမ်းဝမ်းနည်းမနေနဲ့လေကွာ ထပ်ထရိုင်းပေါ့..
အချစ်စစ်အချစ်မှန်တို့ရဲ့လမ်းက မဖြောင့်တန်းဘူးဆိုပဲ..အားမလျော့နဲ့ ပေါ့..
ငါမနက်ဖြန်ပဲသူ့ကိုတောင်းပန်ချင်တယ် ငါ့ကိုအတွေ့ခံပါ့မလားတောင် မသိဘူး...
သူအဲလောက်မရိုင်းလောက်ပါဘူး...
အဆောင်ရှေ့ကိုရောက်မှန်းမသိ ရောက်လာကြသည်။
ဂူဂဲကတော့ မူးမူးနဲ့ တခေါခေါ အိပ်ပျော်သွားသည်။
ဟိုဘက်လှိမ့် ဒီဘက်လှိမ့်နဲ့ မျက်လုံးတွေက ဘယ်လိုမှ ကြိုးစားအိပ်လို့မရ...
နေခြည်ဆေးပေါ့လိပ်ကလေးကို မီညှိကာရှိုက်ဖွာလိုက်ပစ်လိုက်တယ်..
ပြီးတော့ စာကြည့်စာပွဲမှာ ထိုင်ရင်း ကဗျာတွေရေးနေမိသည်..
`သမီး ကိုကျော်သူ့ကို အရမ်းမုန်းတာပဲ´သူ့မရဲ့အသံက နားထဲမှာတ၀ဲလည်လည်ပြန်ကြားယောင်နေရသည်။
မီးခိုးက သက်ပြင်းတွေနဲ့အတူ အခန်းထဲမှာလွင့်ဝဲနေလေရဲ့..
`သားရယ် သားနဲ့မတဲ့တဲ့ အဲဒီဆေးလိပ်တွေ အရက်တွေကို မသောက်ပါနဲ့နော်..
မေမေလည်းမကြိုက်ဘူး ဘုရားလည်းမကြိုက်ဘူး ပတ်ဝန်းကျင်ကလည်းမကြိုက်ဘူး..
မေမေကတော့ ငါ့သားလေးရဲ့ ကျန်းမာရေးကြောင့် ပြောရတာပါ..
ငါသားလေးကို သက်တန်းစေ့ နေစေချင်တယ် သားလေးရယ်..´
မေမေရယ်ခွင့်လွှတ်ပါဗျာ ...ခေါင်းကိုမော့ပြီး သက်ပြင်းတွေနဲ့အတူ မီးခိုးငွေ့တွေထပ်ပြီး
မှုတ်ထုတ်ပစ်လိုက်သည်။
ရင်ထဲမှာ မောလျရီဝေနေ၏။
ချစ်သူရယ် ဒီတိုင်းသာ ခံစားနေရရင် ကျနော်မြန်မြန်သေသွားနိုင်ရဲ့...
တညလုံးမျက်လုံးတွေ ကြောင်နေခဲ့သမျှ မိုးလင်းခါနီးကျမှ မှေးခနဲ အိပ်ပျော်သွားရသည်..။

ကပိုကရိုနဲ့
လှုပ်ရှားလိုက်တိုင်း
မျက်နှာတစ်ခြမ်းကို
ဖုံးအုပ်သွားတတ်တဲ့
မင်းရဲ့ဆံနွယ်စလေးတွေကို
ရင်ခုန်တယ်
စကားလုံးပြိုကျလာတော့မလိုလိုနဲ့
ဘာအသံမှ ထွက်ကျမလာတတ်တဲ့
နှုတ်ခမ်းတစ်စုံကလည်း
ရင်ကိုရူးသွပ်စေတယ်
ကောင်မလေးရယ်
ကြင်နာရိပ်တွေ လွှမ်းနေတဲ့
မင်းရဲ့မျက်ဝန်းတွေကြောင့်ပဲ
ငါခုလို
ရပ်တည်နေနိုင်တာပါ
ငါတစိမ့်စိမ့်ကြည့်လို့မ၀ခဲ့တဲ့
မင်းရဲ့ အနွေးထွေးဆုံး အပြုံးလေးကို
ခဏလောက်ပြုံးလိုက်စမ်းပါ
ငါ့မှာအဲဒီအပြုံးလေးတွေနဲ့
ဖြေသိမ့်နေရတယ်

၁၀

လရောင်ရေးရေးလေးက ခန်းဆီးစလေးတွေကို ဖြတ်သန်းပြီး အခန်းထဲကို ဖျော့ဖျော့လေးကျနေလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်လို့..။ရမ္မာဝတီအဆောင်လေးနဲ့အတူ အဆောင်သူတွေလည်း
အားလုံး အိပ်မောကျနေပါပြီ။သို့ပေမယ့် ဆန်နီရွှန်းလဲ့ဆိုတဲ့ ကျမကတော့ ခုထိအိပ်မပျော်နိုင်သေးပါ။
မန္တလေးကို ချစ်ပေမယ့် မန္တလေးမှာသူမအတွက် ပျော်ရွှင်ခြင်းတွေဆိတ်သုန်းခဲ့ရသည်။အဲဒါကြောင့်လဲ ဖေဖေ့ညီမတွေ
ရှိတဲ့မုံရွာကျောင်းကို ပြောင်းဖြစ်ခဲ့သည်။ဒါပေမယ့် လွတ်လတ်မှုကို
သဘောကျတဲ့ ကျမက အန်တီလေးတို့နဲ့မနေချင်ပါ။
အဲဒါကြောင့်လည်း အမျိုးသမီးဆောင်မှာပဲ ငှားနေဖြစ်သည်။အန်တီလေးတွေကတော့
အဆောင်ကိုခဏခဏလာတတ်သည်။
လာတိုင်းလည်း စားစရာတွေ အများကြီးယူယူလာပေးသည်။ဒီအဆောင်လေးမှာ
နေရတာအစစအရာရာ အဆင်ပြေပါသည်။
မန္တလေးကို ချစ်ပေမယ့် မန္တလေးမှာသူမအတွက် ပျော်ရွှင်ခြင်းတွေဆိတ်သုန်းခဲ့ရသည်။အဲဒါကြောင့်လဲ ဖေဖေ့ညီမတွေ
ရှိတဲ့မုံရွာကျောင်းကို ပြောင်းဖြစ်ခဲ့သည်။ဒါပေမယ့် လွတ်လတ်မှုကို
သဘောကျတဲ့ ကျမက အန်တီလေးတို့နဲ့မနေချင်ပါ။
အဲဒါကြောင့်လည်း အမျိုးသမီးဆောင်မှာပဲ ငှားနေဖြစ်သည်။အန်တီလေးတွေကတော့
အဆောင်ကိုခဏခဏလာတတ်သည်။
လာတိုင်းလည်း စားစရာတွေ အများကြီးယူယူလာပေးသည်။ဒီအဆောင်လေးမှာ
နေရတာအစစအရာရာ အဆင်ပြေပါသည်။
တချက်တချက်တိုက်ခတ်လိုက်တော့ လေတွေကအေးစိမ့်နေသည်။ကျမက အေးတဲ့ရာသီဥတုကိုသဘောကျသလို
အရမ်းအအေးကြိုက်သူ ဖြစ်ပါသည်။ဆောင်းရာသီနှင်းတွေကျပြီဆို ကျမအရမ်းပျော်တတ်၏။ကျမအနှစ်သက်ဆုံးကတော့
မနက်စောစော နှင်းမှုန်တွေကြားမှာ ထပြီးပြေးရတဲ့ အရသာပဲဖြစ်သည်။ဘယ်လောက်အေးအေး ဆောင်းရာသီဆိုရင်
ပြူတင်းပေါက်တွေဖွင့်ပြီးမှ အိပ်တတ်တာ အကျင့်တစ်ခုလိုဖြစ်နေသည်။အဲယားကွန်းထက် သဘာဝလေးအေးကို
ပိုပြီးနှစ်ခြိုက်သည်။အဲဒါကြောင့် မေမေ့ရဲ့အဆူခံရတာ ခဏခဏ..။`ဒီကလေးလေးဟာဆိုရင်လေ ဒီလောက်အေးတာကို
ပြူတင်းပေါက်ဖွင့်မအိပ်ပါနဲ့ဆိုတာ ပြောလို့ကိုမရဘူး.။တော်ကြာအအေးမိနေမှ ခက်မယ်.။´မေမေဘယ်လိုပဲပြောပြော
ကျမကတော့ အမြဲတမ်းပဲ ပြူတင်းပေါက်တွေဖွင့်ပြီးမှ အိပ်တတ်ခဲ့သည်။
လသာတဲ့ဆောင်းညတွေမှာဆိုရင် အိမ်ပြူတင်းပေါက်ကနေ ဟိုးအဝေးဆီက ခတ်ရေးရေးလေးမြင်နေရသည့် မန္တလေးတောင်
ကြီးကို နှင်းတွေကြားမှာကြည့်ရတာ အရမ်းသဘောကျ၏။နှင်းတွေတဖွဲဖွဲကျနေတဲ့အောက်မှာ ငြိမ်သက်စွာစီးဆင်းနေတဲ့
ဧရာဝတီမြစ်ကြီးကလည်း ကျမကို ရင်ခုန်စေပါသည်။မန္တလေးဆောင်းညတွေကို လွမ်းလွန်းလှရဲ့..။
ဆောင်းရဲ့မြူခိုးတွေနဲ့ တဖွဲဖွဲကျနေတဲ့ နှင်းစက်တွေကို ငေးကြည့်ရတဲ့ အရသာက ကျမရင်ထဲမှာ ဘာနဲ့မှနှိုင်းလို့မရခဲ့။
ခုလည်းသူမ ဆောင်ပြူတင်းဝကနေ အပြင်ကိုငေးကြည့်နေမိသည်။

ဆက်ရန်
သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment