မောင်ငယ် ၏ Blog မှနွေးထွေးပျူငှာလှိုက်လှဲစွာကြိုဆိုပါ၏ အားလုံး ဒုက္ခခပ်သိမ်း ငြိမ်းအေး အောင်နိုင်ပါစေ...ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းဖြင့် ပြည့်စုံကြပါစေ...

Sunday, April 4, 2010

ဆည်းဆာဖြင့်သိမ်းပိုက်ခံရသောနှလုံးသား-၂

အပိုင်း ၁ မှ အဆက်

လက်ဖက်ဆိုင်ကိုရောက်တော့ ကြီးပေါတို့အဖွဲ့က ရောက်နှင့်နေပြီ..
သူတောင်းစားနှစ်ကောင်..လုပ်စားမယ်ဆိုလည်း နေမြင့်နေပြီ..တောင်းစားမယ်ဆိုရင်တော့
စောသေးတယ်ကွ..ကြီးပေါက
စပြီးကောပါတော့သည်
ချီးထဲမှပဲ မင်းတို့နှစ်ကောင်စောင့်ရတာနဲ့ မော်တာကွန်ထရိုးတစ်ချိန်တောင်လွတ်သွားပြီး မော်တာကွန်မထိုးဘဲ
မင်းတို့ကိုထိုးရလိမ့်မယ်
ကြာကြီးကလည်း ၀င်တွယ်သည်။ ဒီလိုပဲပြောမနာဆိုမနာ
သူငယ်ချင်းတွေမို့
စကားတွေရိုင်းပေ မယ့်ဗွေမယူတတ်ကြ..။
တောင်းပန်ပါတယ်ကွာ ငါတို့ အက်ဆီးဒင့်တစ်ခုဖြစ်နေလို့ နောက်ကျသွားတာပါ...ပြီးတော့ဒီဝိုင်းကို
ငါရှင်းမှာ
ပါ...
ဟေ ....ငါတို့နားကြားများမှားနေသလားကွာ..နောက်တစ်ခေါက်လောက်
ကြာကြီးက ၀မ်းသာလုံးဆို့နေတဲ့ အသံနဲ့ ပြောလေသည်။
ဖိုးကောက်ရေ လန်ဒန်နှစ်ပွဲလောက် ထပ်ချဦးဟေ့...နီကိုရဲက နှုတ်သွက်စွာမှာ၏။
ဝူးဝါးဘယ်သွားလဲ အတန်းသွားတက်ပြီလား...မဟုတ်ဘူး ဒီကောင်ဆရာကော်ပီကူးခိုင်းထားတွေ
သွားကူးနေတယ်..လာတော့မှာပါ..
အေးဒီနေ့ ဒေါင်းကြီးထီပေါက်လာတယ်ကွ..မင်းတို့အ၀သာတီးကြ..
ဂူဂဲရာလျှောက်မဖွစမ်းပါနဲ့ကွာ..
ဒီလောက်သီတင်းဖွချင်တဲ့ကောင် မင်း IT ခန်းသွားတက်ကွာ
ငါတို့ပေးထားတဲ့ ဂူဂဲဆိုတဲ့နာမည်နဲ့
လဲလိုက်ရော ရုပ်ဆိုးသလောက်တော်တော် အကျင့်ပုတ်တဲ့ကောင်
အမှတ်မမီလို့ မင်းတို့လိုတောင်မရောက် မြောက်မရောက် ကောင်တွေနဲ့ EP မေဂျာမှာလာတက်ပြီး
သူငယ်ချင်းလုပ်နေရတာ ငါ့ကိုယ်ငါ
ရင်နာလို့မဆုံးဘူး ဟုတ်တယ်နော် လေးဖြူ
ခွေးသား၊ကြက်မြေး၊၀က်ယောက္ဖ တစ်ယောက်တစ်ပေါက် ၀ိုင်းဆဲကြသဖြင့် ဂူဂဲတစ်ယောက် ဘွဲ့တွေစုံသွားသည်။
အဲဒါဆိုလဲမပြောတော့ဘူးကွာ..ဂူဂဲအနွှာခံနေရသဖြင့် ဒေါင်းကြီး
သဘောကျနေသည်။
အောင်မာ မျက်နှာကိုက ချီးပုံတွေ့တဲ့ ခွေးလို စပ်ဖြီးဖြီးနဲ့ သိပ်ပဲများမနေနဲ့
ဒေါင်းကြီး..မင်းလုပ်တာနဲ့
ဟိုကောင်ပြောမဲ့စကား ရှေ့မရောက်တော့ဘူး ဂူဂဲပြောကွာ ..ကြီးပေါ ၀င်ဟောက်လိုက်၍ ဒေါင်းကြီး ကုတ်သွားသည်..
သို့သော် အမြီးတော့နန့်နေသေးသည်။
ဟေ့ကောင်ဂူဂဲ ညာတော့မညာနဲ့နော်...ဟေ့ကောင်တွေ ဘာတွေ meeting လုပ်နေကြတာလဲ တို့လဲပါမယ်..
ဝူးဝါးက ၀ူးဝူးဝါးဝါးရောက်လာပါသည်။အေးမင်းပါချင်ရင် နော်မှာ အိမ်သာတလုံး
အားနေတယ်...ဟားဟား..တေဇက
ဝင်တွယ်သည်။
အေးပါမင်းလို လောဂရမ်သမ်ကျကွဲတယ်ဆိုပြီး မိဘကိုပိုက်ဆံ လိမ်တောင်းတဲ့ကောင်မှတ်နေလား...
တော်ပြီ တော်ပြီ
..လူကြီးမင်းတွေစုံပြီဆိုတော့ .ကျနော်မောင်ဂူဂဲက..ကဲ လက်ရှောင်
ပေါက်ကောင်ဖွင့်မယ်..
လုပ်ကြတော့ကွာ မင်းတို့သဘောကွာ..ဒေါင်းကြီး ဘာမှမတတ်နိုင်တော့...
ဒီလိုကွ..ငါတို့မနက်က အဆောင်ကနေ ကျောင်းကိုအလာ....
)((**&&&^^^%^&&*)&*&^^%^%(*&^$^%##&^(&(*)(_
.......................။
အဲဒါပဲ ။
ဟား..ဟား ဒေါင်းကြီးရာ ကြောင်ပါ့ကွာ...မင်းတို့ကမသိဘဲနဲ့ ဆော်လေးလန်းတာနဲ့ ဒီကောင်က သူ့အိပမက်ထဲက
ကောင်မလေးလုပ်ပြစ်လိုက်ရောတဲ့ကွာ..
မထူးပါဘူးအိပ်မက်အကြောင်းကိုပါပြောလိုက်ပါတော့ကွာ...
ဒီကောင်က ဘာအိပ်မက်တွေ
မက်ပြနေတာလည်း လုပ်စမ်းပါဦး ..လေးဖြူက စကားဝင်ထောက်သည်။
ဒီကောင်မနက်က အိပ်ယာပေါ်ကပြုတ်ကျတယ်လေ..အဲဒါနဲ့ ဒီကောင်က ရှက်ရမ်းရမ်းပြီး အိပ်မက်မက်တယ်
ပြောတော့တာပဲ ဒီကောင့်အိပ်မက်က
.123456789098754321.....
အဲဒါနဲ့ ဆိုင်ကယ်နဲ့တိုက်တဲ့ကောင်မလေးက
သူ့ရဲ့စည်းဆာဖြစ်ရောတဲ့ကွာ...တော်တော်ပေါတဲ့ကောင်
ဒေါင်းကြီးရာ မင်းအကွက်တွေက ရိုးနေပြီ..EC က မင်းကျော်စကားနဲ့ ပြောရရင်
တို့ကသင်ထားတာတော့ မဟုတ်ဘူး ဒါပေမယ့်
ခံရဖန်များတော့ တစ်ကွက်နှစ်ကွက်တော့ရနေပြီ..ဟား ..ဟား...၀ူးဝါးက ကော်ပီဖိုး ငွေစာရင်းတွေ
ရှင်းနေရင်းက
ဝင်တွယ်လိုက်သည်။
အေးပေါ့ကွာ ကောင်မလေးကချစ်စရာလေးဆိုတော့ ဒီကောင်က အတင်းသူ့အိပ်မက်ထဲကကောင်မလေး
လုပ်တော့တာပေါ့...နီကိုရဲရာ ဒီလိုတော့မပြောပါနဲ့ကွာ
မင်းမယုံရင် ငါ့အိပ်မက်ထဲ လာကြည့်လှည့်ပေါ့
ဒါနဲ့ အဲဒီဆော်လေးက နာမည်ဘယ်သူလဲ ...ဘယ်မေဂျာကလည်း..
သေလိုက်တော့ကွာ ကြီးပေါမေးမှ သတိရတယ် ငါလည်းမမေးလိုက်ရဘူး ဂူဂဲက
သူ့နှဖူးသူလက်ဝါးနဲ့ရိုက်ရင်း
နှမျောတသ ပြောသည်။
မင်းတို့နှစ်ကောင်လေ ညံ့တယ်ပြောရင်လည်းမကြိုက်ဘူး ဘာဖြစ်ဖြစ် အသုံးကို မကျဘူး..
မင်းတို့ပြောလည်းခံရမှာပဲ..ဒေါင်းကြီးကြွေမယ်ဆိုလဲ ကြွေလောက်တယ်..
ကောင်မလေးကတော်တော် မိုက်တယ်ကွ ..ငါလည်းအစကတော့ အရှိန်နဲ့ငေါက်နေတာ
နောက်သူ့ကိုငေးရင်း စုံစမ်းရမယ့်ကိစ္စ မေ့သွားတယ်...ဟဲ..ဟဲ
တဏှာရူးနှာဘူး ဂူဂဲ...
ကဲအဲဒါဆို တို့ရဲ့ စူးစမ်းဖွေရှာ ထူးဆန်းထွေလာ အစီအစဉ်စကြမယ်..
ကဲ မစ်စတာဒေါင်းရေ မင်းရဲ့အိပ်ဖောင်းဖောင်းကြီးထဲကနေ အသပြာတစ်သောင်းသာ ထုတ်ရှင်းပေတော့..



သူငယ်ချင်းတစ်စု ကျောင်းထဲ ကားယားကားယား ၀င်လာခဲ့ကြသည်။ကျောင်းတက်ချိန်မို့ ကျောင်းဝင်းတစ်ခုလုံး
လူရှင်းနေလေသည်။အတန်းကော်ရစ်တာ ရှေ့တွေမှာ
ငန်းချောထနေတဲ့ ငနဲတွေကလွဲရင် အားလုံးအတန်းထဲမှာ
စာသင်နေကြသည်။
ငါတို့မမြင်ဖူးဘုးဆိုတော့ ပထမနှစ်က
ကျောင်းသူအသစ်လေးတွေဖြစ်မယ်...
welcomeတိုင်းမေဂျာစုံအောင်ငန်းထားတာတောင် အဲဒီကောင်မလေးက
ဘယ်နားငါတို့
မျက်စိလျှံပြီး ကျန်ခဲ့တာပါလိမ့်..ပထမနှစ်၊ဒုတိယနှစ်၊ဘီတက် (CIVIL,IT,EC,EP,MP,MT,MC)
အတန်းတွေ အကုန်လိုက်ရှိုးမယ်ကွာ..
ဒီလိုကိစ္စတွေကြတော့ ကြီးပေါကြီးက တက်ကြွသည်။ကောင်အလေးတွေကို ညုရမယ်ဆိုရင်
သူရဲ့ဆင်ခန္ဓာဝက်ကိုယ်လုံးကြီး မျက်နှာမည်းမည်းကြီးကိုမှ အားမနာ အမြင်ကပ်စရာကောင်းလောက်အောင်
ချွဲတတ်လေသည်။
ဒီလိုနဲ့ ဘုရင့်နောင်၊ကျန်စစ်သား၊သလ္လာဝတီ၊ဗိဿနိုး အဆောင်အနှံ့ လိုက်ရှာကြသည်။တစ်ခန်းဝင်တစ်ခန်းထွက်
ငန်းကြောထကြသည်။ကြာတော့ ဆရာတွေဆရာမတွေတောင် မျက်စိနောက်နေပြီ...တခြားမေဂျာက
ဘဲတွေက
လည်းဂြိုဟ်ကြည့် ကြည့်နေကြပြီ..ကြာရင် ကျောင်းအုပ်ကြီး
ရုံးခန်းရောက်မလား၊ရန်ပွဲနွှဲရတော့မလားမသိ...
သို့သော် ဒေါင်းကြီးရဲ့ ဆည်းဆာလည်းမတွေ့
အာရုံဦးကိုလည်းမတွေ့...ကျောင်းအုပ်ဆရာမကြီး၏ စူပုတ်ပုတ်မျက်နှာကြီးကို
မြင်ယောင်လာသည်။
ဝူးဝါးကစိတ်အတိုဆုံးဖြစ်သည် သူငယ်ချင်းတွေသွားလို့သာ တကောက်လိုက်နေရတာ
ခြေတောက်တွေ တောင့်နေပြီ။
ဒေါင်းကြီး၇ာမင်းဆည်းဆာက မတွေ့သေးဘူးလားကွ နောက်တစ်တန်းတောင်ထပ်လွတ်သွားပြီ
installation အချိန်ကွ
အရေးကြီးတယ်..
ဟုတ်တယ်မင်းတို့ နှစ်ကောင်ပေါင်းပြီး ငါတို့ကို ပတ်နေတာလား
နေ့လည်စားပါရှင်းဖို့ပြင်ထားဟေ့ လေးဖြူလည်းစိတ်တိုနေပြီ
ပြန်သွားလို့လားမှမသိတာ ငါတို့က မင်းတို့ လက်ဖက်ရည်ဖိုး အကုန်ခံပြီး
နောက်ပါ့မလား..
လာကွာ အတန်းသွားတက်ကြမယ်
နှစ်ချိန်ကျန်သေးတယ်။ရှစ်ယောက်သားခြေကုန်လက်ပန်းကျပြီး စာသင်ခန်းဘက်ဆီ
ပြန်လှည့်
ခဲ့ကြသည်။အတန်းရှေ့ရောက်တော့ ဆရာမဒေါ်ထွေးပို စာသင်နေသည်။
ကဲ ကိုယ်တော်လေးတို့ ဘယ်သဝေထိုးပြီး ခြေစကြာဖြန့်နေကြသလဲ ပြောမှန်မှန်..။
တီချယ်ကလည်း သားတို့ကိုဆို ငေါက်ဖို့ပဲ..ကိုယ့်တပည့်လေးတွေ
ဘာတွေဖြစ်ခဲ့သလည်း မမေးဖူး
ဆီးပြီးဟောက်တော့တာပဲ။ကြီးပေါက စချွဲပါပြီ။
ကဲဘယ်လို ညာကြဦးမလို့လဲ။မညာပါဘူး တီချယ်ရယ် ဒီကောင်ဒေါင်းကြီး လမ်းမှာ
အက်စီးဒင့် ဖြစ်နေလို့သားတို့နောက်ကျသွား
တာပါ..
အနားကပ်မပြောစမ်းနဲ့ ဥာဏ်ထက် ငါ့ကို တံတွေးတွေစင်ပါဦးမယ်
ဘာအက်စီးဒင့်ဖြစ်တာလဲ လူနာကလည်း လူကောင်းက
အဖေခေါ်လောက်တယ်...
အတန်းထဲကကျောင်းသာတွေက ကျနော်တို့ ဘာတွေဖောက်ကျဦးမာလဲဆိုပြီး
ပြုံးစိစိကြည့်နေကြသည်။
ဒီလိုတီချယ်ရဲ့ ဂူဂယ်ကလည်း ၀င်ရှုင်းကပါသည်။
ဆိုင်ကယ်က တကယ်အတိုက်ခံရတာပါတီချယ် ဒါပေမယ့်ဒေါင်းကြီးက အရှောင်ကောင်းလို့
ဦးကျော်တို့ လက်ဖက်ရည်ဆိုင်နားက
မြောင်းပုတ်ထဲထိုးကြသွားလို့ ဘာဒဏ်ရာမှ မရပါဘူး ..။
ဒါပေမယ့် အတွင်းဒဏ်ရာဆိုတာမျိုးက မြင်ရတာမဟုတ်ဘူးလေ။အဲဒါကြောင့်
ကျနော်တို့က
ဒီကောင့်ကို လက်ဖက်ရည်ဆိုင်ခေါ်ပြီး အတွင်းဒဏရာတွေပျောက်အောင် လက်ဖက်ရည်မန်း
မန်းပေးနေရင်း
ကြာသွားလို့တီချယ်...ဟီး..ဟီး...တခန်းလုံးပွဲကျသွားသည်။
လာစမ်း ဖြိုးဝေ မင်းငါ့ကိုနောက်ရဲတယ်ပေါ့..ဆရာမလည်း ပြုံးချင်တဲ့
မျက်နှာကို မနည်းတင်းထားပုံရသည်။
မနောက်ရဲပါဘူးတီချယ်ရယ် တီချယ်သားတို့ကိုချစ်မှန်း၊ဗွေမယူမှန်းသိလို့
သားတို့ကစတာပါ။
ကျနော်တို့အဖွဲ့ကဒီလိုပဲ အတန်းထဲမှာ အမြဲပေါက်တကရလုပ်ပြီး ရယ်စရာတွေ
ပဲပြောတတ်ကြသည်။
အတန်းအားချိန် ကျနော်တို့ရှိနေလျှင်
တစ်ခန်းလုံးဆူညံနေတတ်သည်။ဘေးခန်းကဆရာမတွေက လာပြီး
တားရတဲ့အထိလေပေါကြသည်။
ကဲတော်ကြတော့ မင်းတို့ကို ဒီနေ့မှ စစ်ကိုင်းကပြောင်းလာတဲ့
ကျောင်းသူအသစ်နဲ့မိတ်ဆက်ပေးမယ်...သမီးဆန်နီရေထပါဦး...
ကောင်မလေးတစ်ယောက်ထရပ်လိုက်သည်။
အားလုံးမျက်လုံးတွေပြူးငုတ်တုတ်တွေမေ့ကုန်ကြ၏။
ဒေါင်းကြီးက လက်ညှိုးကြီးထိုးကာ ထစ်ထစ်ငေါ့ငေါ့နဲ့ ..ဟေ့ကောင်တွေ အဲ..အဲဒါ
ငါပြောတဲ့ဆည်းဆာ..
ဂူဂဲ ဒေါင်းကြီးပြောတာ တကယ်လား..ကြီးပေါက အသာကြိတ်မေးသည်။
တိတ်ကြစမ်း သူကဒီနေ့မှ ပြောင်းလာတာ မင်းတို့ဘာတွေ မဟုတ်သုက္ခလုပ်ကြဦးမလို့လဲ..
သမီးသူတို့ကလည်း ဒီEPဘီတက်စက္ကန်းန် ကပဲ ကဲမင်းတို့လည်းမှတ်ထား သူကဒီနေ့မှ စစ်ကိုင်းက ပြောင်းလာတာ..
နာမည်က ဆန်နီရွှန်းလဲ့တဲ့..လိုအပ်တာရှိရင် ကူညီပေးလိုက်ကြ....မောင်နှမတွေပဲ...
မင်းတို့လည်းကိုယ့်ဘာသာကိုယ် မိတ်ဆက်လိုက်ကြဦး...
ကောင်မလေးကလည်း ဂူဂဲနဲ့ဒေါင်းကြီးကို အံ့သြတကြီးကြည့်နေသည်။
ဟုတ်ကဲ့ ကျနော်နာမည်က ကျော်သူပါ..ဒေါင်းကြီးက ဒေါင်းကြီးပေါ့ကွာ ဘာကျော်သူလဲ ခုမှမင်းသားဖြစ်ချင်နေတယ်..
ကျောင်းသားတွေ ၀ိုင်းရယ်ကြပါတော့သည်။
အဲ ကျနော်ကတော့ အမှန်ဆိုရင် နာမည်မရှိတဲ့ မြို့ပြမှာပဲ ရှင်သန်ချင်တာ ဒါပေမယ့် ကမ္ဘာကြီးမှာ အဲဒီမြို့ပြကို ဘယ်သူမှ
မထူထောင်ကြသေးဘူး..ကျနော်က ဖြိုးဝေခေါ် ဂူဂဲပါ...ဒီမော်ဒန်ကဗျာရူးကတစ်မျိုး မင်းဆွံ့အနားမကြားကျောင်း
သွားနေပေါ့ကွာ
ဘယ်သူမှမင်းကိုနာမည် မခေါ်တော့ဘူး..နီကိုရဲကထတွယ်လိုက်သည်..
ဟီးဟီး..ကျနော်က လင်းထင်ခေါ် နီကိုရဲပါ..အကူအညီလိုရင် ဘာမှအားမနာနဲ့ ...လာပြန်ပြီ ငှက်ဖျားသမား...
ကျနော်ကတော့ မျိုးသက်ခေါ် ကြာကြီးပါ...ဟေ့ကောင်တော်တော့ အကြာကြီး
ပြောမနေနဲ့..ကြီးပေါကြောင့် ကြာကြီးတစ်ယောက်
တို့လို့တန်းလန်းနဲ့ ကြက်ကြီးလည်လိမ်ထားသလိုဖြစ်သွားသည်။
ဟုတ်ကဲ့ ကျနောကတော့ အမွေမရတဲ့ တေဇ..ကျနော်ကိုခင်ရင်တော့ ပိုက်ဆံချီးရတယ်ဗျ..ဒီဖဲသမားက တမှောင့်ကွာ..
ကျနောကတော့ မျိုးထွန်းပါ သူငယ်ချင်းတွေကတော့ လေးဖြူလို့ခေါ်တယ်..ကျနော်ကတော့
မြူးဇစ်တွေအကြောင်းပဲ သိတယ်..
အကိုကတော့ ဥာဏ်ထက်ပါ သူငယ်ချင်းတွေကတော့ အချစ်စနိုးနဲ့ ကြီးပေါတဲ့ လာဘ်လာဘပေါများခြင်း အတိတ်နိမိတ်ပေါ့ ဟဲဟဲ
ရုပ်ကြမ်းကြီးနဲ့ နွဲ့မနေစမ်းနဲ့ကွာ...ငါကတော့နိုင်လင်းခေါ် ၀ူးဝါးတဲ့ မှတ်ထား
စာနားမလည်တာရှိလည်း ပြော..မိတ္တူတွေဘာတွေ
ဆွဲချင်ရင်ပြော ဒါပဲ..ဟာကွာ မင်းဟာက မိတ်ဆက်နေတာလား ရန်ထောင်နေတာလားကွာ...မင်းအသာဝတ်နေပါဒေါင်းကြီးရာ
ထထ မဟောင်စမ်းပါနဲ့..
ကဲကဲတော်ပြီ..အားလုံးမောင်နှမတွေပဲပေါ့ ချစ်ချစ်ခင်ခင်နေကြပေါ့...။မင်းတို့ကလည်း သူငယ်ချင်းအသစ်ကို အစစအရာရာ
ကူညီပေးလိုက်ကြ..ဒီကောင်တွေစတတ်နောက်တတ်ပေမယ့် အားကိုးရတယ်..သမီးလိုအပ်တာရှိရင် သူတို့ကိုပြောနော် ဟုတ်ပြီလား
ဟုတ်ကဲ့ပါတီချယ်...ဒါနဲ့ဟိုနင်းလေတီချယ် သမီးမနက်ကဆိုင်ကယ်နဲ့ တိုက်မိခဲ့တာ ဒီကအကိုကျော်သူနဲ့
ကိုဂူဂဲတို့ကို...ဟိုလေ အကိုကျော်သူကို
သမီးတောင်းပန်ပါတယ် မနက်ကသမီး အရမ်းလန့်သွားလို့ပါ..(ငါ့ကတော့ ဂူဂဲ သူ့ကျတော့ ကျော်သူတဲ့
တော်တော်မျက်နှာလိုက်တဲ့ကောင်မလေး
ဂူဂဲမျက်နှာကြီး အီးမှန်သလို နင်နေပုံကိုကြည့်ပြီး ကြီးပေါတို့က ပြုံးစိစိ..)
ဟာ...ရပါတယ် ညီမရယ် ကျနော်လည်းဘာမှမဖြစ်ပါဘူး..ဒေါင်းကြီးမျက်နှာမှာတော့ ကမ္ဘာခန္ဓီပါရမီရှင်
အပြုံးက တွဲလွဲကြီးချိတ်လို့......
သြော် ဟုတ်လား..မင်းတို့နှစ်ကောင်က ဆိုင်ကယ်တစ်စီးလုံး မမြင်ရအောင်လမ်းသွားရင်း ဘာငန်းကြောထနေကြသလဲ..
ဟာ တီချယ်ကလဲ သားတို့ကိုဆို အပြစ်ပြောဖို့ပဲ သားတို့က အေးအေးဆေးဆေး
လမ်းဘေးကပ်လျောက်တာပါ..ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း
အပြည့်လိုက်နာပြီးသား..။ပလက်ဖောင်းလုပ်ပေးထားရင် ပလက်ဖောင်းပေါ်ကတောင် စတိုင်အပြည့်နဲ့လျှောက်ချင်တာ..
ပလက်ဖောင်းလုပ်ပေးဖို့ ကျောင်းအုပ်ဆရာမကြီးကို ပြောပေးပါလား တီချယ်..ဂူဂဲစကားကြောင့် တစ်ခန်းလုံး
ပွက်လောရိုက်သွားကြသည်။
ဟို တီချယ်သမီးမှားတာပါ...သမီးသူတို့ကိုကြောက်စရာမလိုဘူး
အမှန်အတိုင်းပြော..ဆရာမတစ်ယောက်လုံးရှိတယ်..ဒီကောင်တွေကို
ရိုးကောလ်တွေ မပေးဘဲထားလိုက်မယ်..သမီးမလိမ်ပါဘူး...
သမီးစကားကြောင့် မင်းတို့နှစ်ယောက်ကို ခွင့်လွှတ်လိုက်မယ်..မင်းတို့ပေါက်တကရလုပ်တာ
အရေးမကြီးဘူး ငါ့မှာ တခြားမေဂျာကဆရာဆရာမတွေနဲ့
အမြဲ ပြဿနာတက်ရတယ်...ကောင်းကောင်းမွန်မွန်နေကြ ကြားလား..ကဲစာဆက်သင်မယ်...
ဒေါင်းကြီးရေ ဒီနေ့တော့ တွတ်ပီတို့ ကံမကောင်းဘူး..အသားလွတ်ကြီးဖောင်းဘော
အပေးခံလိုက်ရပါလား..
ဟိုနှစ်ကောင် ဘာတိုးတိုး တိုးတိုးလုပ်နေတာလဲ..သြော်နောက်ဆိုရင်
တီချယ်စကားကိုနားထောင်ရအောင်လို့..ဒေါင်းကြီးကိုပြောနေတာပါ..
မင်းတို့နော်မင်းတို့..ကဲအစောနက ပုစ္ဆာပြန်ဆက်မယ်..ဒီပုစ္ဆာက ohm လောကို အခြေခံထားတယ်......
..................
..............................................resistance နဲ့ current ကပြောင်းပြန် အချိုးကျတယ်....ဆရာမဘာသင်နေသည်ကို ဒေါင်းကြီး
ဘာမှ မသိတော့
ဆည်းဆာရယ်မင်းနဲ့ကိုနဲ့က စိုင်းစိုင်းပြောသလို တစ်အချိုးတစ် ဖြစ်မယ်ထင်တယ်...မင်းဆီက ၅၂၈ မေတ္တာကို step up transformer
နဲ့ ၁၅၀၀
ဖြစ်အောင် မြှင့်လိုက်ပါရစေ....ကိုယ့်ရင်ထဲမှာတော့ ဗို့1500အားနဲ့ အချစ်မီးလုံးတွေ ထိန်ထိန်ညီးလို့...

No comments:

Post a Comment