မောင်ငယ် ၏ Blog မှနွေးထွေးပျူငှာလှိုက်လှဲစွာကြိုဆိုပါ၏ အားလုံး ဒုက္ခခပ်သိမ်း ငြိမ်းအေး အောင်နိုင်ပါစေ...ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းဖြင့် ပြည့်စုံကြပါစေ...

Thursday, September 25, 2014

ငြိမ်သက်သောနေ့ ၃



ဒီနေ့ မနက်စောစောစီးစီးကတည်းကသူမအလာကိုစောင့်ကြည့်နေမိသည်။အတန်းတက်ချိန်တိုင်သည်အောင်
သူမ ရောက်လာသည်ကို မတွေ့ရပေ။အတန်းတက်ချိန်နီး၍ ရဲနိုင်က   ငါသွားတော့မယ်ကွာ  အတန်းတက်နေပြီ


မောင်ငယ်က


ထွန်းအောင်ကိုပြောပေးပါကွာ  roll no ခေါ်ရင် နှင်းစန်နီအတွက် roll call ကို ခြစ်ပေးပါလို.


အေးပါကွာ မင်းလည်းကြာကြာဒီနေရာမှာမနေနဲ့ တော်ကြာနေ ကျောင်းအုပ်ကြီး


ကျောင်းကိုလှည့်ပတ်ကြည့်တဲ့အခါ မိနေအုံးမယ် ဟုရဲနိုင်ကပြောဆို၍ ထွက်သွားသည်။


ထွန်းအောင်သည် ကျွန်တော်တို့အတန်း၏အတန်းခေါင်ဆောင်ဖြစ်ရာ     roll callကို မနက်တိုင်း


သူခေါ်ပြီး roll call ပေးရသည်။  roll callစာအုပ်ကိုလည်းသူတစ်ယောက်ဘဲ သွားယူပြန်ထား လုပ်ရသည်။


ဒီနေ့မနက်သူမ ဘာကြောင့်အတန်းမတက်သနည်း။နေမကောင်း၍လား၊ တစ်ခုခုကြောင့်လား ၊

အတွေးများဖြင့် နှလုံသားကိုဆူပွက်စေသည်။သူမ အဆောင်ရှိရာဘက်သို့ ငေးမျှော်ကြည့်ရင်း

ဘာများဖြစ်နေသလဲ ဟူသော အတွေးကြောင့်လည်း စိတ်ပူပင်သောက ဖြစ်ရကာ နှလုံးသားကို လောင်မြှိက်စေသည်။

ကျွန်တော်၏ခန္ဓာကိုယ်သည် ကျောင်းဝင်းအတွင်း၌ပင်ရှိနေသော်လည်း ကျွန်တော်ရဲ့အတွေးများ အားလုံးသည်

သူမဆီသို့သာရောက်နေသည်။ ကျွန်တော်အတွက် သူမ မရှိသောအချိန်သည် ရင်၌ပူလောင်စေ၍

သူမအတွက် စိုးရိမ်သောက၊ပူပင်မှုကို ဖြစ်စေသည်။ ဖြစ်နိုင်လျှင် ကျောင်းဝင်းအတွင်းမှ ချက်ချင်းထွက်ပြီး

သူမရှိသောနေရာသို့သွား၍ သူမမျက်နှာကို မြင်တွေ့ချင်သည်။သူမရဲ့လိုအပ်ချက်များကို ကူညီပေးချင်မိသည်။

သူမအကြောင်းတွေးရင်း နှင့်ပင် ပထမအချိန်ပြီးသွားပြီးဖြစ်သော ခေါင်းလောင်းသံပေါ်လာမှ
အတန်းချိန်တစ်ချိန်ပြီးသွားပြီ  ဖြစ်ကြောင်းသိလိုက်သည်။

ဒုတိယအချိန် အတက်တွင် စက်ဘီးနှင့်ကျောင်းဘက်သို့လာနေသော သူမပုံရိပ်ကိုမြင်ရသည်။

သူမပုံရိပ်ကို အဝေးမှမြင်ရသည်နှင့် ကျွန်တော်ရင်၌ရှိခဲ့သော ပူလောင်မှုများသည် ချက်ခြင်းပင်ကင်းစင်ပျောက်၍
နှလုံးသားကို ငြိမ်းအေးစေသည်။

ဒီတစ်ကြိမ်တွင် သူမသည် စက်ဘီးကို ရုံးခန်းနှင့်မျက်နှာခြင်းဆိုင်တွင် မထားတော့ဘဲ။သူမ၏ စာသင်စားပွဲမှ
လှမ်းမြင်နိုင်သော ကျွန်တော်တို့အတန်းနှင့်မျက်နှာခြင်းဆိုင်တွင် ထား၍ အတန်းဘက်သို့တက်သွားသည်။

ဇာနည်ကရောက်လာ၍

မောင်ငယ်ရေ ကောင်မလေးကတော့ မနေ့က မင်းသူစက်ဘီးကို စာကတ်လိုက်လို့နဲ့တူတယ်
ဒီနေ့တော့ သူလှမ်းမြင်နိုင်တဲ့နေရာမှာ စက်ဘီးကိုထားတယ်ကွ။

 မောင်ငယ်က
 ဒါဆိုလည်း ငါတို့ဒီနေ့ ဒီလိုလုပ်ရအောင်ကွာ...................အဲဒါဟိုကောင်တွေကိုပြောနှင့်လိုက်
ငါခဏနေရင်လာခဲ့လိုက်မယ်။

အေးအေး OK ဟု ဇာနည်ကပြောပြောဆိုဆိုနှင့်ထွက်သွားသည်။

ရန်အောင်သည် ငယ်စဉ်ကပင် ဗေဒင်ပညာကို စိတ်ဝင်တစား လေ့လာလိုက်စားသူ ဖြစ်ရာ ဂဏန်းဗေဒင်၊မဟာဘုတ်၊ရာသီဗေဒင်၊တာရော့၊ဖဲဗေဒင် စသည့်ဗေဒင်မျိုးစုံကို
ကျေညက်ပိုင်နိုင်သူလည်းဖြစ်သည်။

ဒီနေ့ အတန်းတစ်ချိန်နှင့်တစ်ချိန်  ဆရာအကူးအပြောင်းတွင် ရန်အောင်သည် မြို့ထဲမှဝယ်လာသော
တာရော့ကတ်အသစ်လေးများကို အသုံးပြူ၍ ဗေဒင်ဟောနေသည်။

မိုးမိုးနှင့်ငယ်ငယ်တို့ကလည်း ဗေဒင်မေးကြရာ  မှန်သဖြင့်
ငယ်ငယ်က
နှင်းစန်နီ ဗေဒင်မေးချင်လာခဲ့လေ ကိုရန်အောင် ဟောတာတော်တော်မှန်တယ် ဟုပြောလိုက်သည်။

နှင်းစန်နီက  တော်ပါပြီဟာ ဟုပြောကာ ထိုင်ခုံမှ ကော်ရပ်တာသို့ထွက်၍ စက်ဘီးဘက်သို့ငေးကြည့်နေသည်။

အတန်းထဲမှ ကျောင်းသားကျောင်းသူများသည် ဗေဒင်ဟောရာသို့စိတ်ဝင်တစားဝိုင်းအုံနေကြပြီး

တစ်ယောက်တစ်မျိုးပြောကြရာ အတန်းထဲတွင် ဆူညံနေသည်။
်
အတန်းထဲတွင် လူရှုပ်၍ဆူညံနေခြင်းကြောင့် ကော်ရပ်တာသို့ထွက်သွားခြင်းလည်းဖြစ်နိုင်သည်။

ထိုအချိန်တွင် အောင်အောင်၊ဇာနည်၊ထက်ဖြိုး၊ရဲနိုင်၊ထွန်းအောင်တို့က နှင်းစန်နီတို့ ခုံကို သူများမမြင်အောင်
ဝိုင်းကာရင်း အချက်ပြနေပြီမို့ ကျွန်တော်သည် အသင့် ယူလာသော    ကဗျာကို နှင်းစန်နီ လွယ်အိတ်ထဲသို့
ထည့်၍ ဗေဒင်မေးနေသောလူအုပ်ထဲသို့ မသိမသာ တိုးဝင်လိုက်သည်။

ညနေကျောင်းဆင်းချိန်တွင်

စက်ဘီးနားအရောက်တွင် စက်ဘီးကိုကြည့်၍   နှင်းစန်နီက မိုးမိုးဘက်သို့လှည့်ပြီး

ငါတို့တစ်ချိန်လုံး စက်ဘီးကိုစောင့်ကြည့်နေလို့ ဒီနေ့စက်ဘီးကိုစာမကတ်တော့ဘူးဟုပြောရင်း
စက်ဘီးဖွင့်ရန် လွယ်အိတ်ထဲမှ စက်ဘီးသော့ကို စမ်းလိုက်ရာ စာရွက်တစ်ရွက်တွေ့၍ဖတ်ရာ
သူမကိုသတိရကြောင်းရေးသောကဗျာတစ်ပုဒ်ဖြစ်နေသည်။

နှင်းစန်နီက နောက်ရက်တွေ မပေးနိုင်အောင် ငါတို့ပစ္စည်းတွေကိုသေချာကြည့်ရမယ်ဟုပြောရင်း
စက်ဘီးနှင်း၍ကျောင်းဝင်းအပြင်ဘက်သို့ထွက်သွားကြလေသည်။

သူတို့ရဲ့ပုံရိပ်တွေဝေး၍ ပျောက်ကွယ်သည်အထိ ကျောင်းဆောင်မှန်အမဲများကြားမှ
ငေးကြည့်နေသူ တစ်ဦးကိုမှု သူတို့သိမည်မဟုတ်ပေ။


ဆက်ရန်

မောင်ငယ် (မုံရွာနည်းပညာတက္ကသိုလ်)

Tuesday, September 23, 2014

ငြိမ်သက်သောနေ့ ၂



မနက်ဖြန်တွင် ကဗျာပေးရန်အတွက် စာရွက်ဝယ်ရန် သူငယ်ချင်းများကိုခေါ်ရာ ဒီနေ့မှ တစ်ယောက်တစ်လေမှ မအားသောကြောင့်လိုင်းကားစီးပြီးမြို့ထဲသို့ထွက်လာခဲ့သည်။ လမ်းထိပ်အရောက်တွင် မထင်မှတ်ဘဲ လိုင်းကားပေါ်တက်လာသောသူမကိုတွေ့ရသည်။


နှင်းစန်နီမြို့ထဲသွားမလို့လား။ သူငယ်ချင်းတွေရော   မောင်ငယ်ကစတင်နှုတ်ဆက်လိုက်သည်။


ငယ်ငယ်နဲ့မိုးမိုးတို့ရောပါတယ်ဟိုမှာလေ။       နင်းစန်နီကပြန်ဖြေသည်။


ကားပေါ်တွင်လူများနေသောကြောင့်နေရာကြပ်လျှက်ရှိရာရပ်လိုက်ရသူများအဖို့မူ သက်တောင့်သက်သာမရှိလှပေ။ သူမကိုလည်းကြာရှည်စွာရပ်ပြီးမလိုက်စေလို။ သူမကိုနေရာပေးပြီးကျွန်တော်ဆက်ရပ်လိုက်မည်ဆိုလျှင်အားနာပြီး  သူမလက်ခံလိမ့်မည်မဟုတ်ပေ။ထို့ကြောင့်


နှင်းစန်နီ ကျွန်တော်နေရာမှာလာထိုင်လေ ကျွန်တောင်ရှေ့မှတ်တိုင်မှာဆင်းမှာ


ပြောပြောဆိုဆိုနှင့်သူကိုနေရာပေးပြီးနောက်ကျွန်တော်ဆင်းနေခဲ့လိုက်သည်။


အချစ်ဆိုသည်မှာ ချစ်သူသိသည်ဖြစ်စေ မသိသည်ဖြစ်စေ ဘာမျှမျှော်လင့်ခြင်းစိုးစင်းမရှိ
သူမအတွက်စောင့်ရှောက်ပေးချင်မိသည်။


မနက်အစောကြီးထဲကသူမအလာကိုအပေါ်ထပ်မှစောင့်ကြည့်နေမိသည်။  ၈နာရီထိုးခါနီးတွင် သူမတို့တစ်တွေစက်ဘီးကိုစီနှင့်ဝင်လာကြပြီး ရုံးခန်းနှင့်မျက်နှာခြင်းဆိုင်တွင်စက်ဘီးကိုရပ်လိုက်ပြီး အတန်းဘက်သို့တက်သွားသည်။ ကျွန်တော်လည်းစက်ဘီးရှိရာသို့ ဆင်းသွားလိုက်သည်။ ကျောင်းအုပ်ရုံးရှေ့မလည်မဝယ်နှင့်ပိတ်ရပ်နေသော ထက်ဖြိုး၊ထွံန်းအောင်၊ဇာနည်တို့ကစလုပ်လို့ရကြောင်းအချက်ပြသည်။ ထိုပြင်အခန်းရှေ့ရပ်နေသောရန်အောင်နှင့်အောင်အောင်က လုပ်ဆောင်ရန်အချက်ပြပြီမို့အသင့်ယူလာသောကဗျာကို သော့ကလောက်နားတွင်ကပ်ပြီးမသိမသာထွက်လာခဲ့သည်။ သူမတို့သူငယ်ချင်းတစ်တွေသည်နေလည်စာကိုထမင်းချိုင့်ယူလာပြီး ကျောင်းတွင်စားလေ့ရှိသည်။


ညနေကျောင်းဆင်းချိန်တွင်သူမသော့ကလောက်နားကကဗျာကိုဖတ်ပြီး အဆောင် ကိုပြန်သွားသည်ကိုအတန်းရှေ့ကော်ရပ်တာမှန်အမဲများကြားမှ သူမ မသိအောင်သူမအပြန်ကိုငေးကြည့်နေမိသည်။   ရန်အောင်က ဒီလောက်ကြည့်ရရင်လည်းတော်ပါတော့ကွာ ဆင်းကြပါစို့ကွာနော်။


မောင်ငယ်ကခဏလောက်နေပါအုံးကွာ မြင်ကွင်းထဲကပျောက်သည်ထိ ငါငေးကြည့်နေပါရစေကွာ။ သူမမျက်နှာက ငါအတွက်တော့ဘယ်အချိန်ကြည့်ကြည့်ရှု့လို့မဝနိုင်ဘူးကွာ။ သူမမျက်နှာပေါ်ကဖြစ်ပေါ်လာတဲ့အမူအရာလေးတွေက ငါအသည်းနှလုံးကိုရင်ခုန်စေတယ်။ အချစ်ဆိုတဲ့ရင်ထဲကခံစားမှုကြောင့် သူမမျက်နှာကိုဖတ်မိတဲ့အခါတိုင်းလောကကြီးတစ်ခုလုံးကိုငါမေ့နေတတ်တယ်။


ဒါဆိုလဲသူသိအောင်တော့လုပ်လေ။လျှိုလျှိုဝှက်ဝှက်မလုပ်နဲ့လေကွာ။ ထက်ဖြိုးကအားမရသလိုပြောလိုက်သည်။


ငါခံစားချက်ကိုငါလည်းဘယ်မျိုသိပ်ချင်မလဲကွာ။ငါက ငါချစ်တဲ့သူကိုအရှက်မရစေချင်သလို ဘယ်သောအခါမှငါနဲ့ပါတ်သက်ပြီးမခံစားစေချင်သလို မသိမ်ငယ်စေချင်ဘူး။မောပန်းလွန်းလှတဲ့ဘဝမှာ အချစ်ကိုသူအတွက်ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူး ငါအချစ်တွေကလေပြေလေညင်းလိုဘဲ သူရဲ့ဘဝအမောတွေကို လျော့အောင်လုပ်ပေးချင်တာ


အချစ်ဆိုတာသိသည်ဖြစ်ဖြစ်မသိသည်ဖြစ်ဖြစ်ကိုယ်ချစ်သူဘဝကိုသာယာ စေချင်တာဘဲလေ။


ဆက်ရန်

မောင်ငယ် (မုံရွာနည်းပညာတက္ကသိုလ်)

Wednesday, September 17, 2014

ငြိမ်သက်သောနေ့


တိတ်တိတ်ဆိတ်ဆိတ်ငြိမ်သက်စွာဘဲ အေးအေးဆေးဆေးနေခဲ့မိတယ်။ခံစားချက်ကိုသူမြင်သွားမှာဆိုးလို့။မျိုသိပ်ခြင်းဟာ ချစ်ခြင်းကြောင့် ဖြစ်တည်ဆင်းသက်လာခဲ့သလား။မျိုသိပ်ခြင်းဟာချစ်ခြင်းရဲ့အမှတ်အသားဘဲလား လောကကြီးကိုအော်ဟစ်ခါမေးလိုက်ချင်တယ်။


နံနက်ခင်းအလင်းရောက်သည်နှင့် နေမင်းသည်တဖြည်းဖြည်းနေရောင်လေးများကိုဖြန့်ကျဲနေသည်။မနက်ဆိုလျှင်ကျွန်တော်တို့ သူငယ်ချင်းတစ်စုသည် ကျောင်းနှင့်တည့်တည့်မျက်နှာခြင်းဆိုင်လက်ဘက်ရည်ဆိုင်တွင်တစ်ယောက်အလာတစ်ယောက်စောင့်ရင်း အားလုံးစုံမှကျောင်းထဲဝင်လေ့ရှိသည်။ဆိုင်ထဲတွင် မောင်ငယ်၊ထွန်းအောင်၊ထက်ဖြိုး၊ဇာနည်၊ရဲနိုင်တို့ရောက်နေကြပြီးဖြစ်သည်။အောင်အောင် နှင့်ရန်အောင်တို့သည်အမြဲနောက်ကျမှရာက်လာတတ်ကြပြီးအောင်အောင်နှင့်ရန်အောင် သူကြောင့် ငါကြောင့်နောက်ကျသည်ဟုငြင်းခုံလေ့ရှိသည်။အခု လည်း အောင်အောင်က ရန်အောင်ကွာ သူကိုသူသနေတာမပြီးတော့ဘူး။ ရန်အောင်ကလည်း မင်းကရော ကျောင်းယူပြီးမစီးတဲ့စက်ဘီးကိုရေဆေးနေတယ် ဟုငြင်းခုန်ကြပြန်လေပြီ။

ငါ ကောင်မလေး တစ်ယောက်ကိုချစ်နေမိပြီ
မောင်ငယ်ကသက်ပြင်းချရင်းပြောလိုက်ရာ အားလုံးရဲ့အကြည့်သည် မောင်ငယ် ထံသို့ရောက်ကုန်ကြသည်။

ဘယ်သူကိုချစ်နေတာလဲ ဇာနည် ကစိတ်ဝင်တစား မေးလိုက်သည်။

ငါတို့ သူငယ်ချင်းတွေ ဝိုင်းကူကြမှာပေါ့
ထက်ဖြိုး ကအားမလိုအားမရသံနှင့်ပြောလိုက်သည်။ အတန်ကြာအောင် ပြောမထွက်ဘဲ နေပြီးမှ ငါချစ်မိတာ နှင်းစန်နီ

နှင်းစန်နီ ဆိုတာ ထွန်းအောင် ကအံသြသောအသံ နဲ့ပြောခြင်းဖြစ်သည်။

ငါတို့အတန်းထဲကို ဒီနှစ်မှ ပြောင်းလာတဲ့ သူဌေးသမီးတစ်ယောက် လိုချင်တဲ့ကောင်လေးတွေ ဝိုင်းဝိုင်းလည်နေတဲ့တစ်ယောက်မို့လား ထွန်အောင်စကားကို ရန်အောင်ကဆက်ပြောခြင်းဖြစ်သည်။

ငါအချစ်တွေကသူ့အပေါ်မှာသူ့ရဲ့ဂုဏ်ရှိန် စည်းစိမ်ဥစ္စာဓနတွေကြောင့်မဟုတ်ဘူး၊သူ့ရဲ့အလှကြောင့်လည်းမဟုတ်ဘူး၊ငါရင်ထဲမှာကိုက သူကိုမြတ်မြတ်နိုးနိုးစွဲစွဲလမ်းလမ်းချစ်နေမိတာ။အခုနေသူကိုငါချစ်တာ သူသိသွားရင်လည်းငါကိုသူဘေးမှာဝိုင်းနေတဲ့သူတွေလို သူ့ရဲ့ဂုဏ်ရှိန် စည်းစိမ်ဥစ္စာဓနတွေကြောင့်ချစ်တယ်ထင်သွားမယ်။

တကယ်တမ်းတော့လည်း ငါနဲ့သူနဲ့က မဖြစ်နိုင်ပါဘူး။သူက အဆင့်အတန်းရှိ ပညာတတ် ချမ်းသာတဲ့သူတစ်ယောက်လေ။ငါတို့လိုသာမန်လူတစ်ယောက်ကိုစဉ်းစားပေးဖို့အချိန်တောင်ရှိနိင်မယ်မထင်ပါဘူးကွာ


အဲလောက်လည်းစိတ်ဓါတ်ကိုချမထားပါနဲ့ကွာ ငါတို့အားလုံးလည်းမင်းကိုဝိုင်းဝင်းကူညီပေးကြမယ်။

ငါကိုမင်းတို့ဘယ်လိုဘဲကူညီကူညီသူငါကိုချစ်မလာနိုင်ဘူးဆိုတာငါသိပါတယ်။ငါတို့ကအဆင့်အတန်းတအားကွာဝေးလွန်းပါတယ်။

သူငါအချစ်ကိုတုံ့ပြန်လိမ့်မှာမဟုတ်ဘူးဆိုတာသိပေမယ့်။ငါသူကိုနောက်ဆုံးအနေနဲ့ငါ့သူအတွက်ရေးဖွဲ့ထားတဲ့ကဗျာခုနစ်ပုဒ်ကိုသူမ
မသိအောင်ရက်ဆက်ပေးချင်တယ်ကွာ မင်းတို့ကူညီးပေးနိုင်မလား

တို့အားလုံးကမင်းရဲ့ဆိုးတူကောင်းဖက်သူငယ်ချင်းတွေဘဲ တို့အားလုံးဝိုင်းဝင်းကြိုးစားကြမယ်လေ ရဲနိုင်ကပြောလိုက်သည်။


ထိုသို့ဖြင့်ကျွန်တော်ရဲ့အချစ်များသည်လျှိုဝှက်ခြင်း၊မျိုသိပ်ခြင်းများနှင့်အစပြုခဲ့မိသည်။


ဆက်ရန်
မောင်ငယ် (မုံရွာနည်းပညာတက္ကသိုလ်)

Wednesday, March 26, 2014

ကျွန်တော်နဲ့အချစ်

By Mg Nge
တောက်ပတဲ့ မျက်ဝန်းတစ်စုံက
နှလုံးသားကို လှုပ်ခတ်စေသလား
ညှို့ တတ်တဲ့ မျက်ဝန်းညိုက
နှလုံးသားကို ညှို့ငင်လေသလား
ဆေးမဆိုးတဲ့ ဆံနွယ်ရှည်က
နှလုံးသားကို တုန်လှုပ်စေသလား
လှပတဲ့ အပြုံးတစ်ချက်က
နှလုံးသားကို စုံမက်စေသလား
ပြောတတ်တဲ့ နှုတ်ခမ်းပါးက
နှလုံးသားကို လှိုက်မောစေသလား
ရိုးသားတဲ့ စိတ်သဘောထားက
နှလုံးသားကို နွေးထွေးစေသလား
ယဉ်ကျေးတဲ့ သူဟန်သွင်က
နှလုံးသားကို ရင်ခုန်စေသလား
ထိုသို့အချက်တွေ ဖြစ်စေကာမူ
နှလုံးသားရဲ့ ကမ္ဗည်းထက်၌
အကြောင်းပြချက်မရှိ အမြဲချစ်၏။
နက်မှောင်ကေသာ ဆံနွယ်ရှည်နဲ့
ရွန်းလဲ့တောက်ပ ညိုမျက်ဝန်းရယ်
အဆုံးမဲ့တဲ့ အပြုံးတစ်ချက်နဲ့
ရိုးသားစိတ်ထား ယဉ်ကျေးမှုကြောင့်
ချစ်သည်မဟုတ်…
နှလုံးသားထက် ခံစားချက်က
ချစ်၍အစဉ် ဖြစ်ပေါ်တတ်၏။

မောင်ငယ်(မုံရွာနည်းပညာတက္ကသိုလ်)
Like ·  · 

Saturday, December 28, 2013

မေ့မရသောတက္ကသိုလ်နေ့ညများ(အပိုင်း ၂)


အတွေးများနှင့်ကျောင်းသားရေးရာခန်း ခန်းစီးစကိုဖယ် ရှားပြီးဝင် လိုက် ရာ အတွင်းမှထွက်လာသူတစ်ယောက်နှင့်တိုက်မိတော့သည်။ 
ရတ်တရက် တိုက်မိသော အရှိန်ကြောင့် ထိုကျောင်းသားလက်ထဲမှ စာရွက်များ
 ကြမ်းပြင်ပေါ်သို့ကျကုန်လေသည်။က္ဈန်တော်လည်း ရုတ်တရက် ကဗျာကယာနဲ့
စာရွက်တွေလိုက်ကောက်ပေးရင်း...
 sorryပဲနော် အကို တောင်းပန်ပါတယ် 
ကျွန်တော်လဲ အ တွေးနဲ့ဝင် လာမိလို့ပါ 
လို့တောင်းပန်လိုက်သည်။
ထိုသူက ဖော်ရွေသောမျက်နှာဖြင့် တစ်ချက်ငဲ့ကြည့်၍
 တောင်းပန်းစရာမလိုပါဘူးကွာ တစ်ကယ်ဆို
ငါလည်းသတိမထားမိတာပါပါတယ်ကွာ။
 ဒါနဲ့မင်းကကျောင်းသားသစ်လား
 ငါနာမည်က မင်းမင်း လို့ခေါ်တယ်။
 ငါက ရင် ခုန် သံစဉ် အ ဆောင် မှာနေတာ ecမေဂျာ က လေ။ 
ဟုသူကိုယ်သူစတင်မိတ်ဆက်လိုက်သည်။
ကျွန်တော်ကလည်းပြန်လည်းမိတ်ဆက်လိုက်သည်။
ကျွန်တော်နာမည်က မောင် ငယ် epက 
တိုက်တိုက်ဆိုင် ဆိုင် ဗျာ
ကျွန်တော်လည်းဒီနေ့မနက်ဘဲအဲဒီ အ ဆောင် ကို ပြောင်းလာခဲ့တာ။
 ကျွန်တော် တို့အပြန်ကျရင် အတူတူပြန်ကြရအောင် ဗျာဆိုပြီးသူငယ်ချင်းဖြစ်သွားတော့သည်။ အတန်းပြီးချိန်ရောက်တော့မင်းမင်းကလှေကားအောက်ကစောင့်နေသည်။
ကျွန်တော်တို့အဆောင်သည်မိုးညင်းဘုရားဘက်တွင် ရှိသောကြောင့်ကျောင်းနှင့်အနည်းငယ်လှမ်းသောကြောင့် နည်းနည်းလမ်းလျှောက် ရသည်။ကျွန်တော်တို့လမ်းလျှောက်လာစဉ် နောက်မှ ကျောင်းသူနှစ်ယောက်သည်စက်ဘီးကိုယ်စီနှင့်ကျော်တက်ရင်း ရတ်တရက် စက်ဘီးကိုရပ်လိုက်သည်။
မင်းမင်းက 
ကောင်းမလေးတွေ စက်ဘီးဘာဖြစ်တာလည်း မသိဘူးကွ သွားကူညီရအောင် 
ကျွန်တော်လည်း မင်းမင်းနေဦးလို့ ပြောချိန်ပင်မရလိုက်..            
မင်းမင်းကကောင်မလေးတွေရှေ့ရောက်နေလေပြီ။ ကောင်းမလေးတွေနဲ့စကားပြောပြီးနောက်မင်းမင်းပြန်ရောက်လာသည်။ မင်းမင်း စက်ဘီးမပြင်လိုက်ဘူးလား။ 
ကျွန်တော်ကမင်းမင်းမျက်နှာကိုကြည့်ပြီးပြောလိုက်သည်။ 
မင်းမင်းက ရှက်သည်မျက်နှာနှင့်  စက်ဘီးပျက်တာမဟုတ်ပါဘူးကွာ... 
ကျွန်တော်က 
 ဒါဆိုဘာဖြစ်လို့စက်ဘီးရပ်လိုက်တာတဲ့လဲ...
 မင်းမင်းက ရှက်သည့်မျက်နှာနှင့်
 စက်ဘီးပျက်တာမဟုတ်ပါဘူးကွာ...လမ်းဟိုဘက်က တွန်းလည်းထီထိုးဖို့ စက်ဘီးရပ်လိုက်တာတဲ့......
သူစကားကြောင့်.....
နှစ်ယောက်သားရယ်ရင်း  မြေနီလမ်းလေးအတိုင်းလမ်းလျှောက်ရင်းအဆောင်သို့ပြန်ခဲ့လေသည်။


                                                                    မောင်ငယ်(မုံရွာနည်းပညာတက္ကသိုလ်)

မေ့မရသောတက္ကသိုလ်နေ့ညများ(အပိုင်း ၁)


၁။
ကားပေါ်မှဆင်းဆင်းခြင်းမုဒ်ဦးတွင်ဆင်နှစ်ကောင်ဖြင့်သပ်ပါယ်စရာကောင်းသောထူးခြားလှသည့်စေတီတစ်ဆူကိုစမြင်ရသည်။
မုဒ်ဦးတွင်"သမ္မဗုဒ္ဓေစေတီတော်ကြီး"ဟုရေးထားသည့်ကိုတွေ့ရသည်။
လိုင်းကားပေါ်မှဆင်းဆင်းခြင်းပင်စေတီ၏မုဒ်ဦးအတွင်းဘက်သို့ကွေ့မ၀င်ဘဲသစ်ပင်ကြီးများအုပ်မိုးလျှက်အ၇ိပ်၇သော
မြေညီလမ်းကလေးအတိုင်းလျှောက်လာလိုက်သည်။ဒီနေ့သည်ကျွန်တော်ရင်ထဲတွင်တလှပ်လှပ်နှင့်ပျော်ရွင်နေမိသည်။
အဘယ်ကြောင့်ဆိုသော်ကျွန်တော်နည်းပညာတက္ကသိုလ်ကျောင်းသို့စတင်၍ကျောင်းအပ်ရန်လာရောက်ရသောနေ့ဖြစ်သည်။
ကျွန်တော်ငယ်ငယ်ကတည်းကအင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်ခဲ့မိသည်။(၁၀)တန်းတွင်ဖေဖေ၊မေမေ၊တို့၏
အနီးကပ်ဂရုစိုက်မှုများ၊ကြပ်မတ်ပေးခဲ့မှုများကြောင့်ကျွန်တော်(၁၀)တန်းကိုဂုဏ်ထူးများနှင့်အောင်မြင်ခဲ့သည်။
ကျွန်တော်ဖြစ်ချင်သောအင်ဂျင်နီယာတစ်ယောက်ဖြစ်ခွင့်ရရန်ကံကောင်းသည်လားပြောရမည။်
ထိုအချိန်ကကျွန်တော်တို့နယ်တွင်ကျွန်တော်တစ်ယောက်သာနည်းပညာကျောင်းသို့အမှတ်မှီသောကြောင့်တက်ခွင့်ရခဲ့သည်။
အလာတွင်ဖေဖေ၊မေမေ တို့၏အတန်တန်မှာနေသောစကားများကိုကြားယောင်နေမိသည်။
"သားမြို့ကိုရောက်ရင် အစစအရာရာ သတိထားနော်။အသွားအလာ၊အနေအထိုင်၊အပြောအဆို၊အစားအသောက်ဆင်ဆင်ခြင်ခြင်နေနော်"
"မေမေတို့ကသားကိုဒီမှာဘဲရှိစေချင်တာ မေမေတို့စိတ်ထဲမှာသားကအမြဲကလေးလေးတစ်ယောက်လိုဘဲ
ဒါပေမယ့်လေသားကိုဖေဖေတို့ မေမေတို့ လိုပင်ပင်ပန်းပန်း မလုပ်စေချင်ဘူး ပညာတတ်တစ်ယောက်အနေနဲ့
ဂုဏ်ရှိပြီအများလေးစားရတဲ့လူတော်လူကောင်းဖြစ်စေချင်လို့သာလွှတ်ရတာ"
ကားပေါ်ရောက်သည်ထိမှာနေကြဆဲဖြစ်သည်။
ကျွန်တော်ချစ်သောငယ်သူငယ်ချင်းများ၊ဖေဖေ၊မေမေ၊ညီအစ်ကိုမောင်နှမများ။ကျွန်တော့်ချစ်သောကျွန်တော့်နယ်လေးနှင့်
့ခွဲရသောအခါစိတ်ထဲတွင်ဟာတာတာတော့ဖြစ်မိသည။်ကျွန်တော့်နယ်လေးကိုကျွန်တော်ချစ်သည်ခေတ်မှီသော အကောင်းစားများ မရှိသော်လည်းမြတ်နိုးသည်။ကျွန်တော်ရည်းမှန်းချက်ကြောင့်သာ ကျွန်တော်ထွက်ခဲ့ရသည်။တကယ်တမ်းမထွက်ခွါချင်ပါ။


အတွေးများနှင့်မြေညီလမ်းလေးအတိုင်းလျှောက်လာခဲ့ရာကျွန်တော်တို့နည်းပညာတက္ကသိုလ်အဆောက်အဦးကြီးကိုပင်လှမ်းမြင်နေရပြီဖြစ်သည်။မုံရွာတွင်ရှိသောဦးလေးကကျောင်းလိုက်အပ်ပေးမည်
ပြောသည်။ဖြစ်ချင်တော့ဒီနေ့မှဦးလေးကအလုပ်များ၍မလိုက်နိုင်၊ကျွန်တော်ကလည်းတက္ကသိုလ်စတက်ရမည်ဖြစ်သောကြောင့်
တက်ကြွနေသောကြောင့်မစောင့်နိုင်ဘဲတစ်ယောက်တည်းထွက်လာခဲ့သည်။
မတတ်နိုင်ပါးစပ်ပါရွာရောက်သည် စကားပုံတောင်ရှိသည် အင်း....ကျောင်းအပ်ရန်ကျောင်းသားရေရာဌာနကိုမေးရပေအုံးမည်။
ကံကောင်းလှသည်။ထိုစဉ်အသားညိုညို ဆံပင်တိုတိုထောင်ထောင် မျက်ခုံထူထူ နှင့်လူတစ်ယောက် သုတ်သုတ် နှင့်လမ်းအတိုင်းကျွန်တော်ဘက်သို့လျှောက်လာသည်။ကျွန်တော်အနားယောက်ခါနီးတွင်
"အစ်ကိုကျွန်တော် ကျောင်းသားရေးရာဌာနကိုသိချင်လို့ ဘယ်လိုသွားရမလဲမသိဘူးကျွန်တော်ကကျောင်းသားသစ်မို့မသိလို့"
"ငါညီကကျောင်းသားသစ်လားအစ်ကိုလဲညီလေးကိုဒီကျောင်းမှာတွေးဖူးဖူးလို့တွေးနေတာ"
ရယ်ကျဲကျဲနှင့်နှုတ်ဆက်သည်။
ထိုသူကမျက်နှာတစ်ချက်ပြုံးလိုက်ပြီး။
"ငါညီကလည်းကွာကျောင်းသားရေရာဌာနကသွားဖို့လွယ်လွယ်လေး EASY GOING ဟဲဟဲ ကိုပြမယ် ဟိုမှာမြင်နေရတဲ့ ကျောင်းဆောင်ကြီးမရောက်ခင်တိုက်ပုလေးတစ်ထပ်တိုက်လေးခုတော့ဖွင့်လောက်သေးဘူး ငါညီရစောနေသေးတယ်။ နံနက်စာအေးဆေးစားပြီးမှသွား ok "
"အစ်ကိုလည်းအရေးကြီးလို့လစ်လိုက်အုံးမယ်သွားပြီနောက်မှတွေ့ကြမယ်"
သူညွှန်ပြသောတိုက်ပုလေးမှာကျောင်းဆောင်ကြီးမရောက်ခင်ဘေးဘက်အလယ်တွင်ရှိသည်။တဖြေးဖြေးအတွေးများနှင့်
လျှောက်လာရာထိုတိုက်ပုလေးရှေ့သို့ရောက်လာသည်။မဖွင့်သေးသောကြောင့်အရှေ့အလံတိုင်အုတ်ခုံးလေးနဖေးတွင်ထိုင်စောင့်နေလိုက်သည်။
ကျောင်းတက်ရန်လာနေကြပြီဖြစ်သောကျောင်းသားကျောင်းသူများဖြတ်သွားသည်ကိုငေးကြည့်နေရင်းစောင့်နေလိုက်သည်။
တချို့မှာTတံကလေးများဖြင့်လက်ထဲတွင်ကိုင်ဆောင်လာသည်ကိုတွေ့ရသည်။ကျွန်တော်ကျောင်းစမရောက်ခင်ကပင်Tတံကိုင်
ထားသောကျောင်းသားကျောင်းသူကျောင်းတက်လာကြသည်ကိုမြင်ရင်အမြဲအားကျနေမိခဲ့သည်။
ကျောင်းသားကျောင်းသူများတဖြေးဖြေးနည်းသွားပြီးကျောင်းတံခါးပိတ်သွားပြီဖြစ်သည်။
ထိုစဉ်ကျွန်တော်အတွေးကိုဖြတ်စေသည်စကားသံအနောက်မှပေါ်လာသည်။
"ကောင်လေးကျောင်းမတက်ဘဲဒီမှာဘာလာလုပ်နေလဲ"
ဆရာတစ်ယောက်၏အသံဖြစ်သည်။
ကျွန်တော်လှည့်ကြည့်လိုက်သည်။
"ဆရာကျွန်တော်ကျောင်သားသစ်ပါဆရာ ကျောင်းအပ်မလို့ကျောင်းသာရေးရာဌာနမဖွင့်သေးလို့စောင့်နေတာ"
"
"ဖွင့်နေပါပြီကွယ့်"
"မဖွင့်သေးဘူးကျောင်းသားရေးရာက"ဟုဆိုကာတိုက်ပုလေးကိုညွှန်ပြလိုက်သည်။
"မင်းတော့တခြားကျောင်းသားတစ်ယောက်နောက်တာခံလိုက်ရပြီကွယ့်
ကျောင်းသားရေးရာကကျောင်းဆောင်ကြီး ပထမထပ် ဘယ်ဘက်ကွေ့ကွေ့ခြင်းအခန်းဘဲကွယ့်
ကဲကဲမြန်မြန်သွားအပ်လိုက်"
"ဟုတ်ကဲ့ဆရာကျေးဇူးပါဘဲ"
ထိုသို့ပြောရင်း ကျွန်တော်ခတ်သုတ်သုတ်ပင်ထွက်လာလိုက်သည်။
ကျွန်တော်စိတ်ထဲတွင်ကျွန်တော်ကိုလမ်းညွှန်လိုက်သောသူ၏မျက်နှာကိုမြင်ယောင်ရင်း
နောက်တစ်ကြိမ်တွေ့ရင်သိမယ်ဟုစိတ်ထဲတွင်ကြုံးဝါးနေမိသည်။

ဆက်ရန်

မောင်ငယ်(မုံရွာနည်းပညာတက္ကသိုလ်)

လေပြေ

သူမ နှုတ်ဖျား
 ဖွင့်ဟမပြောလဲ
 ရင်ထဲပြောနေ 
စကားတွေကို
 နှလုံးသားနှင့်
 နားထောင်မိတိုင်း
 အမြဲကြား၏

သူမမျက်နှာ
အမူအရာတွင်
ခံစားရမှု
မပေါ်လွင်လည်း
ရင်ထဲဖြစ်နေ
ခံစားမှုတွေ
နှလုံးသားနှင့်ကြည့်
အမြဲသိ၏

 သူမပုံရိပ်
 အပြင်၌် မတွေ့လဲ
နှလုံးသားနှင့်ကြည့်မြင်
 ရင်၌်တည်၏

 သူမနဲ့အဝေး
နေရာလေးတွေ
ရောက်နေသည့်တိုင်              
နှလုံးသားကိုကြည့်
 (အမြဲ…)ရင်ထဲရှိ၏

 မောင်ငယ် (မုံရွာနည်းပညာတက္ကသိုလ်)