မောင်ငယ် ၏ Blog မှနွေးထွေးပျူငှာလှိုက်လှဲစွာကြိုဆိုပါ၏ အားလုံး ဒုက္ခခပ်သိမ်း ငြိမ်းအေး အောင်နိုင်ပါစေ...ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းဖြင့် ပြည့်စုံကြပါစေ...

Tuesday, September 23, 2014

ငြိမ်သက်သောနေ့ ၂



မနက်ဖြန်တွင် ကဗျာပေးရန်အတွက် စာရွက်ဝယ်ရန် သူငယ်ချင်းများကိုခေါ်ရာ ဒီနေ့မှ တစ်ယောက်တစ်လေမှ မအားသောကြောင့်လိုင်းကားစီးပြီးမြို့ထဲသို့ထွက်လာခဲ့သည်။ လမ်းထိပ်အရောက်တွင် မထင်မှတ်ဘဲ လိုင်းကားပေါ်တက်လာသောသူမကိုတွေ့ရသည်။


နှင်းစန်နီမြို့ထဲသွားမလို့လား။ သူငယ်ချင်းတွေရော   မောင်ငယ်ကစတင်နှုတ်ဆက်လိုက်သည်။


ငယ်ငယ်နဲ့မိုးမိုးတို့ရောပါတယ်ဟိုမှာလေ။       နင်းစန်နီကပြန်ဖြေသည်။


ကားပေါ်တွင်လူများနေသောကြောင့်နေရာကြပ်လျှက်ရှိရာရပ်လိုက်ရသူများအဖို့မူ သက်တောင့်သက်သာမရှိလှပေ။ သူမကိုလည်းကြာရှည်စွာရပ်ပြီးမလိုက်စေလို။ သူမကိုနေရာပေးပြီးကျွန်တော်ဆက်ရပ်လိုက်မည်ဆိုလျှင်အားနာပြီး  သူမလက်ခံလိမ့်မည်မဟုတ်ပေ။ထို့ကြောင့်


နှင်းစန်နီ ကျွန်တော်နေရာမှာလာထိုင်လေ ကျွန်တောင်ရှေ့မှတ်တိုင်မှာဆင်းမှာ


ပြောပြောဆိုဆိုနှင့်သူကိုနေရာပေးပြီးနောက်ကျွန်တော်ဆင်းနေခဲ့လိုက်သည်။


အချစ်ဆိုသည်မှာ ချစ်သူသိသည်ဖြစ်စေ မသိသည်ဖြစ်စေ ဘာမျှမျှော်လင့်ခြင်းစိုးစင်းမရှိ
သူမအတွက်စောင့်ရှောက်ပေးချင်မိသည်။


မနက်အစောကြီးထဲကသူမအလာကိုအပေါ်ထပ်မှစောင့်ကြည့်နေမိသည်။  ၈နာရီထိုးခါနီးတွင် သူမတို့တစ်တွေစက်ဘီးကိုစီနှင့်ဝင်လာကြပြီး ရုံးခန်းနှင့်မျက်နှာခြင်းဆိုင်တွင်စက်ဘီးကိုရပ်လိုက်ပြီး အတန်းဘက်သို့တက်သွားသည်။ ကျွန်တော်လည်းစက်ဘီးရှိရာသို့ ဆင်းသွားလိုက်သည်။ ကျောင်းအုပ်ရုံးရှေ့မလည်မဝယ်နှင့်ပိတ်ရပ်နေသော ထက်ဖြိုး၊ထွံန်းအောင်၊ဇာနည်တို့ကစလုပ်လို့ရကြောင်းအချက်ပြသည်။ ထိုပြင်အခန်းရှေ့ရပ်နေသောရန်အောင်နှင့်အောင်အောင်က လုပ်ဆောင်ရန်အချက်ပြပြီမို့အသင့်ယူလာသောကဗျာကို သော့ကလောက်နားတွင်ကပ်ပြီးမသိမသာထွက်လာခဲ့သည်။ သူမတို့သူငယ်ချင်းတစ်တွေသည်နေလည်စာကိုထမင်းချိုင့်ယူလာပြီး ကျောင်းတွင်စားလေ့ရှိသည်။


ညနေကျောင်းဆင်းချိန်တွင်သူမသော့ကလောက်နားကကဗျာကိုဖတ်ပြီး အဆောင် ကိုပြန်သွားသည်ကိုအတန်းရှေ့ကော်ရပ်တာမှန်အမဲများကြားမှ သူမ မသိအောင်သူမအပြန်ကိုငေးကြည့်နေမိသည်။   ရန်အောင်က ဒီလောက်ကြည့်ရရင်လည်းတော်ပါတော့ကွာ ဆင်းကြပါစို့ကွာနော်။


မောင်ငယ်ကခဏလောက်နေပါအုံးကွာ မြင်ကွင်းထဲကပျောက်သည်ထိ ငါငေးကြည့်နေပါရစေကွာ။ သူမမျက်နှာက ငါအတွက်တော့ဘယ်အချိန်ကြည့်ကြည့်ရှု့လို့မဝနိုင်ဘူးကွာ။ သူမမျက်နှာပေါ်ကဖြစ်ပေါ်လာတဲ့အမူအရာလေးတွေက ငါအသည်းနှလုံးကိုရင်ခုန်စေတယ်။ အချစ်ဆိုတဲ့ရင်ထဲကခံစားမှုကြောင့် သူမမျက်နှာကိုဖတ်မိတဲ့အခါတိုင်းလောကကြီးတစ်ခုလုံးကိုငါမေ့နေတတ်တယ်။


ဒါဆိုလဲသူသိအောင်တော့လုပ်လေ။လျှိုလျှိုဝှက်ဝှက်မလုပ်နဲ့လေကွာ။ ထက်ဖြိုးကအားမရသလိုပြောလိုက်သည်။


ငါခံစားချက်ကိုငါလည်းဘယ်မျိုသိပ်ချင်မလဲကွာ။ငါက ငါချစ်တဲ့သူကိုအရှက်မရစေချင်သလို ဘယ်သောအခါမှငါနဲ့ပါတ်သက်ပြီးမခံစားစေချင်သလို မသိမ်ငယ်စေချင်ဘူး။မောပန်းလွန်းလှတဲ့ဘဝမှာ အချစ်ကိုသူအတွက်ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူး ငါအချစ်တွေကလေပြေလေညင်းလိုဘဲ သူရဲ့ဘဝအမောတွေကို လျော့အောင်လုပ်ပေးချင်တာ


အချစ်ဆိုတာသိသည်ဖြစ်ဖြစ်မသိသည်ဖြစ်ဖြစ်ကိုယ်ချစ်သူဘဝကိုသာယာ စေချင်တာဘဲလေ။


ဆက်ရန်

မောင်ငယ် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment