မောင်ငယ် ၏ Blog မှနွေးထွေးပျူငှာလှိုက်လှဲစွာကြိုဆိုပါ၏ အားလုံး ဒုက္ခခပ်သိမ်း ငြိမ်းအေး အောင်နိုင်ပါစေ...ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းဖြင့် ပြည့်စုံကြပါစေ...

Wednesday, February 3, 2010

မိမိကိုယ်မိမိ မြှင့်တင်ရေး အမြဲပြုလုပ်ရန် အရေးကြီး


အယ်ဒီတာ့စကား
      မိမိကိုယ်မိမိ မြှင့်တင်ရေး အမြဲပြုလုပ်ရန် အတွက်ဆိုလျှင် အစဉ်အမြဲ သင်ယူလေ့လာမှုပြုလုပ် နေခြင်းသည် အကောင်းဆုံးနှင့်အသင့်လျော်ဆုံးနည်း လမ်းပင် ဖြစ်ပေမည်။
      လူဟူသည် မည်သည့်အတတ်ပညာ၊ အသိ ပညာကိုမှ တတ်သိလျက် မွေးဖွားလာခြင်းမဟုတ် ပေ။ လူ့လောကနယ်ပယ်တွင် ရှင်သန်နေထိုင်နိုင်ဖို့၊ တစ်နည်းအားဖြင့် လူတစ်လုံး သူတစ်လုံးဖြစ်နိုင်ဖို့ လိုအပ်သော အတတ်ပညာ၊ အသိပညာတို့ကို ငယ် စဉ်အရွယ်ကတည်းကပင် သင်ယူခဲ့ရသည်။ လူတိုင်း သည် လေ့လာသင်ယူမှုနှင့်မကင်းနိုင်၊ တစ်နည်း မဟုတ်တစ်နည်းအားဖြင့် သင်ယူနေကြရသည်။ လေ့ လာသင်ယူမှုရှိသူသာ အောင်မြင်သူတစ်ယောက်ဖြစ် နိုင်သည်။ လေ့လာသင်ယူမှုမရှိဘဲ အောင်မြင်သူတစ် ယောက်ဖြစ်လာနိုင်သည်ဟု ခံယူသူတစ်ယောက် သည် မည်သို့မျှ တိုးတက်ကြီးပွားမှုရှိနိုင်မည်မဟုတ် ပေ။ လေ့လာသင်ယူမှုဟုဆိုရာ၌ တက္ကသိုလ်၊ ကျောင်း၊ သင်တန်းများ တက်ရောက်၍ အတန်း ပညာ၊ ကျောင်းပညာဆည်းပူးခြင်းတစ်ခုတည်းကို ဆိုလိုသည်မဟုတ်။ တက္ကသိုလ်၊ ကျောင်း၊ သင်တန်း များမတက်သော်ငြားလည်း အခြား မိမိအတွက်လေ့ လာသင်ယူနိုင်စရာ နည်းလမ်းများမှတစ်ဆင့် ဆည်း ပူးခြင်းလည်းပါဝင်ပါသည်။ ထို့အတူ ယနေ့ခေတ် အခြေအနေတွင် လေ့လာသင်ယူမှုပြုရမည့်အသက် အရွယ် အပိုင်းအခြားမှာလည်း ‘ငယ်စဉ်အခါ ပညာ ရှာ’ ဟူသော ဆိုရိုးပါ လမ်းညွှန်ချက်မျှနှင့်လုံလောက် နိုင်မည်မဟုတ်တော့ပေ။ ငယ်ရွယ်သည့်အချိန်တွင် လည်း ငယ်ရွယ်သည့်အသက်အရွယ်အလျောက် သိ သင့်သိထိုက်သည်များကို လေ့လာသင်ယူပြီး အသက်အရွယ်ကြီးရင့်လာသည့်အခါတွင်လည်း ကြီး ရင့်လာသည့်အသက်အရွယ်အလျောက် လုပ်ကိုင် အသက်မွေးဝမ်းကျောင်းပြုရသောအလုပ်၊ စွန့်ဦးတီ ထွင်လုပ်ကိုင်ရမည့်အလုပ်တို့အလျောက် သိသင့်သိ ထိုက်သော အခြေခံအသိပညာ ဗဟုသုတများကို သင်ယူလေ့လာနေရမည်သာဖြစ်ပါသည်။ သင်ယူ လေ့လာခြင်းအမှုသည် မည်သည့်အချိန်တွင် ပြီးစီး ပြီဟူ၍ သတ်မှတ်၍မရနိုင်ပါ။ သင်ယူလေ့လာမှုရပ်စဲ လိုက်သည်နှင့်တစ်ပြိုက်နက် အခြားသူများထက် တစ်လှမ်းနောက်ကျလျှောက်ရပြီဟု မှတ်ရပေမည်။
သို့ဖြစ်၍ ယနေ့လူငယ်၊ လူလတ်၊ လူကြီး အရွယ်သုံးပါးစလုံးသည် သင်ယူလေ့လာမှုကို ငယ် စဉ်ကပြုလုပ်ခဲ့ပြီးဖြစ်၍ ပြည့်စုံပြီဟု မှတ်ယူမထားဘဲ အတွေးအခေါ်အသစ်၊ အယူအဆသစ်၊ ပြဿနာ ဖြေရှင်းသည့်နည်းလမ်းအသစ်များကို မိမိတို့နှင့် အဆင်ပြေမည့်နည်းလမ်းအမျိုးမျိုးတို့မှတစ်ဆင့် သင် ယူလေ့လာမှုများကို ပြုလုပ်နေကြရန် အရေးကြီးပါ ကြောင်း တိုက်တွန်းအပ်ပါသည်။

အခွင့်အလမ်းဂျာနယ်
အမှတ်စဉ် ၁၄၆ (ဇူ လိုင် လ ၂၉၇က်၊ ၂၀၀၈)

No comments:

Post a Comment